HomeEntertainmentFilmThe Princess ဆိုတဲ့ ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်သွားမယ့် Joey King

The Princess ဆိုတဲ့ ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်သွားမယ့် Joey King

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix ရဲ့ The Kissing Booth ထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Joey King ဟာ The Princess လို့ခေါ်တဲ့ ရုပ်ရှင်ကားသစ်ထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားကိုတော့ 20th Century စတူဒီယိုက ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီရုပ်ရှင်ဇာတ်ကားကို Hulu streaming service မှာ ပြသသွားမယ်လို့လည်း သိရပါတယ်။

photo via joeyking/instagram

ဒီဇာတ်လမ်းအတွက် ဇာတ်ညွှန်းကိုတော့ Ben Lustig နဲ့ Jake Thornton တို့က အတူတွဲဖက်ပြီးတော့ ရေးသားသွားမှာ ဖြစ်ပါတယ်။ Neal H Moritz နဲ့ Toby Jaffe ကတော့ Derek Kolstad နဲ့အတူ တွဲဖက်ပြီးတော့ ဒီဇာတ်လမ်းအတွက် ထုတ်လုပ်သူတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းနဲ့ ပတ်သက်ပြီးတော့ ဘာမှမသိရသေးပါဘူး။

Photo: joeyking/ Instagram

Joey King ဟာ Netflix က ထုတ်လုပ်ခဲ့တဲ့ Kissing Booth ဇာတ်လမ်းတွေထဲက သူမရဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တေွကြားမှာ အတော်လေး နာမည်ကြီးလာခဲ့ပါတယ်။ အဲ့ဒါတင်မကသေးဘဲ သူမဟာ အက်ရှင် ထိတ်လန့်သည်းဖို အမျိူးအစားဖြစ်တဲ့  Bullet Train လို့ခေါ်တဲ့ ရုပ်ရှင်ထဲမှာလည်း နာမည်ကြီးသရုပ်ဆောင်ဖြစ်သူ Brad Pitt နဲ့အတူ သရုပ်ဆောင်သွားဖို့လည်း ရှိပါသေးတယ်။ အဲ့ဒီဇာတ်လမ်းကတော့ ဂျပန်ဝတ္ထုကို အခြေခံပြီးတော့ ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Legos

Source: indian express

(Zawgyi Version)

Netflix ရဲ႕ The Kissing Booth ထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီးေလး Joey King ဟာ The Princess လို႔ေခၚတဲ့ ႐ုပ္ရွင္ကားသစ္ထဲမွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

အဆိုပါ႐ုပ္ရွင္ဇာတ္ကားကိုေတာ့ 20th Century စတူဒီယိုက ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ Deadline သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဒီ႐ုပ္ရွင္ဇာတ္ကားကို Hulu streaming service မွာ ျပသသြားမယ္လို႔လည္း သိရပါတယ္။

photo via joeyking/instagram

ဒီဇာတ္လမ္းအတြက္ ဇာတ္ၫႊန္းကိုေတာ့ Ben Lustig နဲ႔ Jake Thornton တို႔က အတူတြဲဖက္ၿပီးေတာ့ ေရးသားသြားမွာ ျဖစ္ပါတယ္။ Neal H Moritz နဲ႔ Toby Jaffe ကေတာ့ Derek Kolstad နဲ႔အတူ တြဲဖက္ၿပီးေတာ့ ဒီဇာတ္လမ္းအတြက္ ထုတ္လုပ္သူေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီ႐ုပ္ရွင္ရဲ႕ ဇာတ္လမ္းနဲ႔ ပတ္သက္ၿပီးေတာ့ ဘာမွမသိရေသးပါဘူး။

Photo: joeyking/ Instagram

Joey King ဟာ Netflix က ထုတ္လုပ္ခဲ့တဲ့ Kissing Booth ဇာတ္လမ္းေတြထဲက သူမရဲ႕သ႐ုပ္ေဆာင္မႈေတြေၾကာင့္ ပရိသတ္ေတြၾကားမွာ အေတာ္ေလး နာမည္ႀကီးလာခဲ့ပါတယ္။ အဲ့ဒါတင္မကေသးဘဲ သူမဟာ အက္ရွင္ ထိတ္လန႔္သည္းဖို အမ်ိဴးအစားျဖစ္တဲ့  Bullet Train လို႔ေခၚတဲ့ ႐ုပ္ရွင္ထဲမွာလည္း နာမည္ႀကီးသ႐ုပ္ေဆာင္ျဖစ္သူ Brad Pitt နဲ႔အတူ သ႐ုပ္ေဆာင္သြားဖို႔လည္း ရွိပါေသးတယ္။ အဲ့ဒီဇာတ္လမ္းကေတာ့ ဂ်ပန္ဝတၳဳကို အေျခခံၿပီးေတာ့ ျပန္လည္႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။

Legos

Source: indian express

RELATED ARTICLES

Most Popular