HomeEntertainmentFilmJoker 2 အတွက် ဇာတ်ညွှန်းရေးနေတယ်လို့ သတင်းထွက်နေ

Joker 2 အတွက် ဇာတ်ညွှန်းရေးနေတယ်လို့ သတင်းထွက်နေ

အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။

Todd Philips ဟာ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Joker ရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖြစ်ပြီး အခုချိန်မှာတော့ Joker 2 အတွက် ဇာတ်ညွှန်းရေးနေတယ်လို့ သတင်းထွက်နေပါတယ်။

ပထမရုပ်ရှင်ထဲမှာတော့ Joaquin Phoenix က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ box office အများဆုံး R-rated ရုပ်ရှင်ဖြစ်ခဲ့သလို Joaquin Phoenix ကလည်း ဒီဇာတ်ကောင်နဲ့ပဲ အော်စကာဆု ရရှိခဲ့ပါသေးတယ်။

photo via screenrant

ဒါ့အပြင် ပရိသတ်တွေကလည်း ဒီရုပ်ရှင်ကို အကြိုက်တွေ့ခဲ့ကြတာကြောင့် နောက်ဆက်တွဲ ဇာတ်ကား ထွက်ရှိလာဖို့ မျှော်လင့်နေကြပါတယ်။ Joker ရုပ်ရှင်ကတော့ ပရိသတ်တွေ ပုံမှန်မြင်တွေ့နေကျ ကောမစ်ဇာတ်လမ်းတွေလို မဟုတ်ဘဲ သာမန် ဒရာမာဇာတ်ကားလိုမျိူး ရိုက်ကူးထားပြီး DCEU နဲ့လည်း မပတ်သက်ပါဘူး။ ဒီအချက်ကြောင့်ပဲ ပရိသတ်တွေဟာ Joker ကို နောက်ထပ် ပုံစံတစ်မျိူးနဲ့ မြင်တွေ့ခဲ့ရပါတယ်။

THR သတင်းဌာနရဲ့ ဖော်ပြချက်အရ နောက်ထပ် Joker ရုပ်ရှင်အတွက် Todd Philips က ဇာတ်ညွှန်းရေးသွားမယ်လို့ သိရပါတယ်။ ပထမရုပ်ရှင်ထဲမှာ Todd နဲ့အတူ ဇာတ်ညွှန်းရေးသားခဲ့တဲ့ Silver ကတော့ ဒီရုပ်ရှင်အတွက် ပြန်ပါလာမလားဆိုတာ မသေချာသေးပါဘူး။ Todd ကတော့ ဇာတ်ညွှန်းရေးနေပြီဆိုရင် Joker 2 ကိုလည်း သူပဲ ရိုက်ကူးသွားဖို့ ဖြစ်နိုင်ချေ များပါတယ်။

photo via screenrant

ပြီးခဲ့တဲ့နှစ်တုန်းက Warner Bros ဟာ အသစ်ထွက်ရှိလာမယ့် DC ရုပ်ရှင်တွေကို ကြေညာပေးခဲ့ရာမှာ Joker 2 ကတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့်ပဲ Warner Bros ရဲ့ အနာဂတ် အစီအစဉ်တွေထဲမှာ Joker 2 ပါဝင်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါကတော့ လောလောဆယ်မှာ သတင်းထွက်နေတာပဲ ဖြစ်ပြီး အတည်ပြုထားခြင်းတော့ မရှိသေးပါဘူး။ Joker နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Joaquin Phoenix ကိုယ်တိုင်ကလည်း ဒီဇာတ်ကောင်အနေနဲ့ ရုပ်ရှင်တွေအတွဲလိုက်မှာ ပါဝင်ရမယ်လို့ စာချုပ်ချုပ်စရာ မလိုတာကြောင့် သရုပ်ဆောင်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

Photo via IMDb

ဒါကြောင့်ပဲ Warner Bros က Joker 2 ကို ဆက်လက်ရိုက်ကူးသွားမယ်ဆိုရင်တောင် Joaquin Phoenix ကတော့ ဆက်လက်သရုပ်ဆောင်ဖို့ မသေချာပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Joker 2 တကယ် ထွက်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Todd Philips ဟာ ၂၀၁၉ခုႏွစ္က ထြက္ရွိခဲ့တဲ့ Joker ႐ုပ္ရွင္ရဲ႕ ဒါ႐ိုက္တာ ျဖစ္ၿပီး အခုခ်ိန္မွာေတာ့ Joker 2 အတြက္ ဇာတ္ၫႊန္းေရးေနတယ္လို႔ သတင္းထြက္ေနပါတယ္။

ပထမ႐ုပ္ရွင္ထဲမွာေတာ့ Joaquin Phoenix က အဓိကသ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ဒီ႐ုပ္ရွင္ဟာ box office အမ်ားဆုံး R-rated ႐ုပ္ရွင္ျဖစ္ခဲ့သလို Joaquin Phoenix ကလည္း ဒီဇာတ္ေကာင္နဲ႔ပဲ ေအာ္စကာဆု ရရွိခဲ့ပါေသးတယ္။

photo via screenrant

ဒါ့အျပင္ ပရိသတ္ေတြကလည္း ဒီ႐ုပ္ရွင္ကို အႀကိဳက္ေတြ႕ခဲ့ၾကတာေၾကာင့္ ေနာက္ဆက္တြဲ ဇာတ္ကား ထြက္ရွိလာဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ Joker ႐ုပ္ရွင္ကေတာ့ ပရိသတ္ေတြ ပုံမွန္ျမင္ေတြ႕ေနက် ေကာမစ္ဇာတ္လမ္းေတြလို မဟုတ္ဘဲ သာမန္ ဒရာမာဇာတ္ကားလိုမ်ိဴး ႐ိုက္ကူးထားၿပီး DCEU နဲ႔လည္း မပတ္သက္ပါဘူး။ ဒီအခ်က္ေၾကာင့္ပဲ ပရိသတ္ေတြဟာ Joker ကို ေနာက္ထပ္ ပုံစံတစ္မ်ိဴးနဲ႔ ျမင္ေတြ႕ခဲ့ရပါတယ္။

THR သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ေနာက္ထပ္ Joker ႐ုပ္ရွင္အတြက္ Todd Philips က ဇာတ္ၫႊန္းေရးသြားမယ္လို႔ သိရပါတယ္။ ပထမ႐ုပ္ရွင္ထဲမွာ Todd နဲ႔အတူ ဇာတ္ၫႊန္းေရးသားခဲ့တဲ့ Silver ကေတာ့ ဒီ႐ုပ္ရွင္အတြက္ ျပန္ပါလာမလားဆိုတာ မေသခ်ာေသးပါဘူး။ Todd ကေတာ့ ဇာတ္ၫႊန္းေရးေနၿပီဆိုရင္ Joker 2 ကိုလည္း သူပဲ ႐ိုက္ကူးသြားဖို႔ ျဖစ္ႏိုင္ေခ် မ်ားပါတယ္။

photo via screenrant

ၿပီးခဲ့တဲ့ႏွစ္တုန္းက Warner Bros ဟာ အသစ္ထြက္ရွိလာမယ့္ DC ႐ုပ္ရွင္ေတြကို ေၾကညာေပးခဲ့ရာမွာ Joker 2 ကေတာ့ ပါဝင္ခဲ့ျခင္း မရွိပါဘူး။ ဒါေၾကာင့္ပဲ Warner Bros ရဲ႕ အနာဂတ္ အစီအစဥ္ေတြထဲမွာ Joker 2 ပါဝင္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

 

photo via screenrantဒါကေတာ့ ေလာေလာဆယ္မွာ သတင္းထြက္ေနတာပဲ ျဖစ္ၿပီး အတည္ျပဳထားျခင္းေတာ့ မရွိေသးပါဘူး။ Joker ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Joaquin Phoenix ကိုယ္တိုင္ကလည္း ဒီဇာတ္ေကာင္အေနနဲ႔ ႐ုပ္ရွင္ေတြအတြဲလိုက္မွာ ပါဝင္ရမယ္လို႔ စာခ်ဳပ္ခ်ဳပ္စရာ မလိုတာေၾကာင့္ သ႐ုပ္ေဆာင္ဖို႔ သေဘာတူခဲ့တာ ျဖစ္ပါတယ္။

Photo via IMDb

ဒါေၾကာင့္ပဲ Warner Bros က Joker 2 ကို ဆက္လက္႐ိုက္ကူးသြားမယ္ဆိုရင္ေတာင္ Joaquin Phoenix ကေတာ့ ဆက္လက္သ႐ုပ္ေဆာင္ဖို႔ မေသခ်ာပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ Joker 2 တကယ္ ထြက္လာမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular