HomeCelebs Update NewsInternationalဒေါ်လာ(၄၂.၅)သန်းနဲ့ ရောင်းချမယ့် J.Lo ရဲ့ Bel Air ဇိမ်ခံအိမ်ကြီး

ဒေါ်လာ(၄၂.၅)သန်းနဲ့ ရောင်းချမယ့် J.Lo ရဲ့ Bel Air ဇိမ်ခံအိမ်ကြီး

Jennifer Lopez ကတော့ သူမရဲ့ကယ်လီဖိုးနီးယားက Bel Air စံအိမ်ကြီးကို ဒေါ်လာ(၄၂)သန်းခွဲနဲ့ ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒီစံအိမ်ကြီးဟာ ခြံအကျယ် (၈)ဧက ကျယ်ဝန်းပြီး အိပ်ခန်း(၉)ခန်းနဲ့ ရေချိုးခန်း (၁၂)ခန်း ပါဝင်တယ်လို့ သိရပါတယ်။ အိမ်ကြီးရဲ့ အကျယ်အဝန်းကတော့ (၁၄,၀၀၀)စတုရန်းပေ ရှိပြီး Carolwood အိမ်ခြံမြေလုပ်ငန်းကို ရောင်းချဖို့ အပ်နှံထားတယ်လို့ သိရပါတယ်။

Photo Credit: Carolwood Estates

သာယာလှပလွန်းတဲ့ ဒီစံအိမ်ကြီးကိုတော့ မူလက ဗိသုကာပညာရှင် Samuel Marx က ဒီဇိုင်းထုတ်ပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပြင်သစ်ပြည်ရဲ့ ကျေးလက်ပိုင်းက ပုံစံမျိုး ပြန်လည်ပြင်ဆင် မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အိမ်ကြီးရဲ့ ပတ်လည်က သာယာလှတဲ့ တောတောင်ရေမြေနဲ့ လိုက်ဖက်အောင် ကျောက်တုံးနဲ့ သစ်သားတွေကို အဓိကထားပြီး အလှဆင်ထားတာကိုလည်း တွေ့ရပါတယ်။

Photo Credit: Carolwood Estates

အိမ်ကြီးရဲ့ main level မှာတော့ နေချင့်စဖွယ် ဇိမ်ကျပြီး ကျယ်ဝန်းလှတဲ့ ဧည့်ခန်းကြီးရှိပြီး ဘားတစ်ခုနဲ့ မီးလင်းဖိုလည်း ပါဝင်ပါတယ်။ မီးဖိုခန်းမှာတော့ island နှစ်ခုပါဝင်ပြီး မနက်စာ စားသုံးနိုင်မယ့် ဧရိယာပါ ထည့်သွင်းထားတာ တွေ့ရပါတယ်။

Photo Credit: Carolwood Estates

ဒါ့အပြင် အိမ်ထဲမှာတော့ သီးသန့်ရုပ်ရှင်ရုံတစ်ခုလည်း ပါဝင်ပြီး လူသုံးဆယ်ခန့် ဇိမ်ကျကျနဲ့ ကြည့်ရှုနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ရုပ်ရှင်ရုံငယ်လေးရဲ့ နံရံတွေထက်မှာတော့ အိမ်ကြီးရဲ့ အရှင်သခင်တွေ ဖြစ်ကြတဲ့ Jennifer Lopez နဲ့ Ben Affleck တို့ရဲ့ ရုပ်ရှင်ဇာတ်ကား ပိုစတာတွေ ချိတ်ဆွဲထားပါသေးတယ်။

Photo Credit: Carolwood Estates

အိမ်ရဲ့အပေါ်ထပ်မှာတော့ ရုံးခန်း၊ စာကြည့်ခန်း၊ အနှိပ်ခန်းနဲ့ ဧည့်သည်အဆောင်တို့ပါ ပါဝင်သေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် အိမ်မကြီးမှာတော့ စာကြည့်တိုက်တစ်ခုနဲ့ အဝတ်လဲခန်းတွေ၊ ရေချိုးခန်းတွေ ပါဝင်သလို လှပတဲ့ ရှုခင်းတွေကို ခံစားနိုင်မယ့် ဝရန်တာနဲ့ အိမ်မကြီးရဲ့ အပြင်ဘက်က စမ်းချောင်းလေးတစ်ခုပါ ပါဝင်ပါတယ်။

Photo Credit: Carolwood Estates

ဒါတင်မက ဂိမ်းကစားနိုင်မယ့် ဂိမ်းခန်းတစ်ခုလည်း ပါဝင်သလို နောက်ထပ် ဘားတစ်ခုနဲ့ infinity pool တစ်ခုလည်း ပါဝင်ပါသေးတယ်။ ဖျော်ဖြေပွဲတွေ လုပ်နိုင်ဖို့ theatre အသေးစားတစ်ခုလည်း ပါဝင်သလို အော်ဂဲနစ် စိုက်ခင်းတစ်ခု၊ full kitchen ပါဝင်တဲ့ ဖျော်ဖြေရေးနေရာတစ်ခုနဲ့ သဲသောင်ပြင် ပါဝင်တဲ့ private ရေကန်တစ်ခုပါ ရှိသေးတယ်လို့ သိရပါတယ်။

ခြံဝန်းထဲမှာတော့ အမျိုးအမည် စုံလင်လှတဲ့ သစ်ပင်ပန်းမာန်များ ရှိပြီး ဧည့်သည်တွေ တည်းခိုနိုင်ဖို့ စတူဒီယိုနဲ့ အားကစားခန်းမပါ ပါဝင်တဲ့ နောက်ထပ် အိမ်နှစ်လုံးပါ ပါဝင်ပါသေးတယ်။

ဒါဟာ ခင်ပွန်းဖြစ်သူ Ben Affleck ရဲ့ဇိမ်ခံအိမ်ကြီးကို ရောင်းချပြီးနောက် J.Lo ကပါ သူမရဲ့စံအိမ်ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ Ben Affleck ကတော့ ပြီးခဲ့တဲ့ ဩဂုတ်လကပဲ သူ့ရဲ့ Pacific Palisades စံအိမ်ကြီးကို ဒေါ်လာသန်း(၃၀)နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular