HomeEntertainmentFilmJoaquin Phoenix ပြန်လည်ပါဝင်လာမယ့် Joker 2 ထွက်ရှိလာဦးမည်။

Joaquin Phoenix ပြန်လည်ပါဝင်လာမယ့် Joker 2 ထွက်ရှိလာဦးမည်။

မကြာသေးခင်ကပဲ ဒါရိုက်တာ Todd Philips ဟာ Joker 2 အတွက် ဇာတ်ညွှန်းရေးပြီးသွားပြီလို့ဆိုကာ Joker 2 ထပ်မံထွက်ရှိလာဦးမယ်လို့ အတည်ပြုလိုက်ပါတယ်။ Joker ရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိတာဖြစ်ခဲ့ပြီး ဒါရိုက်တာ Todd Philips ကပဲ ရိုက်ကူးထားကာ Joaquin Phoenix က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ အော်စကာနှစ်ဆုတောင် ရရှိထားပြီး ပရိသတ်အကြိုက်လည်း ဖြစ်ခဲ့ပါတယ်။ အခုကတော့ ဒီရုပ်ရှင်ရဲ့ နောက်ဆက်တွဲ Sequel ဇာတ်လမ်းကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကတော့ Box-Office မှာ ပထမဆုံး ဝင်ငွေဒေါ်လာ(၁)ဘီလျံကျော်ခဲ့တဲ့ R-Rated ရုပ်ရှင်အဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဒီရုပ်ရှင်ထွက်ပြီးကတည်းက Sequel ထွက်ရှိလာဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ယခုဆိုရင်တော့ ပရိသတ်တွေ တောင့်တနေတဲ့ Joker 2 ထွက်ရှိလာဖို့ဟာ သေချာသွားပြီ ဖြစ်ပြီး Joaquin Phoenix ကပဲ Arthur Fleck အနေနဲ့ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ဒါရိုက်တာ Todd Philips ဟာ Joker 2 ဇာတ်ညွှန်းရဲ့ ကာဗာနဲ့ Joaquin Phoenix က အဲဒီဇာတ်ညွှန်းကို ဖတ်ရှုနေတဲ့ပုံကို အင်စတာဂရမ်ပေါ်မှာ မျှဝေပေးခဲ့ပါတယ်။ အဲဒီကာဗာမှာတော့ Joker: Folie a Deux လို့ ရေးသားထားပြီး လူနှစ်ယောက်ရဲ့ ရူးသွပ်မှုလို့ အကြမ်းဖျဉ်း ဘာသာပြန်နိုင်ပါတယ်။ ဒါကြောင့်ပဲ Joker 2 ထဲမှာတော့ Joaquin Phoenix ရဲ့ Joker အပြင် တခြား Joker တွေကို မြင်တွေ့ရဦးမလားဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Todd Phillips (@toddphillips)

ပရိသတ်တွေကတော့ Willem Dafoe ရဲ့ No Way Home ထဲက သရုပ်ဆောင်မှုကို မြင်တွေ့ပြီးနောက်မှာ မင်းသားကြီးကို Joker အနေနဲ့ ထည့်သွင်းရိုက်ကူးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။ ယခုအချိန်မှာတော့ Joker 2 ရဲ့ ဇာတ်ညွှန်းဟာ ပြီးစီးသွားပြီ ဖြစ်တာကြောင့် မကြာခင်မှာ ရိုက်ကူးရေး စတင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်နှောင်းပိုင်း၊ ဒါမှမဟုတ် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတို့မှာ ထွက်ရှိလာနိုင်ပါတယ်။ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Joker 2 ထဲမှာတော့ ဘယ်လို ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေကို မြင်တွေ့ရမလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular