HomeCelebs Update NewsInternationalမင်းသားကြီး John Travolta ရဲ့ အနေအေးတဲ့ ချစ်သမီးလေး Ella Travolta 

မင်းသားကြီး John Travolta ရဲ့ အနေအေးတဲ့ ချစ်သမီးလေး Ella Travolta 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Ella Travolta ဟာ နာမည်ကျော် မင်းသားကြီး John Travolta နဲ့ မင်းသမီးကြီး Kelly Preston တို့ရဲ့ သမီးလေး ဖြစ်ပါတယ်။ သူမဟာ talent ရှိတဲ့ တက်သစ်စ သရုပ်ဆောင်လေးအဖြစ် သတိထားခံရသလို မိဘနှစ်ပါးရဲ့ တုန်နေအောင် ချစ်ရတဲ့ သမီးလေးတစ်ယောက်အဖြစ်လည်း ကျော်ကြားသူ ဖြစ်ပါတယ်။

သူမဟာ ဧပြီလ(၃)ရက်နေ့ ၂၀၀၀ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်လို့ အသက်(၂၀)နှစ်သာ ရှိသေးပြီး အမည်ရင်းကတော့ Ella Bleu Travolta ဖြစ်ပါတယ်။ သူမဟာ အသက်(၆၆)နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီး John Travolta ရဲ့ သမီးလေးဖြစ်ပြီး သူမရဲ့မိခင် မင်းသမီးကြီး Kelly Preston ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ရင်သားကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

မိသားစုကို ချစ်ခင်တွယ်တာပြီး အနေအေးတဲ့ ကောင်မလေး Ella Travolta နဲ့ ပတ်သက်ပြီး သိထားရမယ့်အချက်လေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Photo: johntravolta/ Instagram
သူမဟာ အလတ်မလေး ဖြစ်ပါတယ်။

Ella ဟာ John Travolta တို့ရဲ့ အကြီးဆုံးသမီး မဟုတ်ပါဘူး။ တကယ်တော့ သူမဟာ အလတ်ဖြစ်ပါတယ်။ သူမရဲ့အထက်မှာ Jett Travolta ဆိုတဲ့ အစ်ကိုတစ်ဦးရှိပြီး ၂၀၀၉ခုနှစ် ဇန်နဝါရီလမှာ အသက်(၁၆)နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ Jett ဟာ အဖေဖြစ်သူ John နဲ့ အတော်လေး ဆင်တူတဲ့ သားတစ်ယောက်ဖြစ်ပေမယ့် စိတ်မကောင်းစရာနဲ့ပဲ အတက်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ Ella ရဲ့အောက်မှာတော့ ၂၀၁၀ခုနှစ် နိုဝင်ဘာလမှာ မွေးဖွားခဲ့တဲ့ အငယ်ဆုံးမောင်လေး Benjamin ရှိပါသေးတယ်။

Photo: ella.travolta/ Instagram
သူမဟာ The Poison Rose ဆိုတဲ့ ရုပ်ရှင်ထဲမှာ ဖခင်နဲ့အတူတွဲပြီး သရုပ်ဆောင်ထားဖူးပါတယ်။

Ella ဟာ အဆိုပါရုပ်ရှင်ထဲမှာ ဖခင် John Travolta နဲ့အတူ မင်းသားကြီး Morgan Freeman တို့နဲ့ တွဲဖက်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းကတော့ စုံထောက်တစ်ယောက်ဟာ လူပျောက်အမှုတစ်ခုကို လိုက်လံစုံစမ်းရင်း ရှုပ်ထွေးတဲ့ ပြစ်မှုတွေထဲကို မျောပါသွားခဲ့ရတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ Ella ဟာ ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ သူမဖခင်ရဲ့ Old Dogs ဆိုတဲ့ရုပ်ရှင်ထဲမှာလည်း အခန်းအနည်းငယ်လောက် ပါဝင်သရုပ်ဆောင်ဖူးပါသေးတယ်။

Photo: johntravolta/ Instagram
Ella ဟာ ငယ်ငယ်တည်းက သရုပ်ဆောင်မင်းသမီးတစ်လက် ဖြစ်ချင်ခဲ့သူပါ။

“ကျွန်မက ငယ်ငယ်လေးတည်းက သီချင်းဆိုရတာ၊ ကရတာ၊ သရုပ်ဆောင်ရတာတွေကို ကြိုက်တယ်။ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ရှေ့မှာဆို ငယ်ငယ်တည်းက ခဏခဏ လုပ်ပြလေ့ရှိတယ်… ” လို့ ၂၀၁၉ခုနှစ် မေလက People မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

ဖခင်ဖြစ်သူကတော့ Ella ဟာ သရုပ်ဆောင်ကောင်းတစ်ယောက်ပါဆိုပြီး ကြွားလုံးထုတ်ထားပါသေးတယ်။ “Ella က အံ့ဩစရာကောင်းတဲ့ ကလေးပါ။ သူမဟာ သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။ အဲ့ဒါမို့လို့လည်း သူမကို သရုပ်ဆောင်အလုပ် လုပ်စေချင်ပါတယ်.. ” ဆိုပြီး ၂၀၁၇ခုနှစ်က Hollywood Life နဲ့ အင်တာဗျူးမှာ မင်းသားကြီးက ဆိုထားဖူးပါတယ်။

Photo: ella.travolta/ Instagram
သူမဟာ မင်းသား Taylor Lautner ရဲ့ အမာခံပရိသတ်တစ်ယောက်ပါ။

Ella ဟာ Twilight ဇာတ်ကားထဲက သရုပ်ဆောင် Taylor Lautner ကို စွဲလမ်းနှစ်သက်သူတစ်ဦး ဖြစ်ပြီး တစ်ခါတုန်းကတော့ ဖခင်ရဲ့ကျေးဇူးနဲ့ ခရက်ရှ် အရှေ့မှာ အရှက်ကွဲခဲ့ဖူးပါတယ်။ “Taylor Lautner က ကျွန်မတို့အိမ်ကို လာလည်ဖူးတယ်။ ကျွန်မကလည်း သူ့ကိုအရမ်းကြိုက်တာ။ team Jacob လေ… ”

“အဲ့ဒါ သူ လာမယ်ဆိုတာ သိတော့ ကျွန်မနဲ့ သူငယ်ချင်းတွေက သူ့အကြောင်းတွေကို အင်တာနက်မှာ လျှောက်ရှာကြည့်ကြတာပေါ့။ ပြီးတော့ သူလည်း အိမ်ရောက်လာရော၊ သူ့မိသားစုပါ အတူပါလာတယ်။ အဲ့မှာ သူတို့နဲ့ တွေ့တွေ့ချင်း ဖေဖေက ပြောထည့်လိုက်တာ။ Ella ကတော့ မင်းတို့အကြောင်းကို အင်တာနက်မှာ ကြည့်နေတာဆိုပြီးတော့…။ သိတယ်မှတ်လား။ ဆယ်ကျော်သက်ရွယ်တစ်ယောက်ရဲ့ ခံစားချက်ကို။ တစ်ခါတည်း မျက်နှာကြီးနီပြီး ရှက်သွားတော့တာပဲ… ” လို့ Ella က မေလ(၂၃)ရက်နေ့မှာ Jimmy Kimmel live ကို လာလည်တုန်းက ပြောပြဖူးပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

Ella Travolta ဟာ နာမည္ေက်ာ္ မင္းသားႀကီး John Travolta နဲ႔ မင္းသမီးႀကီး Kelly Preston တို႔ရဲ႕ သမီးေလး ျဖစ္ပါတယ္။ သူမဟာ talent ရွိတဲ့ တက္သစ္စ သ႐ုပ္ေဆာင္ေလးအျဖစ္ သတိထားခံရသလို မိဘႏွစ္ပါးရဲ႕ တုန္ေနေအာင္ ခ်စ္ရတဲ့ သမီးေလးတစ္ေယာက္အျဖစ္လည္း ေက်ာ္ၾကားသူ ျဖစ္ပါတယ္။

သူမဟာ ဧၿပီလ(၃)ရက္ေန႔ ၂၀၀၀ခုႏွစ္မွာ ေမြးဖြားခဲ့သူျဖစ္လို႔ အသက္(၂၀)ႏွစ္သာ ရွိေသးၿပီး အမည္ရင္းကေတာ့ Ella Bleu Travolta ျဖစ္ပါတယ္။ သူမဟာ အသက္(၆၆)ႏွစ္ရွိၿပီျဖစ္တဲ့ မင္းသားႀကီး John Travolta ရဲ႕ သမီးေလးျဖစ္ၿပီး သူမရဲ႕မိခင္ မင္းသမီးႀကီး Kelly Preston ကေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္လမွာ ရင္သားကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ပါတယ္။

မိသားစုကို ခ်စ္ခင္တြယ္တာၿပီး အေနေအးတဲ့ ေကာင္မေလး Ella Travolta နဲ႔ ပတ္သက္ၿပီး သိထားရမယ့္အခ်က္ေလးေတြကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

Photo: johntravolta/ Instagram
သူမဟာ အလတ္မေလး ျဖစ္ပါတယ္။

Ella ဟာ John Travolta တို႔ရဲ႕ အႀကီးဆုံးသမီး မဟုတ္ပါဘူး။ တကယ္ေတာ့ သူမဟာ အလတ္ျဖစ္ပါတယ္။ သူမရဲ႕အထက္မွာ Jett Travolta ဆိုတဲ့ အစ္ကိုတစ္ဦးရွိၿပီး ၂၀၀၉ခုႏွစ္ ဇန္နဝါရီလမွာ အသက္(၁၆)ႏွစ္အ႐ြယ္နဲ႔ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။ Jett ဟာ အေဖျဖစ္သူ John နဲ႔ အေတာ္ေလး ဆင္တူတဲ့ သားတစ္ေယာက္ျဖစ္ေပမယ့္ စိတ္မေကာင္းစရာနဲ႔ပဲ အတက္ေရာဂါနဲ႔ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။ Ella ရဲ႕ေအာက္မွာေတာ့ ၂၀၁၀ခုႏွစ္ ႏိုဝင္ဘာလမွာ ေမြးဖြားခဲ့တဲ့ အငယ္ဆုံးေမာင္ေလး Benjamin ရွိပါေသးတယ္။

Photo: ella.travolta/ Instagram
သူမဟာ The Poison Rose ဆိုတဲ့ ႐ုပ္ရွင္ထဲမွာ ဖခင္နဲ႔အတူတြဲၿပီး သ႐ုပ္ေဆာင္ထားဖူးပါတယ္။

Ella ဟာ အဆိုပါ႐ုပ္ရွင္ထဲမွာ ဖခင္ John Travolta နဲ႔အတူ မင္းသားႀကီး Morgan Freeman တို႔နဲ႔ တြဲဖက္သ႐ုပ္ေဆာင္ထားတာပါ။ ဇာတ္လမ္းကေတာ့ စုံေထာက္တစ္ေယာက္ဟာ လူေပ်ာက္အမႈတစ္ခုကို လိုက္လံစုံစမ္းရင္း ရႈပ္ေထြးတဲ့ ျပစ္မႈေတြထဲကို ေမ်ာပါသြားခဲ့ရတဲ့ ဇာတ္လမ္း ျဖစ္ပါတယ္။ Ella ဟာ ၂၀၀၉ခုႏွစ္က ထြက္ရွိခဲ့တဲ့ သူမဖခင္ရဲ႕ Old Dogs ဆိုတဲ့႐ုပ္ရွင္ထဲမွာလည္း အခန္းအနည္းငယ္ေလာက္ ပါဝင္သ႐ုပ္ေဆာင္ဖူးပါေသးတယ္။

Photo: johntravolta/ Instagram
Ella ဟာ ငယ္ငယ္တည္းက သ႐ုပ္ေဆာင္မင္းသမီးတစ္လက္ ျဖစ္ခ်င္ခဲ့သူပါ။

“ကြၽန္မက ငယ္ငယ္ေလးတည္းက သီခ်င္းဆိုရတာ၊ ကရတာ၊ သ႐ုပ္ေဆာင္ရတာေတြကို ႀကိဳက္တယ္။ မိသားစုနဲ႔ သူငယ္ခ်င္းေတြရဲ႕ေရွ႕မွာဆို ငယ္ငယ္တည္းက ခဏခဏ လုပ္ျပေလ့ရွိတယ္… ” လို႔ ၂၀၁၉ခုႏွစ္ ေမလက People မဂၢဇင္းနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေျဖဆိုထားပါတယ္။

ဖခင္ျဖစ္သူကေတာ့ Ella ဟာ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ပါဆိုၿပီး ႂကြားလုံးထုတ္ထားပါေသးတယ္။ “Ella က အံ့ဩစရာေကာင္းတဲ့ ကေလးပါ။ သူမဟာ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ပါ။ အဲ့ဒါမို႔လို႔လည္း သူမကို သ႐ုပ္ေဆာင္အလုပ္ လုပ္ေစခ်င္ပါတယ္.. ” ဆိုၿပီး ၂၀၁၇ခုႏွစ္က Hollywood Life နဲ႔ အင္တာဗ်ဴးမွာ မင္းသားႀကီးက ဆိုထားဖူးပါတယ္။

Photo: ella.travolta/ Instagram
သူမဟာ မင္းသား Taylor Lautner ရဲ႕ အမာခံပရိသတ္တစ္ေယာက္ပါ။

Ella ဟာ Twilight ဇာတ္ကားထဲက သ႐ုပ္ေဆာင္ Taylor Lautner ကို စြဲလမ္းႏွစ္သက္သူတစ္ဦး ျဖစ္ၿပီး တစ္ခါတုန္းကေတာ့ ဖခင္ရဲ႕ေက်းဇူးနဲ႔ ခရက္ရွ္ အေရွ႕မွာ အရွက္ကြဲခဲ့ဖူးပါတယ္။ “Taylor Lautner က ကြၽန္မတို႔အိမ္ကို လာလည္ဖူးတယ္။ ကြၽန္မကလည္း သူ႔ကိုအရမ္းႀကိဳက္တာ။ team Jacob ေလ… ”

“အဲ့ဒါ သူ လာမယ္ဆိုတာ သိေတာ့ ကြၽန္မနဲ႔ သူငယ္ခ်င္းေတြက သူ႔အေၾကာင္းေတြကို အင္တာနက္မွာ ေလွ်ာက္ရွာၾကည့္ၾကတာေပါ့။ ၿပီးေတာ့ သူလည္း အိမ္ေရာက္လာေရာ၊ သူ႔မိသားစုပါ အတူပါလာတယ္။ အဲ့မွာ သူတို႔နဲ႔ ေတြ႕ေတြ႕ခ်င္း ေဖေဖက ေျပာထည့္လိုက္တာ။ Ella ကေတာ့ မင္းတို႔အေၾကာင္းကို အင္တာနက္မွာ ၾကည့္ေနတာဆိုၿပီးေတာ့…။ သိတယ္မွတ္လား။ ဆယ္ေက်ာ္သက္႐ြယ္တစ္ေယာက္ရဲ႕ ခံစားခ်က္ကို။ တစ္ခါတည္း မ်က္ႏွာႀကီးနီၿပီး ရွက္သြားေတာ့တာပဲ… ” လို႔ Ella က ေမလ(၂၃)ရက္ေန႔မွာ Jimmy Kimmel live ကို လာလည္တုန္းက ေျပာျပဖူးပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular