HomeCelebs Update NewsInternationalသားလေးမွေးဖွားလိုက်တဲ့ သရုပ်ဆောင် Joaquin Phoenix နဲ့ Rooney Mara တို့မောင်နှံ

သားလေးမွေးဖွားလိုက်တဲ့ သရုပ်ဆောင် Joaquin Phoenix နဲ့ Rooney Mara တို့မောင်နှံ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Joker ဇာတ်ကားနဲ့ မြန်မာပရိသတ်ကြားမှာ လူသိများတဲ့ သရုပ်ဆောင် Joaquin Phoenix ဟာ ချစ်သူ ဇနီးလောင်း Rooney Mara နဲ့ ပထမဆုံး သားဦးလေးကို မွေးဖွားလိုက်ပြီ ဖြစ်ပါတယ်။

အော်စကာဆုရ မင်းသား Joaquin Phoenix နဲ့ အမေရိကန် သရုပ်ဆောင် မင်းသမီး Rooney Mara တို့ဟာ သူတို့နှစ်ဦးရဲ့ ပထမဦးဆုံး ကလေးကို မွေးဖွားလိုက်တာဖြစ်ပြီး ကလေးရဲ့အမည်ကိုတော့ Joaquin ရဲ့ ကွယ်လွန်သွားတဲ့ အစ်ကိုဖြစ်သူ River Phoenix ရဲ့ နာမည်ကို အစွဲပြုကာ မှည့်ထားတယ်လို့ သိရပါတယ်။ River Phoenix ဟာ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး အသက်(၂၃)နှစ်အရွယ် ၁၉၉၃ခုနှစ်မှာ မူးယစ်ဆေးလွန်ပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

©gregwilliamsphotography

US မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ဒီသတင်းကိုတော့ ရုရှား ရုပ်ရှင်ဒါရိုက်တာ Victor Kossakovsky က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ Zurich ရုပ်ရှင်ပွဲတော်က အမေးအဖြေကဏ္ဍမှာ ပြောကြားသွားခဲ့တာလို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ပွဲတော်မှာ Victor က ရိုက်ကူးထားပြီး Joaquin Phoenix က executive producer အဖြစ် တာဝန်ယူပေးထားတဲ့ မှတ်တမ်းတင်ရုပ်ရှင် Gunda ကို ပြသခဲ့ပါတယ်။

“Joaquin က ကလေးတစ်ယောက် ရသွားပါပြီ။ သူ့သားလေးနာမည်ကိုတော့ River လို့ ပေးထားပါတယ်။ အဲ့ဒါကြောင့် သူ ဒီကိုလာပြီး အခုမှတ်တမ်းတင်ရုပ်ရှင်ကို ပရိုမုတ် မလုပ်နိုင်တာပါ…” လို့ ရုပ်ရှင်ဒါရိုက်တာ Victor Kossakovsky က ပြောကြားသွားတာ ဖြစ်ပါတယ်။

©gregwilliamsphotography

Joaquin နဲ့ Rooney တို့မောင်နှံမှာ ကိုယ်ဝန်ရထားတဲ့အကြောင်းကိုတော့ ပြီးခဲ့တဲ့ မေလတုန်းက အတည်ပြုပေးထားခဲ့ပါတယ်။ အသက်(၄၅)နှစ် ရှိပြီဖြစ်တဲ့ Joaquin နဲ့ အသက်(၃၅)နှစ်ရှိပြီဖြစ်တဲ့ Rooney တို့ဟာ ၂၀၁၆ခုနှစ်က ရိုက်ကူးခဲ့တဲ့ Mary Magdalene ရုပ်ရှင်ရိုက်ကွင်းမှာ ဆုံဆည်းခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ထဲမှာတော့ Rooney Mara က Mary Magdalene နေရာမှာ သရုပ်ဆောင်ခဲ့ပြီး Joaquin Phoenix ကတော့ Jesus နေရာမှာ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ အဆိုပါရုပ်ရှင် ရိုက်ကူးရေးပြီးတည်းက စတွဲခဲ့ကြတာဖြစ်ပြီး ၂၀၁၇ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပထမဆုံး စုံတွဲတက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ့နောက် လအနည်းငယ်အကြာမှာတော့ သူတို့နှစ်ဦးသားဟာ အတူတူနေထိုင်နေကြပြီဖြစ်ကြောင်း Joaquin က အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ ဒီလိုနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာတော့ နှစ်ဦးသား စေ့စပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

Joker ဇာတ္ကားနဲ႔ ျမန္မာပရိသတ္ၾကားမွာ လူသိမ်ားတဲ့ သ႐ုပ္ေဆာင္ Joaquin Phoenix ဟာ ခ်စ္သူ ဇနီးေလာင္း Rooney Mara နဲ႔ ပထမဆုံး သားဦးေလးကို ေမြးဖြားလိုက္ၿပီ ျဖစ္ပါတယ္။

ေအာ္စကာဆုရ မင္းသား Joaquin Phoenix နဲ႔ အေမရိကန္ သ႐ုပ္ေဆာင္ မင္းသမီး Rooney Mara တို႔ဟာ သူတို႔ႏွစ္ဦးရဲ႕ ပထမဦးဆုံး ကေလးကို ေမြးဖြားလိုက္တာျဖစ္ၿပီး ကေလးရဲ႕အမည္ကိုေတာ့ Joaquin ရဲ႕ ကြယ္လြန္သြားတဲ့ အစ္ကိုျဖစ္သူ River Phoenix ရဲ႕ နာမည္ကို အစြဲျပဳကာ မွည့္ထားတယ္လို႔ သိရပါတယ္။ River Phoenix ဟာ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ၿပီး အသက္(၂၃)ႏွစ္အ႐ြယ္ ၁၉၉၃ခုႏွစ္မွာ မူးယစ္ေဆးလြန္ၿပီး ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။

©gregwilliamsphotography

US မဂၢဇင္းရဲ႕ ေဖာ္ျပခ်က္အရ ဒီသတင္းကိုေတာ့ ႐ုရွား ႐ုပ္ရွင္ဒါ႐ိုက္တာ Victor Kossakovsky က ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ ျပဳလုပ္က်င္းပခဲ့တဲ့ Zurich ႐ုပ္ရွင္ပြဲေတာ္က အေမးအေျဖက႑မွာ ေျပာၾကားသြားခဲ့တာလို႔ သိရပါတယ္။ အဆိုပါ ႐ုပ္ရွင္ပြဲေတာ္မွာ Victor က ႐ိုက္ကူးထားၿပီး Joaquin Phoenix က executive producer အျဖစ္ တာဝန္ယူေပးထားတဲ့ မွတ္တမ္းတင္႐ုပ္ရွင္ Gunda ကို ျပသခဲ့ပါတယ္။

“Joaquin က ကေလးတစ္ေယာက္ ရသြားပါၿပီ။ သူ႔သားေလးနာမည္ကိုေတာ့ River လို႔ ေပးထားပါတယ္။ အဲ့ဒါေၾကာင့္ သူ ဒီကိုလာၿပီး အခုမွတ္တမ္းတင္႐ုပ္ရွင္ကို ပ႐ိုမုတ္ မလုပ္ႏိုင္တာပါ…” လို႔ ႐ုပ္ရွင္ဒါ႐ိုက္တာ Victor Kossakovsky က ေျပာၾကားသြားတာ ျဖစ္ပါတယ္။

©gregwilliamsphotography

Joaquin နဲ႔ Rooney တို႔ေမာင္ႏွံမွာ ကိုယ္ဝန္ရထားတဲ့အေၾကာင္းကိုေတာ့ ၿပီးခဲ့တဲ့ ေမလတုန္းက အတည္ျပဳေပးထားခဲ့ပါတယ္။ အသက္(၄၅)ႏွစ္ ရွိၿပီျဖစ္တဲ့ Joaquin နဲ႔ အသက္(၃၅)ႏွစ္ရွိၿပီျဖစ္တဲ့ Rooney တို႔ဟာ ၂၀၁၆ခုႏွစ္က ႐ိုက္ကူးခဲ့တဲ့ Mary Magdalene ႐ုပ္ရွင္႐ိုက္ကြင္းမွာ ဆုံဆည္းခဲ့ၾကတာ ျဖစ္ပါတယ္။ အဆိုပါ ႐ုပ္ရွင္ထဲမွာေတာ့ Rooney Mara က Mary Magdalene ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ၿပီး Joaquin Phoenix ကေတာ့ Jesus ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးဟာ အဆိုပါ႐ုပ္ရွင္ ႐ိုက္ကူးေရးၿပီးတည္းက စတြဲခဲ့ၾကတာျဖစ္ၿပီး ၂၀၁၇ခုႏွစ္ ကိန္းစ္႐ုပ္ရွင္ပြဲေတာ္မွာ ပထမဆုံး စုံတြဲတက္ေရာက္ခဲ့ၾကတာ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္ လအနည္းငယ္အၾကာမွာေတာ့ သူတို႔ႏွစ္ဦးသားဟာ အတူတူေနထိုင္ေနၾကၿပီျဖစ္ေၾကာင္း Joaquin က အင္တာဗ်ဴးတစ္ခုမွာ ေျပာျပခဲ့ပါတယ္။ ဒီလိုနဲ႔ ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လမွာေတာ့ ႏွစ္ဦးသား ေစ့စပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

Glasgow

Source: indian express

RELATED ARTICLES

Most Popular