HomeEntertainmentFilmJohn Wick 4 ဟာ သရုပ်ဆောင်ရတာ အခက်ခဲဆုံးပဲဆိုတဲ့ Keanu Reeves

John Wick 4 ဟာ သရုပ်ဆောင်ရတာ အခက်ခဲဆုံးပဲဆိုတဲ့ Keanu Reeves

မင်းသားကြီး Keanu Reeves ကတော့ John Wick: Chapter 4 ဟာ သူသရုပ်ဆောင်ခဲ့သမျှထဲမှာ အခက်ခဲဆုံးရုပ်ရှင်ပဲလို့ ဆိုပါတယ်။ မင်းသားကြီး Keanu Reeves ဟာ သူ့ရဲ့ သရုပ်ဆောင်သက်တမ်းတလျှောက်မှာ Speed ၊ The Matrix နဲ့ Constantine တို့လို အက်ရှင်ဇာတ်လမ်းတွေများစွာ ရိုက်ကူးခဲ့ဖူးပြီး စတန့်တွေကိုလည်း ကိုယ်တိုင်ပြုလုပ်ခဲ့တာကြောင့် ပရိသတ်တွေကြားမှာ အလွန်အောင်မြင်ကျော်ကြားသူ ဖြစ်ပါတယ်။

photo via screenrant

2022 Brazilian Comic-Con Experience ပွဲမှာတော့ Keanu Reeves ဟာ John Wick: Chapter 4 က အခြားဇာတ်လမ်းတွေထက် အက်ရှင်ဇာတ်ဝင်ခန်းတွေ ပိုမိုပါဝင်နေတယ်လို့ ပြောသွားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ မြင်းစီးရတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ လက်သီးချင်းထိုးတာအပြင် နံချပ်ကူ၊ လေးနဲ့မြားတွေ သုံးထားတဲ့ အက်ရှင်ခန်းတွေပါ ပါဝင်သေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ John Wick 4 ဟာ ပရိသတ်တွေအတွက် စောင့်မျှော်ရကျိူးနပ်စေမယ့် ရုပ်ရှင်တစ်ကား ဖြစ်လာမှာ မလွဲပါဘူး။

ဒီရုပ်ရှင်ဟာ အရင်ရုပ်ရှင်တွေနဲ့ ယှဉ်လိုက်ရင် သရုပ်ဆောင်ရတာ ပိုမိုလွယ်ကူလား၊ ခက်ခဲလားလို့ မေးမြန်းခံရတဲ့ အချိန်မှာတော့ “John Wick 4 က ကျွန်တော် သရုပ်ဆောင်ဖူးသမျှ ရုပ်ရှင်တွေထဲမှာ အခက်ဆုံးပါပဲ။ အက်ရှင်ခန်းတွေအရ ဆိုရင် ကျွန်တော် သရုပ်ဆောင်ဖူးသမျှထဲမှာ အခက်ဆုံးပဲ။ ဒါကြောင့်လည်း ဒီရုပ်ရှင်က ကောင်းနေတာပေါ့ …” လို့ ဖြေကြားခဲ့ပါတယ်။

photo via screenrant

John Wick Franchise ကတော့ နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ Willem Dafoe ၊ Halle Berry နဲ့ Angelica Huston တို့ ပါဝင်ခဲ့သလို ယခုရုပ်ရှင်ထဲမှာလည်း Bill Skarsgard နဲ့ Rina Sawayama တို့ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ပရိသတ်တွေ စောင့်မျှော်နေတဲ့ John Wick: Chapter 4 ကိုတော့ ၂၀၂၃ ခုနှစ် မတ်လ (၂၄)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular