HomeCelebs Update NewsInternationalJustice League ကောမစ်တစ်အုပ်လောက် ဖန်တီးဖို့ စိတ်ကူးဖူးတယ်ဆိုတဲ့ Zack Snyder

Justice League ကောမစ်တစ်အုပ်လောက် ဖန်တီးဖို့ စိတ်ကူးဖူးတယ်ဆိုတဲ့ Zack Snyder

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Justice League ဒါရိုက်တာ Zack Snyder ဟာ Ben Affleck ရဲ့ Batman နဲ့ Jared Leto ရဲ့ Joker တို့ ပါဝင်တဲ့ ကောမစ်တစ်ခုကို ဖန်တီးဖို့ စဉ်းစားခဲ့ဖူးကြောင်း ပြောပြလိုက်ပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ Joker ဟာ Mother Box ကို ခိုးယူပြီးတော့ Flash ကို အချိန်ခရီးသွားနိုင်ဖို့ ကူညီမယ့်ဇာတ်လမ်းမျိုးလို့ ဆိုထားပါတယ်။

Snyder ဟာ မကြာသေးခင်ကပဲ TheFilmJunkee ဆိုတဲ့ YouTube channel နဲ့ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပြီး သူ စိတ်ကူးဖူးတဲ့ ကောမစ်စာအုပ်အကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စကားဝိုင်းမှာတော့ Ben Affleck ရဲ့ Batman နဲ့ Jared Leto ရဲ့ Joker တို့ပါဝင်တဲ့ ကောမစ်တစ်ခု ဖန်တီးဖို့ စဉ်းစားဖူးကြောင်းနဲ့ အဲ့ဒီကောမစ်ထဲမှာ Joker ဟာ Mother Box ကို ခိုးယူပြီးတော့ Flash ကို အချိန်ခရီးသွားဖို့အတွက် ကူညီမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

photo via screenrant

Snyder ပြောသွားတဲ့ စကားအပြည့်အစုံကတော့ “ဒီအစီအစဉ်တွေဟာ ချက်ချင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ Jim နဲ့ ကျွန်တော် ဒီကောမစ်အကြောင်းကို အနည်းငယ် ဆွေးနွေးခဲ့ဖူးပါတယ်။ အကယ်၍ ပရိသတ်တွေသာ စိတ်ဝင်စားတယ် ဆိုရင်တော့ Jim ကို မေးကြည့်လို့ ရပါတယ်။ ကျွန်တော်က အဲ့ဒီကောမစ်ကို အရမ်းဖန်တီးချင်နေတာပါ။ အဲ့ဒီကောမစ်ထဲမှာ ကမ္ဘာကြီးက Darkseid ကြောင့် ပျက်စီးပြိုလဲနေတဲ့အချိန်မှာ အသက်ရှင်ကျန်သူတွေထဲက ရပ်တည်ချက် မတူညီကြတဲ့ လူတစ်စုဟာ ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားကြပါမယ်။ ဒါ့အပြင် Joker က Robin ကို ဘယ်လိုသတ်ခဲ့တယ် ဆိုတာကိုလည်း နောက်ကြောင်းပြန်တဲ့ ပုံစံမျိူးနဲ့ ထည့်ချင်တယ် … ” လို့ ပြောပြထားပါတယ်။

Snyder က ဆက်လက်ပြီး “Joker ဟာ Mother Box ကို ခိုးယူတဲ့နေရာမှာ တစ်နည်းနည်းနဲ့ ပါဝင်ပြီးတော့ cosmic treadmill နဲ့ Flash က အတိတ်ကို ပြန်သွားဖို့အတွက် ကူညီပါလိမ့်မယ်။ cosmic treadmill တည်ဆောက်ဖို့ကိုတော့ Cyborg က တွက်ချက်ပြီး ဖြေရှင်းပေးမှာပါ။ ကမ္ဘာကြီး ပျက်စီးမယ့်အဖြစ်က ကာကွယ်ဖို့ Flash က အတိတ်ကို အချိန်ခရီးသွားပြီး Bruce ကို သတိပေးမယ်။ အဲ့ဒီ့မှာ အတိတ်က Bruce ဟာ အခုလိုဖြစ်ရပ်တွေ ဖြစ်မလာအောင် တားဆီးသွားမှာပါ။ Robin ရဲ့ သေဆုံးမှု ပါဝင်နေပေမယ့်လည်း ဒီလိုဇာတ်လမ်းမျိူးနဲ့ ကောမစ်ဆိုရင်တော့ ပရိသတ်တွေ ကြိုက်ကြမယ်လို့ ထင်ပါတယ် … ” လို့ Snyder က သူ့ရဲ့စိတ်ကူးကို ပြောပြထားပါတယ်။

photo via screenrant

ဒါဟာ Snyder Cut’s Justice League ထဲမှာ Jared Leto ရဲ့ Joker ပြန်လည် ပါဝင်လာမယ့်အကြောင်းနဲ့ ပတ်သက်ပြီး ပြောဆိုရင်းကနေ စကားစပ်မိပြီး ကောမစ်စာအုပ် လုပ်ချင်ခဲ့တဲ့ သူ့ရဲ့စိတ်ကူးကို Snyder က အခုလို ပြောပြခဲ့တာ ဖြစ်ပါတယ်။ Snyder ရိုက်ကူးထားတဲ့ Justice League ကတော့ ၂၀၂၁ခုနှစ် မတ်လမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် သူ ပြောခဲ့တဲ့ စကားတွေထဲမှာ ဒီဇာတ်လမ်းအတွက် အရိပ်အမြွက် ဖော်ပြခဲ့တာမျိူးတွေလည်း ပါဝင်နေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး စောင့်မျှော်နေတဲ့ Justice League ကတော့ နောက်ထပ်သုံးလလောက်ပဲ စောင့်ရတော့မှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Justice League ဒါ႐ိုက္တာ Zack Snyder ဟာ Ben Affleck ရဲ႕ Batman နဲ႔ Jared Leto ရဲ႕ Joker တို႔ ပါဝင္တဲ့ ေကာမစ္တစ္ခုကို ဖန္တီးဖို႔ စဥ္းစားခဲ့ဖူးေၾကာင္း ေျပာျပလိုက္ပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ Joker ဟာ Mother Box ကို ခိုးယူၿပီးေတာ့ Flash ကို အခ်ိန္ခရီးသြားႏိုင္ဖို႔ ကူညီမယ့္ဇာတ္လမ္းမ်ိဳးလို႔ ဆိုထားပါတယ္။

Snyder ဟာ မၾကာေသးခင္ကပဲ TheFilmJunkee ဆိုတဲ့ YouTube channel နဲ႔ အင္တာဗ်ဴးတစ္ခု ျပဳလုပ္ခဲ့ၿပီး သူ စိတ္ကူးဖူးတဲ့ ေကာမစ္စာအုပ္အေၾကာင္းကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ စကားဝိုင္းမွာေတာ့ Ben Affleck ရဲ႕ Batman နဲ႔ Jared Leto ရဲ႕ Joker တို႔ပါဝင္တဲ့ ေကာမစ္တစ္ခု ဖန္တီးဖို႔ စဥ္းစားဖူးေၾကာင္းနဲ႔ အဲ့ဒီေကာမစ္ထဲမွာ Joker ဟာ Mother Box ကို ခိုးယူၿပီးေတာ့ Flash ကို အခ်ိန္ခရီးသြားဖို႔အတြက္ ကူညီမွာ ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

photo via screenrant

Snyder ေျပာသြားတဲ့ စကားအျပည့္အစုံကေတာ့ “ဒီအစီအစဥ္ေတြဟာ ခ်က္ခ်င္းေတာ့ ျဖစ္လာမွာ မဟုတ္ပါဘူး။ Jim နဲ႔ ကြၽန္ေတာ္ ဒီေကာမစ္အေၾကာင္းကို အနည္းငယ္ ေဆြးေႏြးခဲ့ဖူးပါတယ္။ အကယ္၍ ပရိသတ္ေတြသာ စိတ္ဝင္စားတယ္ ဆိုရင္ေတာ့ Jim ကို ေမးၾကည့္လို႔ ရပါတယ္။ ကြၽန္ေတာ္က အဲ့ဒီေကာမစ္ကို အရမ္းဖန္တီးခ်င္ေနတာပါ။ အဲ့ဒီေကာမစ္ထဲမွာ ကမာၻႀကီးက Darkseid ေၾကာင့္ ပ်က္စီးၿပိဳလဲေနတဲ့အခ်ိန္မွာ အသက္ရွင္က်န္သူေတြထဲက ရပ္တည္ခ်က္ မတူညီၾကတဲ့ လူတစ္စုဟာ ျပန္လည္တိုက္ခိုက္ဖို႔ ႀကိဳးစားၾကပါမယ္။ ဒါ့အျပင္ Joker က Robin ကို ဘယ္လိုသတ္ခဲ့တယ္ ဆိုတာကိုလည္း ေနာက္ေၾကာင္းျပန္တဲ့ ပုံစံမ်ိဴးနဲ႔ ထည့္ခ်င္တယ္ … ” လို႔ ေျပာျပထားပါတယ္။

Snyder က ဆက္လက္ၿပီး “Joker ဟာ Mother Box ကို ခိုးယူတဲ့ေနရာမွာ တစ္နည္းနည္းနဲ႔ ပါဝင္ၿပီးေတာ့ cosmic treadmill နဲ႔ Flash က အတိတ္ကို ျပန္သြားဖို႔အတြက္ ကူညီပါလိမ့္မယ္။ cosmic treadmill တည္ေဆာက္ဖို႔ကိုေတာ့ Cyborg က တြက္ခ်က္ၿပီး ေျဖရွင္းေပးမွာပါ။ ကမာၻႀကီး ပ်က္စီးမယ့္အျဖစ္က ကာကြယ္ဖို႔ Flash က အတိတ္ကို အခ်ိန္ခရီးသြားၿပီး Bruce ကို သတိေပးမယ္။ အဲ့ဒီ့မွာ အတိတ္က Bruce ဟာ အခုလိုျဖစ္ရပ္ေတြ ျဖစ္မလာေအာင္ တားဆီးသြားမွာပါ။ Robin ရဲ႕ ေသဆုံးမႈ ပါဝင္ေနေပမယ့္လည္း ဒီလိုဇာတ္လမ္းမ်ိဴးနဲ႔ ေကာမစ္ဆိုရင္ေတာ့ ပရိသတ္ေတြ ႀကိဳက္ၾကမယ္လို႔ ထင္ပါတယ္ … ” လို႔ Snyder က သူ႔ရဲ႕စိတ္ကူးကို ေျပာျပထားပါတယ္။

photo via screenrant

ဒါဟာ Snyder Cut’s Justice League ထဲမွာ Jared Leto ရဲ႕ Joker ျပန္လည္ ပါဝင္လာမယ့္အေၾကာင္းနဲ႔ ပတ္သက္ၿပီး ေျပာဆိုရင္းကေန စကားစပ္မိၿပီး ေကာမစ္စာအုပ္ လုပ္ခ်င္ခဲ့တဲ့ သူ႔ရဲ႕စိတ္ကူးကို Snyder က အခုလို ေျပာျပခဲ့တာ ျဖစ္ပါတယ္။ Snyder ႐ိုက္ကူးထားတဲ့ Justice League ကေတာ့ ၂၀၂၁ခုႏွစ္ မတ္လမွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ သူ ေျပာခဲ့တဲ့ စကားေတြထဲမွာ ဒီဇာတ္လမ္းအတြက္ အရိပ္အႁမြက္ ေဖာ္ျပခဲ့တာမ်ိဴးေတြလည္း ပါဝင္ေနႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔အားလုံး ေစာင့္ေမွ်ာ္ေနတဲ့ Justice League ကေတာ့ ေနာက္ထပ္သုံးလေလာက္ပဲ ေစာင့္ရေတာ့မွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular