HomeCelebs Update NewsInternationalတတိယမြောက်ရင်သွေးလေးကို ရရှိတော့မယ့် အဆိုတော် John Legend တို့မောင်နှံ

တတိယမြောက်ရင်သွေးလေးကို ရရှိတော့မယ့် အဆိုတော် John Legend တို့မောင်နှံ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်အဆိုတော် John Legend နဲ့ မော်ဒယ်လ် Chrissy Teigen တို့ဟာ တတိယမြောက်ရင်သွေးလေးကို ရရှိတော့မှာ ဖြစ်ပါတယ်။

John Legend နဲ့ ဇနီးသည် Chrissy Teigen တို့ဟာ တတိယမြောက် ရင်သွေးလေး ရရှိတော့မယ့်အကြောင်းကိုတော့ John Legend ရဲ့အသစ်ထွက်ရှိထားတဲ့ Wild ဆိုတဲ့ music video ထဲမှာ မသိမသာလေး စတင်ထုတ်ဖော်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဩဂုတ်လ(၁၃)ရက်နေ့မှာတော့ John Legend တို့မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက အတည်ပြုပေးချက်အရ သူတို့မောင်နှံမှာ ရင်သွေးလေး လွယ်ထားရတာ အမှန်တကယ်ဖြစ်တယ်လို့ မီဒီယာများစွာမှာ ဖော်ပြခဲ့ကြပါတယ်။

Photo: cravingsbychrissyteigen/ Instagram

သူတို့မောင်နှံဟာ အဆိုပါ music video မထွက်ခင် အချိန်အနည်းငယ်အလိုမှာ YouTube မှာ live လွှင့်ပြီး အမေးအဖြေကဏ္ဍကို ပြုလုပ်ခဲ့ပါသေးတယ်။ အဲ့ဒီ့အချိန်မှာတုန်းကတော့ ကိုယ်ဝန်ကိစ္စကို စိုးစဉ်းမျှ အသိမပေးခဲ့ပါဘူး။ MV ထွက်လာတော့မှ လူတွေက တီးတိုးတီးတိုး သဖန်းပိုး လုပ်လာကြတဲ့အတွက် နောက်ဆုံးမှာ တရားဝင် ကြေညာပေးလိုက်တာ ဖြစ်ပါတယ်။

Photo: chrissyteigen/ Instagram

အသက်(၃၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မော်ဒယ်လ် Chrissy Teigen နဲ့ အသက်(၄၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ John Legend တို့မှာ Luna Simone Stephens ဆိုတဲ့ အသက်(၄)နှစ်အရွယ် သမီးလေးနဲ့ Miles Theodore Stephens ဆိုတဲ့ အသက်(၂)နှစ်အရွယ် သားလေးတစ်ယောက်စီကို ပိုင်ဆိုင်ထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အခုလွယ်ထားရတဲ့ ကိုယ်ဝန်မွေးဖွားလာမယ်ဆိုရင်တော့ သားသမီးသုံးယောက်နဲ့ မြိုင်ဆိုင်တဲ့ မိသားစုဘဝလေးကို ရရှိတော့မှာ ဖြစ်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

နာမည္ေက်ာ္အဆိုေတာ္ John Legend နဲ႔ ေမာ္ဒယ္လ္ Chrissy Teigen တို႔ဟာ တတိယေျမာက္ရင္ေသြးေလးကို ရရွိေတာ့မွာ ျဖစ္ပါတယ္။

John Legend နဲ႔ ဇနီးသည္ Chrissy Teigen တို႔ဟာ တတိယေျမာက္ ရင္ေသြးေလး ရရွိေတာ့မယ့္အေၾကာင္းကိုေတာ့ John Legend ရဲ႕အသစ္ထြက္ရွိထားတဲ့ Wild ဆိုတဲ့ music video ထဲမွာ မသိမသာေလး စတင္ထုတ္ေဖာ္လိုက္တာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ ဩဂုတ္လ(၁၃)ရက္ေန႔မွာေတာ့ John Legend တို႔မိသားစုနဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းက အတည္ျပဳေပးခ်က္အရ သူတို႔ေမာင္ႏွံမွာ ရင္ေသြးေလး လြယ္ထားရတာ အမွန္တကယ္ျဖစ္တယ္လို႔ မီဒီယာမ်ားစြာမွာ ေဖာ္ျပခဲ့ၾကပါတယ္။

Photo: cravingsbychrissyteigen/ Instagram

သူတို႔ေမာင္ႏွံဟာ အဆိုပါ music video မထြက္ခင္ အခ်ိန္အနည္းငယ္အလိုမွာ YouTube မွာ live လႊင့္ၿပီး အေမးအေျဖက႑ကို ျပဳလုပ္ခဲ့ပါေသးတယ္။ အဲ့ဒီ့အခ်ိန္မွာတုန္းကေတာ့ ကိုယ္ဝန္ကိစၥကို စိုးစဥ္းမွ် အသိမေပးခဲ့ပါဘူး။ MV ထြက္လာေတာ့မွ လူေတြက တီးတိုးတီးတိုး သဖန္းပိုး လုပ္လာၾကတဲ့အတြက္ ေနာက္ဆုံးမွာ တရားဝင္ ေၾကညာေပးလိုက္တာ ျဖစ္ပါတယ္။

Photo: chrissyteigen/ Instagram

အသက္(၃၄)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ ေမာ္ဒယ္လ္ Chrissy Teigen နဲ႔ အသက္(၄၁)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ John Legend တို႔မွာ Luna Simone Stephens ဆိုတဲ့ အသက္(၄)ႏွစ္အ႐ြယ္ သမီးေလးနဲ႔ Miles Theodore Stephens ဆိုတဲ့ အသက္(၂)ႏွစ္အ႐ြယ္ သားေလးတစ္ေယာက္စီကို ပိုင္ဆိုင္ထားၿပီးသား ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုလြယ္ထားရတဲ့ ကိုယ္ဝန္ေမြးဖြားလာမယ္ဆိုရင္ေတာ့ သားသမီးသုံးေယာက္နဲ႔ ၿမိဳင္ဆိုင္တဲ့ မိသားစုဘဝေလးကို ရရွိေတာ့မွာ ျဖစ္ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular