HomeEntertainmentFilmWB ရဲ့ DC ပရောဂျက်တစ်ခုမှာ ပါဝင်လာဦးမယ့် Jensen Ackles

WB ရဲ့ DC ပရောဂျက်တစ်ခုမှာ ပါဝင်လာဦးမယ့် Jensen Ackles

Jensen Ackles ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာပဲ WB ရဲ့ DC ပရောဂျက်တစ်ခုမှာ ပါဝင်လာဦးမယ်လို့ ပြောပြလိုက်ပါတယ်။

သို့ပေမယ့်လည်း အဆိုပါ ပရောဂျက်ဟာ ရုပ်ရှင်ကားလား၊ ဇာတ်လမ်းတွဲလား ဆိုတာကိုတော့ မသိရသေးပါဘူး။ Jensen Ackles ကတော့ Supernatural ဇာတ်လမ်းတွဲထဲမှာ Dean Winchester အနေနဲ့ ပါဝင်ခဲ့ပြီး အဲ့ဒီဇာတ်ကောင်နဲ့ပဲ နာမည်ကျော်ကြား အောင်မြင်လာသူ ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာမယ့် The Boys Season 3 ထဲမှာလည်း သူဟာ Soldier Boy ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

Jensen ကတော့ DC ရဲ့ ပရောဂျက်တွေထဲမှာ အရင်ကလည်း ပါဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ Smallville Season 4 ထဲမှာ Jason Teague အနေနဲ့ ပါဝင်ခဲ့ဖူးသလို Batman: Under the Red Hood Animation ထဲမှာလည်း Jason Todd နေရာမှာ အသံသရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါတင်မကသေးဘဲ နောက်ဆုံးထွက်ရှိထားတဲ့ Batman: The Long Halloween ထဲမှာလည်း Batman နေရာက အသံသရုပ်ဆောင်ထားပါသေးတယ်။

Inside of You with Michael Rosenbaum Podcast မှာတော့ Jensen ကို Marvel နဲ့ DC ထဲက ဘယ်ပရောဂျက်မှာ ပါဝင်ချင်လည်းလို့ မေးမြန်းခဲ့ပါတယ်။ Jensen ကတော့ အခုလိုပဲ ဖြေကြားထားပါတယ်။

“လောလောဆယ်မှာ‌တော့ Warner Bros. နဲ့အတူ ဖန်တီးနေတဲ့ DC ပရောဂျက်တစ်ခုတော့ ရှိတယ်ဗျ။ ကျွန်တော်နဲ့အတူ အလုပ်တွဲလုပ်နေတဲ့ တခြားပါတနာတွေလည်း ပါတာပေါ့။ ဒါပေမယ့်လည်း ဒီအကြောင်းတွေ အများကြီး ပြောပြပြီး ဒီပရောဂျက်ကို ကံဆိုးသွားအောင်တော့ မလုပ်ချင်ပါဘူး … “

photo via screenrant

လက်ရှိမှာတော့ Jensen ဟာ Supernatural ဇာတ်လမ်းတွဲရဲ့ Prequel ဖြစ်တဲ့ Winchester ဇာတ်လမ်းတွဲကို ဖန်တီးနေပါတယ်။ ဒီဇာတ်လမ်းကတော့ Sam နဲ့ Dean တို့ရဲ့ မိဘတွေ ဖြစ်တဲ့ John နဲ့ Mary တို့ရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပြီး CW ကပဲ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Jensen ဟာ ယခုအင်တာဗျူးထဲမှာ ဘာပရောဂျက်လည်းဆိုတာ သေသေချာချာ မပြောပြထားပေမယ့်လည်း ခန့်မှန်းကြည့်ရမယ်ဆိုရင်တော့ မကြာသေးခင်က ကြေညာထားတဲ့ Gotham Knights ဇာတ်လမ်းတွဲထဲမှာ ပါဝင်နေတာ ဖြစ်နိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular