HomeCelebs Update NewsInternationalGoT ထဲက Sophie Turner ရဲ႕လူစားထိုးသရုပ္ေဆာင္ကို Joe Jonas ကလူမွားၿပီး နမ္းမိမလိုျဖစ္ခဲ့

GoT ထဲက Sophie Turner ရဲ႕လူစားထိုးသရုပ္ေဆာင္ကို Joe Jonas ကလူမွားၿပီး နမ္းမိမလိုျဖစ္ခဲ့

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Game of Thrones ဇာတ္လမ္းတြဲ ရိုက္ကူးေနစဥ္တုန္းက Joe Jonas ဟာ Sophie Turner ရဲ႕ လူစားထိုးသရုပ္ေဆာင္ကို Sophie အမွတ္နဲ႔ မွားၿပီး နမ္းမိေတာ့မလို ျဖစ္ခဲ့ဖူးတယ္လို႔ hollywoodlife ၀က္္ဘ္ဆိုဒ္ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ Sansa Stark ဇာတ္ေကာင္အတြက္ လိုအပ္တဲ့ေနရာေတြမွာ လူစားထိုးသရုပ္ေဆာင္ေပးရတဲ့ Laura Butler ဟာ Sophie Turner နဲ႔ တကယ္ႀကီး ရုပ္ခ်င္းဆင္လြန္းလို႔ ခ်စ္သူ Joe Jonas ကေတာင္ လူမွားခဲ့ရတယ္လို႔ ဆိုပါတယ္။

အသက္(၂၂)ႏွစ္အရြယ္ရိွၿပီျဖစ္တဲ့ Laura Butler ဟာ Sophie Turner နဲ႔ ေတာ္ေတာ္ေလး ရုပ္ဆင္တာေၾကာင့္ ခဏခဏ လူမွားခံရတယ္လို႔ Dailymail နဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာျပဖူးပါတယ္။ တစ္ခါတုန္းက အိုင္ယာလန္ႏိုင္ငံမွာ ရိုက္ကူးေနတဲ့ GoT ရိုက္ကြင္းတစ္ခုမွာ Arya Stark အျဖစ္ သရုပ္ေဆာင္ထားတဲ့ Sophie ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္း Maisie Williams ကလည္း Laura ကို Sophie အမွတ္နဲ႔ စကားေတြ ေျပာေနခဲ့ၿပီး ေနာက္မွလူမွားေနမွန္း သိခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒီအထိလည္း Laura ဟာ သူမကိုယ္သူမ Sophie နဲ႔ အဲ့ေလာက္ႀကီး ဆင္တူေနခဲ့မွန္း မသိခဲ့ပါေသးဘူး။ တစ္ေန႔မွာေတာ့ Joe Jonas ဟာ ရိုက္ကြင္းေပၚကို ေရာက္ခ်လာၿပီး ထိုင္ေနတဲ့ Laura ကို ငုံ႔ၿပီးနမ္းေတာ့မလို လုပ္ေနေတာ့မွ Sophie နဲ႔ တကယ္ႀကီး ရုပ္တူေနတယ္ဆိုတာ သိခ့ဲရတယ္လို႔ ေျပာျပပါတယ္။

Copyright @sophiet IG

ဒီအေၾကာင္းကို Sophie ကလည္း ဇြန္လတုန္းက ၾသစေတ်းလ် ေရဒီယိုလိုင္း Nova နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ ေဖာက္သည္ခ်ခဲ့ပါေသးတယ္။ “Joe က သူ႔အနားကိုသြားၿပီး နမ္းမလို႔ လုပ္ခဲ့ပါေသးတယ္။ ၿပီးေတာ့မွ အိုး … ေဆာရီး ေဆာရီး Sophie မဟုတ္ဘူးဟဆိုၿပီး ျဖစ္သြားတယ္” လို႔ ေျပာျပခဲ့တာပါ။ ဆက္လက္ၿပီး Sophie က “Laura ကေတာ့ ဒါကို ခ်ီးမြမ္းတယ္လို႔ပဲ ယူဆပါတယ္။ တကယ္လည္း ခ်ီးမြမ္းစရာတစ္ခုပါပဲ” လို႔ သူမရဲ႕ထင္ျမင္ခ်က္ကို ေျပာျပခဲ့ပါတယ္။

Laura Butler ဟာ တကယ္လည္း Sophie Turner နဲ႔ ဆင္တူေနသူပါ။ ဆံပင္အနီေရာင္၊ မ်က္လုံးအျပာနဲ႔ ရွည္သြယ္တဲ့ ခႏၶာကိုယ္ေၾကာင့္ အမႊာေတြလားလို႔ေတာင္ ထင္စရာပါ။ Game of Thrones ရိုက္ကြင္းမွာတုန္းကဆိုရင္ Laura မို႔ Sansa Stark ရဲ႕ ၀တ္စုံေတြ ၀တ္ထားလိုက္ရင္ တကယ့္ Sophie Turner အတိုင္းပဲ ခြဲမရေအာင္ တူတယ္လို႔လည္း ဆိုၾကပါတယ္။

Photo via dailymail
Photo via dailymail

ႏွစ္ေယာက္သားဟာ ဒီလိုမ်ိဳး ထူးထူးဆန္းဆန္း ရုပ္ခ်င္းဆင္ေနၾကေပမယ့္ Laura ကေတာ့ အျပင္မွာေရာ ေက်ာင္းမွာပါ သူမကို Sophie နဲ႔ လူမွားၾကတာကို နားမလည္ႏိုင္ဘူးလို႔ ေျပာပါတယ္။ “ဓာတ္ပုံထဲမွာ ၾကည့္လိုက္ရင္သာ ကၽြန္မတို႔ႏွစ္ေယာက္က တူေနတာပါ။ ကၽြန္မက သူနဲ႔ယွဥ္ရပ္လိုက္ရင္ျဖစ္ျဖစ္၊ သူ႔ကိုေသေသခ်ာ်ခ်ာ ၾကည့္လိုက္ရင္ျဖစ္ျဖစ္ တူတယ္လို႔ မထင္ရပါဘူး။ တကယ္လို႔ တူတယ္ဆိုလို႔ရိွရင္လည္း Sophie ထက္ ကာရိုက္တာနဲ႔ ပိုတူေနတာသာ ျဖစ္မွာပါ။ ဆံပင္အေရာင္ေၾကာင့္လားဆိုတာေတာ့ ကၽြန္မလည္း မေျပာတတ္ပါဘူး။ ဒါေပမယ့္ Sophie ကိုယ္တိုင္ကေတာင္ ဒါကေတာ့ ေၾကာင္ေတာင္ေတာင္ႏိုင္တယ္လို႔ ေျပာဖူးပါတယ္။ ေက်ာင္းမွာလည္း သူငယ္ခ်င္းေတြက တစ္ခ်ိန္လုံး ကၽြန္မကို တူတယ္လို႔ပဲ ေျပာေနၾကတာ။ Sophie ရဲ႕ ဓာတ္ပုံေတြကို ကၽြန္မ ေတြ႕ပါတယ္။ ကၽြန္မက သူနဲ႔ဘာမွမတူပါဘူး။ ကၽြန္မအထင္အရ ေျပာရရင္ေတာ့ မတူဘူးလို႔ ထင္တယ္။ ဒါေပမယ့္ သူမ်ားေတြကေတာ့ တူတယ္လို႔ ထင္ေနၾကတယ္” လို႔ Laura က သူမရဲ႕အျမင္ကို ေျပာျပထားပါတယ္။

Photo via dailymail

မၾကာေသးမီက Disneyland ကို သြားလည္တုန္းကလည္း သူငယ္ခ်င္းနဲ႔အတူ ကားေပၚက ဆင္းဆင္းခ်င္းပဲ လူေတြက Laura ကို Sophie အမွတ္နဲ႔ စုၿပံဳတိုးၿပီး ဆယ္လ္ဖီရိုက္ဖို႔၊ လက္မွတ္ထိုးေပးဖို႔ ၀ိုင္းေတာင္းဆိုၾကတယ္လို႔ ဆိုပါတယ္။ သူမကေတာ့ ရယ္ရယ္ေမာေမာနဲ႔႔ပဲ မဟုတ္ေၾကာင္း ျငင္းခဲ့တယ္လို႔ သိရပါတယ္။ တကယ့္ ကမာၻေက်ာ္ မင္းသမီးတစ္လက္နဲ႔ ရုပ္ခ်င္းဆင္တူေနေပမယ့္ Laura ကေတာ့ အဲ့ဒါကို မာန္တက္မေနပါဘူး။ “ရုပ္ခ်င္းတူေနတာနဲ႔ပဲ ကၽြန္မအတြက္ သက္ေရာက္မႈတစ္စုံတစ္ရာ မရိွပါဘူး။ ကၽြန္မတို႔ဟာ မတူညီတဲ့ ဘ၀ႏွစ္ခုမွာ ေနထိုင္ေနၾကတဲ့ လူႏွစ္ေယာက္ပါပဲ” လို႔ သူမရဲ႕ခံစားခ်က္ကို Laura က ဖြင့္ခ်ထားပါတယ္။

Xei

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Game of Thrones ဇာတ်လမ်းတွဲ ရိုက်ကူးနေစဉ်တုန်းက Joe Jonas ဟာ Sophie Turner ရဲ့ လူစားထိုးသရုပ်ဆောင်ကို Sophie အမှတ်နဲ့ မှားပြီး နမ်းမိတော့မလို ဖြစ်ခဲ့ဖူးတယ်လို့ hollywoodlife ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ Sansa Stark ဇာတ်ကောင်အတွက် လိုအပ်တဲ့နေရာတွေမှာ လူစားထိုးသရုပ်ဆောင်ပေးရတဲ့ Laura Butler ဟာ Sophie Turner နဲ့ တကယ်ကြီး ရုပ်ချင်းဆင်လွန်းလို့ ချစ်သူ Joe Jonas ကတောင် လူမှားခဲ့ရတယ်လို့ ဆိုပါတယ်။

အသက်(၂၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Laura Butler ဟာ Sophie Turner နဲ့ တော်တော်လေး ရုပ်ဆင်တာကြောင့် ခဏခဏ လူမှားခံရတယ်လို့ Dailymail နဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြဖူးပါတယ်။ တစ်ခါတုန်းက အိုင်ယာလန်နိုင်ငံမှာ ရိုက်ကူးနေတဲ့ GoT ရိုက်ကွင်းတစ်ခုမှာ Arya Stark အဖြစ် သရုပ်ဆောင်ထားတဲ့ Sophie ရဲ့ အချစ်ဆုံးသူငယ်ချင်း Maisie Williams ကလည်း Laura ကို Sophie အမှတ်နဲ့ စကားတွေ ပြောနေခဲ့ပြီး နောက်မှလူမှားနေမှန်း သိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအထိလည်း Laura ဟာ သူမကိုယ်သူမ Sophie နဲ့ အဲ့လောက်ကြီး ဆင်တူနေခဲ့မှန်း မသိခဲ့ပါသေးဘူး။ တစ်နေ့မှာတော့ Joe Jonas ဟာ ရိုက်ကွင်းပေါ်ကို ရောက်ချလာပြီး ထိုင်နေတဲ့ Laura ကို ငုံ့ပြီးနမ်းတော့မလို လုပ်နေတော့မှ Sophie နဲ့ တကယ်ကြီး ရုပ်တူနေတယ်ဆိုတာ သိခဲ့ရတယ်လို့ ပြောပြပါတယ်။

Copyright @sophiet IG

ဒီအကြောင်းကို Sophie ကလည်း ဇွန်လတုန်းက သြစတျေးလျ ရေဒီယိုလိုင်း Nova နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖောက်သည်ချခဲ့ပါသေးတယ်။ “Joe က သူ့အနားကိုသွားပြီး နမ်းမလို့ လုပ်ခဲ့ပါသေးတယ်။ ပြီးတော့မှ အိုး … ဆောရီး ဆောရီး Sophie မဟုတ်ဘူးဟဆိုပြီး ဖြစ်သွားတယ်” လို့ ပြောပြခဲ့တာပါ။ ဆက်လက်ပြီး Sophie က “Laura ကတော့ ဒါကို ချီးမွမ်းတယ်လို့ပဲ ယူဆပါတယ်။ တကယ်လည်း ချီးမွမ်းစရာတစ်ခုပါပဲ” လို့ သူမရဲ့ထင်မြင်ချက်ကို ပြောပြခဲ့ပါတယ်။

Laura Butler ဟာ တကယ်လည်း Sophie Turner နဲ့ ဆင်တူနေသူပါ။ ဆံပင်အနီရောင်၊ မျက်လုံးအပြာနဲ့ ရှည်သွယ်တဲ့ ခန္ဓာကိုယ်ကြောင့် အမွှာတွေလားလို့တောင် ထင်စရာပါ။ Game of Thrones ရိုက်ကွင်းမှာတုန်းကဆိုရင် Laura မို့ Sansa Stark ရဲ့ ဝတ်စုံတွေ ဝတ်ထားလိုက်ရင် တကယ့် Sophie Turner အတိုင်းပဲ ခွဲမရအောင် တူတယ်လို့လည်း ဆိုကြပါတယ်။

Photo via dailymail
Photo via dailymail

နှစ်ယောက်သားဟာ ဒီလိုမျိုး ထူးထူးဆန်းဆန်း ရုပ်ချင်းဆင်နေကြပေမယ့် Laura ကတော့ အပြင်မှာရော ကျောင်းမှာပါ သူမကို Sophie နဲ့ လူမှားကြတာကို နားမလည်နိုင်ဘူးလို့ ပြောပါတယ်။ “ဓာတ်ပုံထဲမှာ ကြည့်လိုက်ရင်သာ ကျွန်မတို့နှစ်ယောက်က တူနေတာပါ။ ကျွန်မက သူနဲ့ယှဉ်ရပ်လိုက်ရင်ဖြစ်ဖြစ်၊ သူ့ကိုသေသေချာျချာ ကြည့်လိုက်ရင်ဖြစ်ဖြစ် တူတယ်လို့ မထင်ရပါဘူး။ တကယ်လို့ တူတယ်ဆိုလို့ရှိရင်လည်း Sophie ထက် ကာရိုက်တာနဲ့ ပိုတူနေတာသာ ဖြစ်မှာပါ။ ဆံပင်အရောင်ကြောင့်လားဆိုတာတော့ ကျွန်မလည်း မပြောတတ်ပါဘူး။ ဒါပေမယ့် Sophie ကိုယ်တိုင်ကတောင် ဒါကတော့ ကြောင်တောင်တောင်နိုင်တယ်လို့ ပြောဖူးပါတယ်။ ကျောင်းမှာလည်း သူငယ်ချင်းတွေက တစ်ချိန်လုံး ကျွန်မကို တူတယ်လို့ပဲ ပြောနေကြတာ။ Sophie ရဲ့ ဓာတ်ပုံတွေကို ကျွန်မ တွေ့ပါတယ်။ ကျွန်မက သူနဲ့ဘာမှမတူပါဘူး။ ကျွန်မအထင်အရ ပြောရရင်တော့ မတူဘူးလို့ ထင်တယ်။ ဒါပေမယ့် သူများတွေကတော့ တူတယ်လို့ ထင်နေကြတယ်” လို့ Laura က သူမရဲ့အမြင်ကို ပြောပြထားပါတယ်။

Photo via dailymail

မကြာသေးမီက Disneyland ကို သွားလည်တုန်းကလည်း သူငယ်ချင်းနဲ့အတူ ကားပေါ်က ဆင်းဆင်းချင်းပဲ လူတွေက Laura ကို Sophie အမှတ်နဲ့ စုပြုံတိုးပြီး ဆယ်လ်ဖီရိုက်ဖို့၊ လက်မှတ်ထိုးပေးဖို့ ဝိုင်းတောင်းဆိုကြတယ်လို့ ဆိုပါတယ်။ သူမကတော့ ရယ်ရယ်မောမောနဲ့ပဲ မဟုတ်ကြောင်း ငြင်းခဲ့တယ်လို့ သိရပါတယ်။ တကယ့် ကမ္ဘာကျော် မင်းသမီးတစ်လက်နဲ့ ရုပ်ချင်းဆင်တူနေပေမယ့် Laura ကတော့ အဲ့ဒါကို မာန်တက်မနေပါဘူး။ “ရုပ်ချင်းတူနေတာနဲ့ပဲ ကျွန်မအတွက် သက်ရောက်မှုတစ်စုံတစ်ရာ မရှိပါဘူး။ ကျွန်မတို့ဟာ မတူညီတဲ့ ဘဝနှစ်ခုမှာ နေထိုင်နေကြတဲ့ လူနှစ်ယောက်ပါပဲ” လို့ သူမရဲ့ခံစားချက်ကို Laura က ဖွင့်ချထားပါတယ်။

Xei

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular