HomeCelebs Update NewsInternationalဟယ်ရီပေါ်တာစာရေးဆရာမ J.K. Rowling သုံးစွဲဖူးသမျှ စျေးအကြီးဆုံးအရာများ

ဟယ်ရီပေါ်တာစာရေးဆရာမ J.K. Rowling သုံးစွဲဖူးသမျှ စျေးအကြီးဆုံးအရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

စာရေးဆရာမ J.K. Rowling ဟာ ဟယ်ရီပေါ်တာဝတ္ထုတွေကို ရေးသားခဲ့ပြီး ကြောက်ခမန်းလိလိ နာမည်ကြီးပြီး အောင်မြင်သူ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုကြောင့်ပဲ အခုဆိုရင် သူမရဲ့ကြွယ်ဝမှုဟာ ဒေါ်လာ(၁)ဘီလျံလောက် ရှိနေပါပြီ။ ဘီလျံနာတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ J. K ဟာ ရိုးရှင်းပြီး အေးဆေးတဲ့ ဘဝပုံစံမျိုးနဲ့ နေထိုင်သူလို့ ပြောရမှာပါ။ သို့ပေမယ့်လည်း များပြားလှတဲ့ သူမရဲ့ငွေကြေးတွေကို တစ်ချို့နေရာတွေမှာတော့ ဖောဖောသီသီ သုံးစွဲထားတာကို တွေ့ရပါတယ်။ ဘယ်နေရာမှာ ဘယ်လိုတွေ သုံးစွဲလည်းဆိုတာ ကြည့်လိုက်ရအောင်။

အပျော်စီး ရွက်လှေ
photo via therichest

J.K. Rowling ဟာ ဒီလှေကို မင်းသား Johnny Depp ဆီက ပြန်ဝယ်ထားတာပါ။ ဝယ်ရင်းစျေးကို မသိခဲ့ရပေမယ့် ၂၀၁၇ ခုနှစ်မှာတော့ အငှားဖြစ်ဖြစ်၊ အရောင်းဖြစ်ဖြစ် လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အရောင်းစျေးကို ဒေါ်လာ (၁၉.၂)သန်း ခေါ်ထားပြီး အငှားစျေးဆိုရင်တော့ တစ်ပတ်ကို ဒေါ်လာ တစ်သိန်းသုံးသောင်း ကျသင့်မယ်လို့ ဆိုပါတယ်။ အဲ့ဒီလှေမှာ လူ(၁၀)ယောက် အိပ်လို့ရတဲ့ အခန်းလေးခန်း ပါဝင်ပြီး ပင်လယ်ပြင်မှာ ရေဆော့ကစားဖို့ လိုအပ်တာတွေ အကုန်ပါရှိပါတယ်။ ကယက်လှေတွေ၊ snorkeling လုပ်ဖို့ လိုတဲ့ပစ္စည်းတွေ၊ ရေလွှာလျှောစီးတဲ့ ပစ္စည်းတွေ အစုံပါဝင်ပါတယ်။

ဒါတွေကို ခန့်မှန်းကြည့်ရုံနဲ့ ဝယ်စျေးကလည်း မနည်းမနောဖြစ်မယ်ဆိုတာ သိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလှေကြီးနဲ့ J.K တစ်ယောက် မိသားစုတွေနဲ့အတူ ကောင်းကောင်းကြီး အနားယူ ပျော်ပါးခဲ့ရမှာတော့ အသေအချာပါပဲ။

ပန်းခြံလုပ်ဖို့ ဘေးအိမ်ကိုပါ ဝယ်ခဲ့ပါတယ်။
photo via therichest

J.K ဟာ စကော့တလန်နိုင်ငံ အတ်ဒင်ဘာ့ခ်မြို့မှာ အိမ်တစ်လုံး ရှိပါတယ်။ သို့ပေမယ့် သူမ အိမ်ကပန်းခြံကို ချဲ့ချင်တာကြောင့် ဘေးအိမ်နီးချင်းရဲ့ အိမ်ကိုပါ ဝယ်ခဲ့ပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ (၁.၆)သန်း ပေးပြီး ဝယ်ခဲ့တာပါ။ အဲ့ဒီ့အိမ်ကို ဝယ်ပြီးတော့ ပန်းခြံပဲ လုပ်ချင်တာကြောင့် အကုန်လုံး ဖြိုချပစ်ခဲ့ပါတယ်။

သူမရဲ့ဝတ္ထုထဲက ပုံစံအတိုင်း ပန်းခြံလေးဖြစ်အောင် ဖန်တီးချင်တာကြောင့် သစ်ပင်တွေ အပြည့်ပါတဲ့ ပန်းဥယျာဉ်ကို ဒေါ်လာ(၄) သိန်း အကုန်ကျခံပြီး တည်ဆောက်ခဲ့ပါတယ်။ သို့ပေမယ့် ဒီလို ဥယျာဉ်အဖြစ် ပြင်ဆင်၊ ဖန်တီးတာကို သဘောမတူတဲ့ အိမ်နီးချင်းတွေနဲ့လည်း ပြဿနာဖြစ်ခဲ့ရပါသေးတယ်။ သို့ပေမယ့် နောက်ဆုံးမှာတော့ J.K ဘက်က အနိုင်ရခဲ့ပါတယ်။

နာမည်ကြီးဒီဇိုင်နာ ပွဲတက်ဝတ်စုံများ
photo via therichest

J.K ဟာ နေ့တိုင်းမှာတော့ ဖက်ရှင်ကျပြီး ဈေးကြီးတဲ့ ဝတ်စုံတွေကို ဝတ်ဆင်လေ့ မရှိပေမယ့် ပွဲတက်တဲ့အခါမှာတော့ နာမည်ကြီးဒီဇိုင်နာနဲ့ သေချာချုပ်ထားတဲ့ ပွဲတက်ဝတ်စုံတွေကိုပဲ ဝတ်ဆင်ပါတယ်။ သူမ ဆင်မြန်းခဲ့တဲ့ဝတ်စုံတွေထဲမှာ ၂၀၁၁ခုနှစ်က အော်စကာဆုပေးပွဲမှာ ဝတ်ခဲ့တဲ့ ဝတ်စုံကတော့ တော်တော်လေးကို နာမည်ကြီးခဲ့ပါတယ်။ အဲ့ဒီ ဝတ်စုံရဲ့ ကုန်ကျစရိတ်ကို မပြောပြထားပေမယ့် အနည်းဆုံးတော့ ဒေါ်လာငါးထောင် ပတ်ဝန်းကျင်လောက် ကုန်ကျမှာပါ။

ကိုယ်ပိုင်ထူထောင်ထားတဲ့ ပရဟိတဖောင်ဒေးရှင်း
photo via therichest

J.K ဟာ ကလေးတွေကို ရည်ရွယ်ပြီး စာပေတွေ ရေးသားတတ်ရုံသာမက ကံမကောင်း၊ အကြောင်းမလှတဲ့ ကလေးငယ်တွေအတွက် စဉ်းစားပြီးတော့ ပရဟိတ ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ပေးထားပါသေးတယ်။ အဲ့ဒီ့ဖောင်ဒေးရှင်းကတော့ ဆင်းရဲကြပ်တည်းတဲ့ အခြေအနေမှာ မွေးဖွားလာရပြီး မတတ်သာလို့ မိဘမဲ့ဂေဟာတွေမှာ နေထိုင်နေရတဲ့ ကလေးငယ်တွေအတွက် သူတို့ရဲ့မိဘအိမ်မှာပဲ ပြည့်ပြည့်စုံစုံ ပြန်နေလို့ရအောင် ကူညီပေးတာပါ။

သူမကိုယ်တိုင်က ဒီဖောင်ဒေးရှင်းအတွက် တစ်နှစ်ကို အလှူငွေ ဘယ်လောက်ထည့်ဝင်ထားလည်းဆိုတာ အတိအကျ မသိရပေမယ့် မတည်ငွေကတော့ ဒေါ်လာ(၃၃၆)သန်း ရှိပါတယ်။ ဒီဖောင်ဒေးရှင်းဟာ ဆိုးရွားတဲ့ အခြေအနေမှာ ရင်ဆိုင်နေရတဲ့ ကလေးငယ်လေးတွေအတွက် အေးချမ်းတဲ့ ရိပ်မြုံလေးတွေမှာ နေထိုင်ခွင့်ရအောင် အကူအညီတွေများစွာ ပေးခဲ့ပြီး ဖြစ်ပါတယ်။

Hamptons သို့ ခရီး တစ်ခေါက်
photo via therichest

J. K ဟာ မိသားစုနဲ့အတူ ခရီးထွက်ရတာကို ကြိုက်နှစ်သက်သူတစ်ယောက်ပါ။ ဒီထဲကမှ စျေးကြီးတဲ့ ခရီးတစ်ခုကတော့ ၂၀၀၆ခုနှစ်တုန်းက မိသားစုနဲ့သွားခဲ့တဲ့ Hamptons ခရီးစဉ်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ့နေရာလေးမှာ မိသားစုနဲ့ နှစ်လလောက် နားနားနေနေ အပန်းဖြေချင်တာကြောင့် မူလက ဒေါ်လာငါးသိန်းလောက် သုံးပြီး အိမ်ငှားရမ်းဖို့ စိတ်ကူးထားခဲ့တာပါ။ သို့ပေမယ့် ညှိနှိုင်းလို့ရခဲ့တာကြောင့် ဒေါ်လာနှစ်သိန်းခွဲတည်းနဲ့ အိမ်ငှားလို့ ရခဲ့ပါတယ်။ 

နှစ်သိန်းခွဲတည်းလို့သာ သုံးနှုန်းရပေမယ့် တကယ်တမ်းမှာ ဒီပိုက်ဆံပမာဏဟာ အိမ်ကြီးရခိုင်တစ်ခုကို အပိုင်ဝယ်ယူလို့ ရနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။

လက်ဝတ်ရတနာများ
photo via therichest

Elizabeth Gage ဟာ သူမအကြိုက်ဆုံး လက်ဝတ်ရတနာ ဒီဇိုင်နာတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ဆီက ထုတ်တဲ့ နားကပ်၊ လက်စွပ်စတဲ့ လက်ဝတ်ရတနာ collection များစွာကို ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ သူမ ဝတ်ဆင်ခဲ့သမျှ လက်ဝတ်ရတနာတိုင်းရဲ့ တန်ဖိုးကို အတိအကျ မသိရပေမယ့် ဒီဇိုင်နာ collection ကို သွားစုံစမ်းကြည့်လိုက်ရင်တော့ ရတနာပစ္စည်းတစ်ခုကို ခန့်မှန်းချေ ဒေါ်လာ(၁၆၀၀၀)လောက် တန်ကြေးရှိနေတာကို တွေ့ရမှာပါ။

သက်တော်စောင့်များ
photo via therichest

သူမဟာ ကမ္ဘာကျော် စာရေးဆရာတစ်ယောက် ဖြစ်တာကြောင့် လူတော်တော်များများက သူမရဲ့မျက်နှာကို သိကြပြီး တစ်ချို့သော အစွဲအလမ်းကြီးတဲ့ အစွန်းရောက်ပရိသတ်တွေရဲ့ နှောင့်ယှက်တာတွေကိုလည်း ခံရတတ်ပါတယ်။ အဲ့ဒါကြောင့် ပွဲတွေတက်ဖို့ရှိတယ်ဆိုရင် ကိုယ်ပိုင်သက်တော်စောင့်တွေ ငှားရမ်းလေ့ ရှိပါတယ်။

သက်တော်စောင့်ငှားရမ်းခချည်းပဲ ဒေါ်လာ(၁)သိန်းခွဲလောက် သုံးထားတယ်လို့ ခန့်မှန်းရပါတယ်။ ရက်နဲ့တွက်ကြည့်မယ်ဆိုရင်တော့ တစ်ရက်ကို ဒေါ်လာ ငါးရာနဲ့ တစ်ထောင်ကြားမှာ ကျသင့်ပါလိမ့်မယ်။ တစ်ခုရှိတာကတော့ ဒီသက်တော်စောင့်တွေကို အမြဲငှားထားတာ မဟုတ်ဘဲ ပွဲတွေ တက်စရာ ရှိလာမှသာ ငှားတာကြောင့် ဖြစ်ပါတယ်။

အတ်ဒင်ဘာ့ခ်မြို့က အိမ်လေး
photo via therichest

J.K ဟာ အတ်ဒင်ဘာ့ခ်မြို့မှာ နေချင်စဖွယ် အိမ်လေးတစ်လုံးကို ဝယ်ထားဖူးပါတယ်။ အဲ့ဒီအိမ်လေးကို ၂၀၀၉ခုနှစ်မှာ ပြောင်းနေခဲ့တာဖြစ်ပြီး နှစ်ထပ်အိမ်လေးဖြစ်ကာ ပန်းခြံလေးတွေနဲ့ ရုံးခန်းအကျယ်ကြီးတစ်ခုလည်း ပါဝင်ပါသေးတယ်။ ဒီအိမ်လေးဟာ အထက်မှာ ဖော်ပြခဲ့တဲ့ ပန်းဥယျာဉ်လုပ်ခဲ့တဲ့ အိမ်လေးနဲ့ အတူတူပါပဲ။

နောက်ပိုင်းမှာ နာမည်ကြီးလွန်းလာတဲ့အတွက် ကဖေးဆိုင်တွေမှာ စာရေးဖို့ အဆင်မပြေတော့လို့ ဒီအိမ်လေးမှာ စာရေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအိမ်လေးမှာနေပြီး စာအုပ်တွေလည်း အများကြီး ရေးသားခဲ့ပါတယ်။ သို့ပေမယ့် နောက်ပိုင်းမှာ သူမ ထင်ထားသလောက် မီဒီယာတွေရဲ့ရန်က ဝေးပြီး သီးသန့်မဆန်တော့ဘူးလို့ ခံစားလာရတဲ့အတွက် ပြန်ရောင်းခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာ ဒေါ်လာ (၂.၉)သန်းနဲ့ ပြန်ရောင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလောက်လှတဲ့ အိမ်လေးကို ရောင်းပစ်လိုက်တာ နှမြောစရာကောင်းတယ်လို့ ခံစားရပေမယ့် သူမမှာ ဒီ့ထက်ကောင်းတဲ့ အိမ်တွေ အများအပြား ရှိနေဦးမယ်ဆိုတာတော့ အသေအချာပါပဲ။

ဒါကတော့ နာမည်ကျော် ဟယ်ရီပေါ်တာဝတ္ထုတွေကို ရေးသားခဲ့တဲ့ ကမ္ဘာကျော်စာရေးဆရာမ J.K. Rowling ရဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ ငွေကြေးသုံးစွဲမှုတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆို မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

စာေရးဆရာမ J.K. Rowling ဟာ ဟယ္ရီေပၚတာဝတၳဳေတြကို ေရးသားခဲ့ၿပီး ေၾကာက္ခမန္းလိလိ နာမည္ႀကီးၿပီး ေအာင္ျမင္သူ ျဖစ္ပါတယ္။ ဒီေအာင္ျမင္မႈေၾကာင့္ပဲ အခုဆိုရင္ သူမရဲ႕ႂကြယ္ဝမႈဟာ ေဒၚလာ(၁)ဘီလ်ံေလာက္ ရွိေနပါၿပီ။ ဘီလ်ံနာတစ္ေယာက္အေနနဲ႔ ၾကည့္ရင္ေတာ့ J. K ဟာ ႐ိုးရွင္းၿပီး ေအးေဆးတဲ့ ဘဝပုံစံမ်ိဳးနဲ႔ ေနထိုင္သူလို႔ ေျပာရမွာပါ။ သို႔ေပမယ့္လည္း မ်ားျပားလွတဲ့ သူမရဲ႕ေငြေၾကးေတြကို တစ္ခ်ိဳ႕ေနရာေတြမွာေတာ့ ေဖာေဖာသီသီ သုံးစြဲထားတာကို ေတြ႕ရပါတယ္။ ဘယ္ေနရာမွာ ဘယ္လိုေတြ သုံးစြဲလည္းဆိုတာ ၾကည့္လိုက္ရေအာင္။

အေပ်ာ္စီး ႐ြက္ေလွ
photo via therichest

J.K. Rowling ဟာ ဒီေလွကို မင္းသား Johnny Depp ဆီက ျပန္ဝယ္ထားတာပါ။ ဝယ္ရင္းေစ်းကို မသိခဲ့ရေပမယ့္ ၂၀၁၇ ခုႏွစ္မွာေတာ့ အငွားျဖစ္ျဖစ္၊ အေရာင္းျဖစ္ျဖစ္ လုပ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အေရာင္းေစ်းကို ေဒၚလာ (၁၉.၂)သန္း ေခၚထားၿပီး အငွားေစ်းဆိုရင္ေတာ့ တစ္ပတ္ကို ေဒၚလာ တစ္သိန္းသုံးေသာင္း က်သင့္မယ္လို႔ ဆိုပါတယ္။ အဲ့ဒီေလွမွာ လူ(၁၀)ေယာက္ အိပ္လို႔ရတဲ့ အခန္းေလးခန္း ပါဝင္ၿပီး ပင္လယ္ျပင္မွာ ေရေဆာ့ကစားဖို႔ လိုအပ္တာေတြ အကုန္ပါရွိပါတယ္။ ကယက္ေလွေတြ၊ snorkeling လုပ္ဖို႔ လိုတဲ့ပစၥည္းေတြ၊ ေရလႊာေလွ်ာစီးတဲ့ ပစၥည္းေတြ အစုံပါဝင္ပါတယ္။

ဒါေတြကို ခန႔္မွန္းၾကည့္႐ုံနဲ႔ ဝယ္ေစ်းကလည္း မနည္းမေနာျဖစ္မယ္ဆိုတာ သိႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီေလွႀကီးနဲ႔ J.K တစ္ေယာက္ မိသားစုေတြနဲ႔အတူ ေကာင္းေကာင္းႀကီး အနားယူ ေပ်ာ္ပါးခဲ့ရမွာေတာ့ အေသအခ်ာပါပဲ။

ပန္းၿခံလုပ္ဖို႔ ေဘးအိမ္ကိုပါ ဝယ္ခဲ့ပါတယ္။
photo via therichest

J.K ဟာ စေကာ့တလန္ႏိုင္ငံ အတ္ဒင္ဘာ့ခ္ၿမိဳ႕မွာ အိမ္တစ္လုံး ရွိပါတယ္။ သို႔ေပမယ့္ သူမ အိမ္ကပန္းၿခံကို ခ်ဲ႕ခ်င္တာေၾကာင့္ ေဘးအိမ္နီးခ်င္းရဲ႕ အိမ္ကိုပါ ဝယ္ခဲ့ပါတယ္။ တန္ဖိုးကေတာ့ ေဒၚလာ (၁.၆)သန္း ေပးၿပီး ဝယ္ခဲ့တာပါ။ အဲ့ဒီ့အိမ္ကို ဝယ္ၿပီးေတာ့ ပန္းၿခံပဲ လုပ္ခ်င္တာေၾကာင့္ အကုန္လုံး ၿဖိဳခ်ပစ္ခဲ့ပါတယ္။

သူမရဲ႕ဝတၳဳထဲက ပုံစံအတိုင္း ပန္းၿခံေလးျဖစ္ေအာင္ ဖန္တီးခ်င္တာေၾကာင့္ သစ္ပင္ေတြ အျပည့္ပါတဲ့ ပန္းဥယ်ာဥ္ကို ေဒၚလာ(၄) သိန္း အကုန္က်ခံၿပီး တည္ေဆာက္ခဲ့ပါတယ္။ သို႔ေပမယ့္ ဒီလို ဥယ်ာဥ္အျဖစ္ ျပင္ဆင္၊ ဖန္တီးတာကို သေဘာမတူတဲ့ အိမ္နီးခ်င္းေတြနဲ႔လည္း ျပႆနာျဖစ္ခဲ့ရပါေသးတယ္။ သို႔ေပမယ့္ ေနာက္ဆုံးမွာေတာ့ J.K ဘက္က အႏိုင္ရခဲ့ပါတယ္။

နာမည္ႀကီးဒီဇိုင္နာ ပြဲတက္ဝတ္စုံမ်ား
photo via therichest

J.K ဟာ ေန႔တိုင္းမွာေတာ့ ဖက္ရွင္က်ၿပီး ေဈးႀကီးတဲ့ ဝတ္စုံေတြကို ဝတ္ဆင္ေလ့ မရွိေပမယ့္ ပြဲတက္တဲ့အခါမွာေတာ့ နာမည္ႀကီးဒီဇိုင္နာနဲ႔ ေသခ်ာခ်ဳပ္ထားတဲ့ ပြဲတက္ဝတ္စုံေတြကိုပဲ ဝတ္ဆင္ပါတယ္။ သူမ ဆင္ျမန္းခဲ့တဲ့ဝတ္စုံေတြထဲမွာ ၂၀၁၁ခုႏွစ္က ေအာ္စကာဆုေပးပြဲမွာ ဝတ္ခဲ့တဲ့ ဝတ္စုံကေတာ့ ေတာ္ေတာ္ေလးကို နာမည္ႀကီးခဲ့ပါတယ္။ အဲ့ဒီ ဝတ္စုံရဲ႕ ကုန္က်စရိတ္ကို မေျပာျပထားေပမယ့္ အနည္းဆုံးေတာ့ ေဒၚလာငါးေထာင္ ပတ္ဝန္းက်င္ေလာက္ ကုန္က်မွာပါ။

ကိုယ္ပိုင္ထူေထာင္ထားတဲ့ ပရဟိတေဖာင္ေဒးရွင္း
photo via therichest

J.K ဟာ ကေလးေတြကို ရည္႐ြယ္ၿပီး စာေပေတြ ေရးသားတတ္႐ုံသာမက ကံမေကာင္း၊ အေၾကာင္းမလွတဲ့ ကေလးငယ္ေတြအတြက္ စဥ္းစားၿပီးေတာ့ ပရဟိတ ေဖာင္ေဒးရွင္းတစ္ခု တည္ေထာင္ေပးထားပါေသးတယ္။ အဲ့ဒီ့ေဖာင္ေဒးရွင္းကေတာ့ ဆင္းရဲၾကပ္တည္းတဲ့ အေျခအေနမွာ ေမြးဖြားလာရၿပီး မတတ္သာလို႔ မိဘမဲ့ေဂဟာေတြမွာ ေနထိုင္ေနရတဲ့ ကေလးငယ္ေတြအတြက္ သူတို႔ရဲ႕မိဘအိမ္မွာပဲ ျပည့္ျပည့္စုံစုံ ျပန္ေနလို႔ရေအာင္ ကူညီေပးတာပါ။

သူမကိုယ္တိုင္က ဒီေဖာင္ေဒးရွင္းအတြက္ တစ္ႏွစ္ကို အလႉေငြ ဘယ္ေလာက္ထည့္ဝင္ထားလည္းဆိုတာ အတိအက် မသိရေပမယ့္ မတည္ေငြကေတာ့ ေဒၚလာ(၃၃၆)သန္း ရွိပါတယ္။ ဒီေဖာင္ေဒးရွင္းဟာ ဆိုး႐ြားတဲ့ အေျခအေနမွာ ရင္ဆိုင္ေနရတဲ့ ကေလးငယ္ေလးေတြအတြက္ ေအးခ်မ္းတဲ့ ရိပ္ၿမဳံေလးေတြမွာ ေနထိုင္ခြင့္ရေအာင္ အကူအညီေတြမ်ားစြာ ေပးခဲ့ၿပီး ျဖစ္ပါတယ္။

Hamptons သို႔ ခရီး တစ္ေခါက္
photo via therichest

J. K ဟာ မိသားစုနဲ႔အတူ ခရီးထြက္ရတာကို ႀကိဳက္ႏွစ္သက္သူတစ္ေယာက္ပါ။ ဒီထဲကမွ ေစ်းႀကီးတဲ့ ခရီးတစ္ခုကေတာ့ ၂၀၀၆ခုႏွစ္တုန္းက မိသားစုနဲ႔သြားခဲ့တဲ့ Hamptons ခရီးစဥ္ပဲ ျဖစ္ပါတယ္။ အဲ့ဒီ့ေနရာေလးမွာ မိသားစုနဲ႔ ႏွစ္လေလာက္ နားနားေနေန အပန္းေျဖခ်င္တာေၾကာင့္ မူလက ေဒၚလာငါးသိန္းေလာက္ သုံးၿပီး အိမ္ငွားရမ္းဖို႔ စိတ္ကူးထားခဲ့တာပါ။ သို႔ေပမယ့္ ညႇိႏႈိင္းလို႔ရခဲ့တာေၾကာင့္ ေဒၚလာႏွစ္သိန္းခြဲတည္းနဲ႔ အိမ္ငွားလို႔ ရခဲ့ပါတယ္။

ႏွစ္သိန္းခြဲတည္းလို႔သာ သုံးႏႈန္းရေပမယ့္ တကယ္တမ္းမွာ ဒီပိုက္ဆံပမာဏဟာ အိမ္ႀကီးရခိုင္တစ္ခုကို အပိုင္ဝယ္ယူလို႔ ရႏိုင္တဲ့ ပမာဏ ျဖစ္ပါတယ္။

လက္ဝတ္ရတနာမ်ား
photo via therichest

Elizabeth Gage ဟာ သူမအႀကိဳက္ဆုံး လက္ဝတ္ရတနာ ဒီဇိုင္နာတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူ႔ဆီက ထုတ္တဲ့ နားကပ္၊ လက္စြပ္စတဲ့ လက္ဝတ္ရတနာ collection မ်ားစြာကို ဝတ္ဆင္ခဲ့တာ ျဖစ္ပါတယ္။ သူမ ဝတ္ဆင္ခဲ့သမွ် လက္ဝတ္ရတနာတိုင္းရဲ႕ တန္ဖိုးကို အတိအက် မသိရေပမယ့္ ဒီဇိုင္နာ collection ကို သြားစုံစမ္းၾကည့္လိုက္ရင္ေတာ့ ရတနာပစၥည္းတစ္ခုကို ခန႔္မွန္းေခ် ေဒၚလာ(၁၆၀၀၀)ေလာက္ တန္ေၾကးရွိေနတာကို ေတြ႕ရမွာပါ။

သက္ေတာ္ေစာင့္မ်ား
photo via therichest

သူမဟာ ကမာၻေက်ာ္ စာေရးဆရာတစ္ေယာက္ ျဖစ္တာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက သူမရဲ႕မ်က္ႏွာကို သိၾကၿပီး တစ္ခ်ိဳ႕ေသာ အစြဲအလမ္းႀကီးတဲ့ အစြန္းေရာက္ပရိသတ္ေတြရဲ႕ ေႏွာင့္ယွက္တာေတြကိုလည္း ခံရတတ္ပါတယ္။ အဲ့ဒါေၾကာင့္ ပြဲေတြတက္ဖို႔ရွိတယ္ဆိုရင္ ကိုယ္ပိုင္သက္ေတာ္ေစာင့္ေတြ ငွားရမ္းေလ့ ရွိပါတယ္။

သက္ေတာ္ေစာင့္ငွားရမ္းခခ်ည္းပဲ ေဒၚလာ(၁)သိန္းခြဲေလာက္ သုံးထားတယ္လို႔ ခန႔္မွန္းရပါတယ္။ ရက္နဲ႔တြက္ၾကည့္မယ္ဆိုရင္ေတာ့ တစ္ရက္ကို ေဒၚလာ ငါးရာနဲ႔ တစ္ေထာင္ၾကားမွာ က်သင့္ပါလိမ့္မယ္။ တစ္ခုရွိတာကေတာ့ ဒီသက္ေတာ္ေစာင့္ေတြကို အၿမဲငွားထားတာ မဟုတ္ဘဲ ပြဲေတြ တက္စရာ ရွိလာမွသာ ငွားတာေၾကာင့္ ျဖစ္ပါတယ္။

အတ္ဒင္ဘာ့ခ္ၿမိဳ႕က အိမ္ေလး
photo via therichest

J.K ဟာ အတ္ဒင္ဘာ့ခ္ၿမိဳ႕မွာ ေနခ်င္စဖြယ္ အိမ္ေလးတစ္လုံးကို ဝယ္ထားဖူးပါတယ္။ အဲ့ဒီအိမ္ေလးကို ၂၀၀၉ခုႏွစ္မွာ ေျပာင္းေနခဲ့တာျဖစ္ၿပီး ႏွစ္ထပ္အိမ္ေလးျဖစ္ကာ ပန္းၿခံေလးေတြနဲ႔ ႐ုံးခန္းအက်ယ္ႀကီးတစ္ခုလည္း ပါဝင္ပါေသးတယ္။ ဒီအိမ္ေလးဟာ အထက္မွာ ေဖာ္ျပခဲ့တဲ့ ပန္းဥယ်ာဥ္လုပ္ခဲ့တဲ့ အိမ္ေလးနဲ႔ အတူတူပါပဲ။

ေနာက္ပိုင္းမွာ နာမည္ႀကီးလြန္းလာတဲ့အတြက္ ကေဖးဆိုင္ေတြမွာ စာေရးဖို႔ အဆင္မေျပေတာ့လို႔ ဒီအိမ္ေလးမွာ စာေရးဖို႔ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ ဒီအိမ္ေလးမွာေနၿပီး စာအုပ္ေတြလည္း အမ်ားႀကီး ေရးသားခဲ့ပါတယ္။ သို႔ေပမယ့္ ေနာက္ပိုင္းမွာ သူမ ထင္ထားသေလာက္ မီဒီယာေတြရဲ႕ရန္က ေဝးၿပီး သီးသန႔္မဆန္ေတာ့ဘူးလို႔ ခံစားလာရတဲ့အတြက္ ျပန္ေရာင္းခဲ့ပါတယ္။ ၂၀၁၅ခုႏွစ္မွာ ေဒၚလာ (၂.၉)သန္းနဲ႔ ျပန္ေရာင္းခဲ့တာ ျဖစ္ပါတယ္။ ဒီေလာက္လွတဲ့ အိမ္ေလးကို ေရာင္းပစ္လိုက္တာ ႏွေျမာစရာေကာင္းတယ္လို႔ ခံစားရေပမယ့္ သူမမွာ ဒီ့ထက္ေကာင္းတဲ့ အိမ္ေတြ အမ်ားအျပား ရွိေနဦးမယ္ဆိုတာေတာ့ အေသအခ်ာပါပဲ။

ဒါကေတာ့ နာမည္ေက်ာ္ ဟယ္ရီေပၚတာဝတၳဳေတြကို ေရးသားခဲ့တဲ့ ကမာၻေက်ာ္စာေရးဆရာမ J.K. Rowling ရဲ႕ ခ်မ္းသာႂကြယ္ဝမႈေတြနဲ႔ ေငြေၾကးသုံးစြဲမႈေတြအေၾကာင္းပဲ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆို မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular