HomeCelebs Update NewsInternationalHawkeye ဇာတ်လမ်းတွဲအတွက် လေ့ကျင့်ရေးတွေ စတင်နေပြီဖြစ်တဲ့ Jeremy Renner

Hawkeye ဇာတ်လမ်းတွဲအတွက် လေ့ကျင့်ရေးတွေ စတင်နေပြီဖြစ်တဲ့ Jeremy Renner

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney+ မှာ ထုတ်လွှင့်ပြသသွားမယ့် Hawkeye ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖို့အတွက် Jeremy Renner ဟာ လေ့ကျင့်ရေးတွေ စတင်နေပြီလို့ သိရပါတယ်။ Hawkeye ဟာ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ Thor ဇာတ်လမ်းထဲမှာ စတင်ပြီးတော့ MCU ထဲကို ဝင်ရောက်လာခဲ့ကာ Avengers ရဲ့ ပထမဆုံး ခြောက်ယောက်အဖွဲ့ထဲမှာ ပါဝင်ခဲ့ပါတယ်။ Infinity War ကလွဲရင် တစ်ခြား Avengers ဇာတ်လမ်းတွေ အကုန်လုံးမှာလည်း ပါဝင်ခဲ့ဖူးပါသေးတယ်။

photo via jeremy renner/instagram

Avengers ရဲ့ ပထမဆုံး အဖွဲ့ဝင်ခြောက်ယောက်ကတော့ Captain America ၊ Iron Man ၊ Thor ၊ Hulk ၊ Black Widow နဲ့ Hawkeye တို့ဖြစ်ပြီး အဲ့ဒီအဖွဲ့ဝင်တွေ အကုန်လုံးထဲမှာ Hawkeye တစ်ယောက်ပဲ ဆိုလိုရုပ်ရှင် မထွက်ရသေးတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ အခုချိန်မှာတော့ Hawkeye ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွဲတစ်ခုကို Disney+ ကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို ထွက်လာမယ်လို့ အတည်ပြုခဲ့တာကတော့ ၂၀၁၉ခုနှစ်က ကျင်းပခဲ့တဲ့ Comic-Con ပွဲမှာပဲ ဖြစ်ပါတယ်။ အစတုန်းကတော့ ဒီဇာတ်လမ်းတွဲကို ဇူလိုင်လမှာ စတင်ရိုက်ကူးသွားမယ်လို့ ကြေညာခဲ့ပေမယ့်လည်း ကိုဗစ်ရောဂါပိုးကြောင့် ရိုက်ကူးရေးတွေ နောက်ရွှေ့လိုက်ရတာ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ Renner ဟာ “သုံးနှစ်တာ အနားယူခဲ့ပြီး နောက်ပိုင်းမှာ လေ့ကျင့်ရေးတွေ ပြန်စဖို့ အချိန်ကျပါပြီ … “လို့ သူ့ရဲ့တွစ်တာပေါ်မှာ မျှဝေလိုက်တာ တွေ့ရပါတယ်။ သူဟာ Hawkeye ဇာတ်ကောင်အတွက် လေ့ကျင့်ရေးတွေ လုပ်နေပါတယ်လို့ အတိအကျ မပြောခဲ့ပေမယ့်လည်း Disney+ က ပြသသွားမယ့် ဇာတ်လမ်းတွဲအတွက် ဆိုတာကတော့ မှားစရာမရှိပါဘူး။ အကြောင်းကတော့ ဟီးရိုးဇာတ်ကောင်တွေကို သရုပ်ဆောင်ရတဲ့အချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေကို အများကြီး လိုအပ်တာကြောင့်ပဲ ဖြစ်ပါတယ်။ သူ ဖော်ပြခဲ့တဲ့ သုံးနှစ်တာဆိုတဲ့ အချိန်ကတော့ Infinity War နဲ့ Endgame ရဲ့ ရိုက်ကူးရေး ကွာဟမှုအချိန်ကို ပြောတာ ဖြစ်ပါတယ်။

photo via jeremy renner/instagram

အကြောင်းကတော့ Infinity War နဲ့ Endgame နှစ်ကားလုံးဟာ ၂၀၁၇ခုနှစ်ကတည်း စတင်ရိုက်ကူးခဲ့တာကြောင့် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Renner ဟာ Infinity War မှာ မပါဝင်ခဲ့ပေမယ့်လည်း အဲ့ဒီအချိန်မှာ Endgame ဇာတ်လမ်းအတွက် ရိုက်ကွင်းကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကနေ စပြီးတော့ သူဟာ MCU ရုပ်ရှင်တွေအတွက် သရုပ်မဆောင်ရတာ အခုဆိုရင် (၃)နှစ်ရှိပြီ ဖြစ်ပါတယ်။

Renner ဟာ အခုချိန်မှ စတင်ပြီး လေ့ကျင့်ရေးတွေ လုပ်နေပြီဆိုရင်တော့ ရိုက်ကူးရေးကလည်း လအနည်းငယ်အကြာမှာ စတင်တော့မှာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Disney+ က ပြသသွားမယ့် Hawkeye ဇာတ်လမ်းတွဲဟာ ဘယ်အချိန်မှာ ထွက်လာမလည်း ဆိုတာကို အတိအကျ မသိရသေးပေမယ့်လည်း ၂၀၂၂ခုနှစ်လောက်ဆိုရင်တော့ ကြည့်လို့ရပြီ ယူဆလို့ရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Disney+ မွာ ထုတ္လႊင့္ျပသသြားမယ့္ Hawkeye ဇာတ္လမ္းတြဲမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ Jeremy Renner ဟာ ေလ့က်င့္ေရးေတြ စတင္ေနၿပီလို႔ သိရပါတယ္။ Hawkeye ဟာ ၂၀၁၁ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Thor ဇာတ္လမ္းထဲမွာ စတင္ၿပီးေတာ့ MCU ထဲကို ဝင္ေရာက္လာခဲ့ကာ Avengers ရဲ႕ ပထမဆုံး ေျခာက္ေယာက္အဖြဲ႕ထဲမွာ ပါဝင္ခဲ့ပါတယ္။ Infinity War ကလြဲရင္ တစ္ျခား Avengers ဇာတ္လမ္းေတြ အကုန္လုံးမွာလည္း ပါဝင္ခဲ့ဖူးပါေသးတယ္။

photo via jeremy renner/instagram

Avengers ရဲ႕ ပထမဆုံး အဖြဲ႕ဝင္ေျခာက္ေယာက္ကေတာ့ Captain America ၊ Iron Man ၊ Thor ၊ Hulk ၊ Black Widow နဲ႔ Hawkeye တို႔ျဖစ္ၿပီး အဲ့ဒီအဖြဲ႕ဝင္ေတြ အကုန္လုံးထဲမွာ Hawkeye တစ္ေယာက္ပဲ ဆိုလို႐ုပ္ရွင္ မထြက္ရေသးတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ အခုခ်ိန္မွာေတာ့ Hawkeye ရဲ႕ ကိုယ္ပိုင္ဇာတ္လမ္းတြဲတစ္ခုကို Disney+ ကေန ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲကို ထြက္လာမယ္လို႔ အတည္ျပဳခဲ့တာကေတာ့ ၂၀၁၉ခုႏွစ္က က်င္းပခဲ့တဲ့ Comic-Con ပြဲမွာပဲ ျဖစ္ပါတယ္။ အစတုန္းကေတာ့ ဒီဇာတ္လမ္းတြဲကို ဇူလိုင္လမွာ စတင္႐ိုက္ကူးသြားမယ္လို႔ ေၾကညာခဲ့ေပမယ့္လည္း ကိုဗစ္ေရာဂါပိုးေၾကာင့္ ႐ိုက္ကူးေရးေတြ ေနာက္ေ႐ႊ႕လိုက္ရတာ ျဖစ္ပါတယ္။

မၾကာေသးခင္ကပဲ Renner ဟာ “သုံးႏွစ္တာ အနားယူခဲ့ၿပီး ေနာက္ပိုင္းမွာ ေလ့က်င့္ေရးေတြ ျပန္စဖို႔ အခ်ိန္က်ပါၿပီ … “လို႔ သူ႔ရဲ႕တြစ္တာေပၚမွာ မွ်ေဝလိုက္တာ ေတြ႕ရပါတယ္။ သူဟာ Hawkeye ဇာတ္ေကာင္အတြက္ ေလ့က်င့္ေရးေတြ လုပ္ေနပါတယ္လို႔ အတိအက် မေျပာခဲ့ေပမယ့္လည္း Disney+ က ျပသသြားမယ့္ ဇာတ္လမ္းတြဲအတြက္ ဆိုတာကေတာ့ မွားစရာမရွိပါဘူး။ အေၾကာင္းကေတာ့ ဟီး႐ိုးဇာတ္ေကာင္ေတြကို သ႐ုပ္ေဆာင္ရတဲ့အခ်ိန္မွာ ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈေတြကို အမ်ားႀကီး လိုအပ္တာေၾကာင့္ပဲ ျဖစ္ပါတယ္။ သူ ေဖာ္ျပခဲ့တဲ့ သုံးႏွစ္တာဆိုတဲ့ အခ်ိန္ကေတာ့ Infinity War နဲ႔ Endgame ရဲ႕ ႐ိုက္ကူးေရး ကြာဟမႈအခ်ိန္ကို ေျပာတာ ျဖစ္ပါတယ္။

photo via jeremy renner/instagram

အေၾကာင္းကေတာ့ Infinity War နဲ႔ Endgame ႏွစ္ကားလုံးဟာ ၂၀၁၇ခုႏွစ္ကတည္း စတင္႐ိုက္ကူးခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Renner ဟာ Infinity War မွာ မပါဝင္ခဲ့ေပမယ့္လည္း အဲ့ဒီအခ်ိန္မွာ Endgame ဇာတ္လမ္းအတြက္ ႐ိုက္ကြင္းကို ေရာက္ရွိေနခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္ကေန စၿပီးေတာ့ သူဟာ MCU ႐ုပ္ရွင္ေတြအတြက္ သ႐ုပ္မေဆာင္ရတာ အခုဆိုရင္ (၃)ႏွစ္ရွိၿပီ ျဖစ္ပါတယ္။

Renner ဟာ အခုခ်ိန္မွ စတင္ၿပီး ေလ့က်င့္ေရးေတြ လုပ္ေနၿပီဆိုရင္ေတာ့ ႐ိုက္ကူးေရးကလည္း လအနည္းငယ္အၾကာမွာ စတင္ေတာ့မွာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Disney+ က ျပသသြားမယ့္ Hawkeye ဇာတ္လမ္းတြဲဟာ ဘယ္အခ်ိန္မွာ ထြက္လာမလည္း ဆိုတာကို အတိအက် မသိရေသးေပမယ့္လည္း ၂၀၂၂ခုႏွစ္ေလာက္ဆိုရင္ေတာ့ ၾကည့္လို႔ရၿပီ ယူဆလို႔ရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular