HomeCelebs Update NewsInternationalအက်ဆီးဒင့်ကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ Jeremy Renner

အက်ဆီးဒင့်ကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ Jeremy Renner

Marvel သရုပ်ဆောင် Jeremy Renner ဟာ နှစ်သစ်ကူးနေ့မှာ ထူထပ်စွာကျဆင်းနေတဲ့ နှင်းတွေကို ရှင်းလင်းစဉ် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဆိုပါဒဏ်ရာကြောင့်ပဲ အရေးပေါ်ခွဲစိတ်ကုသမှုပါ ခံယူခဲ့ရတာလို့ သိရပါတယ်။

Jeremy Renner ရဲ့ နေအိမ်တည်ရှိရာ နီဗားဒါးပြည်နယ်၊ Reno မှာတော့ နှစ်သစ်ကူးအကြိုညက စတင်ပြီး နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ကာ နှင်းတွေ ထူထပ်စွာ ကျဆင်းခဲ့ပါတယ်။ ဒါကြောင့်လည်း မင်းသားဟာ နှင်းရှင်းတဲ့ယာဉ်နဲ့ နေအိမ်အနီးတဝိုက်က နှင်းထုကို ရှင်းလင်းစဉ်မှာ မတော်တဆဖြစ်ကာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

Photo: jeremyrenner/ Instagram

နောက်ဆက်တွဲသတင်းအရ Jeremy ဟာ ထိခိုက်မိတဲ့အရှိန်ကြောင့် ရင်ခေါင်းပိုင်းမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ခွဲစိတ်မှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ ယခုလက်ရှိမှာတော့ ခွဲစိတ်မှု ပြီးစီးသွားပြီ ဖြစ်ပြီး အထူးကြပ်မတ်ကုသဆောင် (ICU)ထဲမှာ ဆက်လက်ကုသမှု ခံယူနေရပါတယ်။ သူ့ရဲ့အခြေအနေကတော့ လက်ရှိမှာ စိုးရိမ်ရတဲ့ အခြေအနေကနေ ကျော်လွန်ပြီး တည်ငြိမ်တဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။

အသက်(၅၁)နှစ်အရွယ် Jeremy Renner ကိုတော့ မတော်တဆ ထိခိုက်မှု ဖြစ်ပြီးပြီးချင်းမှာပဲ ဒေသခံရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရဟတ်ယာဉ်နဲ့ တင်ဆောင်ကာ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ Jeremy ရဲ့မိသားစုဟာ သူ့ဘေးမှာ အနီးကပ်ပြုစုစောင့်ရှောက်နေပြီး ဆေးရုံက တာဝန်ရှိဝန်ထမ်းတွေကလည်း အစွမ်းကုန် ကုသမှုပေးနေကြတယ်လို့ ဆိုပါတယ်။

Photo: jeremyrenner/ Instagram

Jeremy ရဲ့ မိသားစုကတော့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့ Jeremy ကို တာဝန်ရှိ လုံခြုံရေးအရာရှိတွေနဲ့ ဆေးဝန်ထမ်းတွေက အစွမ်းကုန် ကူညီစောင့်ရှောက်ပေးခဲ့တဲ့အပေါ် ကျေးဇူးတင်ကြောင်း ပြောထားပြီး ပရိသတ်တွေရဲ့ စိုးရိမ်ချစ်ခင်စွာ ဝန်းရံပေးမှုကိုလည်း ကျေးဇူးတင်ရှိတယ်လို့ ပြောထားပါတယ်။

ဒီမတော်တဆမှုမှာတော့ Jeremy တစ်ယောက်တည်း ပါဝင်ခဲ့တာဖြစ်ပြီး ဘယ်လိုကြောင့် အခုလိုထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်ဆိုတာကို ဒေသခံလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular