HomeCelebs Update NewsInternationalအသက်(၈၇)နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ Tarzan ရုပ်ရှင် မင်းသမီးကြီး Joanna Barnes

အသက်(၈၇)နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ Tarzan ရုပ်ရှင် မင်းသမီးကြီး Joanna Barnes

The Parent Trap နဲ့ Tarzan: The Ape Man ရုပ်ရှင်တို့နဲ့ လူသိများကြတဲ့ မင်းသမီးကြီး Joanna Barnes ကတော့ အသက် (၈၇)နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူမဟာ ၁၉၃၄ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်‌နေ့မှာ မွေးဖွားခဲ့ပြီး ၁၉၅၆ ခုနှစ်မှာတော့ Smith ကောလိပ်ကနေ ဘွဲ့ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ Maverick and Colt .45 ဇာတ်လမ်းတွဲနဲ့ Tarzan: The Ape Man ရုပ်ရှင်တို့မှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

photo via newsbreak

သူမကတော့ California မှာ ရှိတဲ့ နေအိမ်မှာပဲ နာတာရှည်ရောဂါ ခံစားရပြီး ကွယ်လွန်သွားတာ ဖြစ်ကြောင်း သူမရဲ့ အချစ်ဆုံးသူငယ်ချင်း Sally Jackson က The Hollywood Reporter သတင်းဌာနကို ပြောပြခဲ့ပါတယ်။ ကွယ်လွန်သွားတဲ့ အချိန်ကတော့ ပြီးခဲ့တဲ့ ဧပြီလ (၂၉)ရက်နေ့မှာ ဖြစ်ပြီး ယခုအချိန်မှ သတင်းဌာနတွေကို ဖွင့်ပြောလိုက်တာ ဖြစ်ပါတယ်။

photo via newsbreak

သူမဟာ ၁၉၅၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Auntie Mame ရုပ်ရှင်နဲ့ပဲ Golden Globe ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပြီး ၁၉၆၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spartacus ရုပ်ရှင်ထဲမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပါသေးတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက်တင် မဟုတ်ဘဲ စာရေးဆရာမ တစ်ယောက်လည်း ဖြစ်ပြီး ဝတ္ထုတွေလည်း ရေးသားခဲ့ပါသေးတယ်။ သူမရေးသားခဲ့တဲ့ ဝတ္ထုတွေကတော့ ၁၉၇၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Deceivers ၊ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Who is Carla Hart? နဲ့ ၁၉၈၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Pastora တို့ပဲ ဖြစ်ပါတယ်။

Legos

Source: People

RELATED ARTICLES

Most Popular