HomeCelebs Update NewsInternationalJohn Wick 4 ရိုက်ကွင်းမှာ ပစ္စည်းတွေ ဝိုင်းသယ်ပေးနေတဲ့ Keanu Reeves

John Wick 4 ရိုက်ကွင်းမှာ ပစ္စည်းတွေ ဝိုင်းသယ်ပေးနေတဲ့ Keanu Reeves

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားကြီး Keanu Reeves ကတော့ အသင်းအဖွဲ့စိတ်ဓာတ် အပြည့်ရှိတဲ့ ကူညီဝိုင်းဝန်းတတ်သူတစ်ယောက် ဖြစ်ပါတယ်။

အဲဒါကတော့ အသက်(၅၇)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Reeves ဟာ John Wick 4 ရဲ့ ရုပ်ရှင်ရိုက်ကွင်းမှာ ပစ္စည်းကိရိယာတွေ ဝိုင်းရွှေ့ပေးနေတာကို တွေ့လိုက်ရလို့ပဲ ဖြစ်ပါတယ်။ ရိုက်ကွင်းပေါ်က ထွက်ပေါ်လာတဲ့ ပုံရိပ်အရ Reeves ဟာ သူ သယ်နိုင်သမျှ ပစ္စည်းကိရိယာတွေကို သယ်ပြီး ရိုက်ကွင်းမှာ နေရာဝိုင်းချပေးနေတာ ဖြစ်ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် မင်းသားကြီးရဲ့ နှိမ့်ချတတ်တဲ့ စိတ်ထားနဲ့ အသင်းအဖွဲ့စိတ်ဓာတ် ပြည့်ဝမှုတို့ကို တွေ့မြင်နိုင်ပါတယ်။ ပုံထဲမှာ မြင်ရတာကတော့ Reeves ဟာ John Wick ဇာတ်ကောင်ရဲ့ ပုံစံအတိုင်း အနက်ရောင်ဝမ်းဆက် tuxedo suit နဲ့ တွေ့ရပြီး တစ်ဖက်က လိမ္မော်ရောင် အသက်ကယ်အင်္ကျီကို ကိုင်ထားကာ နောက်တစ်ဖက်ကတော့ အထုပ်တစ်ထုပ်ကို ဆွဲထားပါတယ်။ ဒါ့အပြင် အနက်ရောင်အိတ်တစ်လုံးကိုလည်း လွယ်ထားပါသေးတယ်။

Photo Credit: KCS Presse/ MEGA

ပရိသတ်တွေကတော့ John Wick ဇာတ်ကားသစ်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါရဲ့ နှောင့်ယှက်မှုကြောင့် John Wick 4 ကို စောင့်ဆိုင်းနေရတာဟာ အခုဆိုရင် နှစ်နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါရိုက်တာ Chad Stahelski ရဲ့ Indie Wire သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ယခုအသစ်ထွက်ရှိလာမယ့် John Wick 4 ကို လုပ်ကြံရေးသမားတွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ပိုမိုနက်နဲစွာ ပြသသွားမှာ ဖြစ်ပြီး John Wick နဲ့ ဇာတ်ကောင်တစ်ခုရဲ့ကြားက ဆက်ဆံရေးတစ်ခုအကြောင်းကိုလည်း ပြသသွားမယ်လို့ ဆိုထားပါတယ်။

Photo via IMDb

“ဇာတ်လမ်းက အရှိန်အကောင်းဆုံးနေရာမှာ ရပ်ထားပေမယ့် ပရိသတ်တွေကတော့ သူ့ရဲ့ နောက်ဆုံး အဆုံးသတ်ကံတရားကို သိချင်နေကြပါတယ်။ John ဟာ ဒီအရာတွေအားလုံးကို ကျော်ဖြတ်နိုင်ကောင်း ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် happy ending တော့ ဖြစ်မှာ မဟုတ်ပါဘူး။ သူ့မှာ ဘယ်မှ သွားစရာနေရာ မရှိပါဘူး … ”

“ကျုပ်ကို ဘယ်လို အဆုံးသတ်မျိုး ရိုက်စေချင်လို့လဲ။ နေဝင်ရီတရောအချိန်လေးမှာ မြင်းတစ်ကောင် စီးသွားတယ်ဆိုတာမျိုးနဲ့ ပြီးသွားမယ်လို့ ထင်နေကြတာလား။ သူက လူအယောက် သုံးရာလောက် သတ်ထားတာလေ။ ပြီးတော့ ဘာမှမဖြစ်ဘဲ ဒီတိုင်းလေး လွတ်သွားမယ်လို့ ထင်နေကြတယ်ပေါ့ … ”

Photo via IMDb

“သူက တစ်ယောက်ယောက်နဲ့ ချစ်ကြိုက်မိဦးမှာလားလို့လည်း မေးကြတယ်။ ခင်ဗျားကသာ အဲဒီလူဖြစ်နေမယ်ဆိုရင်ရော။ တကယ်လို့ သူက အပြင်မှာ တကယ်ရှိမယ်ဆိုရင်ရော သူ့ရဲ့ တစ်နေ့တာက ဘယ်လိုပုံစံမျိုးနဲ့ အဆုံးသတ်သွားမယ်ထင်လဲ။ သူက သူ့တစ်ဘဝလုံး သောက်ကျိုးနည်းသွားပြီလေဗျ။ တကယ်တော့ အနှေးအမြန်ပါပဲ … ” လို့ ဒါရိုက်တာ Chad Stahelski က John Wick ဇာတ်ကောင်ရဲ့ အဆုံးသတ်ကို ဖြေဆိုထားပါတယ်။

ယခုဆိုရင်တော့ John Wick 4 ကို ရိုက်ကူးရေး ပြုလုပ်နေပြီ ဖြစ်တာကြောင့် ၂၀၂၂ ခုနှစ်ထဲမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

မင္းသားႀကီး Keanu Reeves ကေတာ့ အသင္းအဖြဲ႕စိတ္ဓာတ္ အျပည့္ရွိတဲ့ ကူညီဝိုင္းဝန္းတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။

အဲဒါကေတာ့ အသက္(၅၇)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ Reeves ဟာ John Wick 4 ရဲ့ ႐ုပ္ရွင္ရိုက္ကြင္းမွာ ပစၥည္းကိရိယာေတြ ဝိုင္းေရႊ႕ေပးေနတာကို ေတြ႕လိုက္ရလို႔ပဲ ျဖစ္ပါတယ္။ ရိုက္ကြင္းေပၚက ထြက္ေပၚလာတဲ့ ပုံရိပ္အရ Reeves ဟာ သူ သယ္နိုင္သမၽွ ပစၥည္းကိရိယာေတြကို သယ္ၿပီး ရိုက္ကြင္းမွာ ေနရာဝိုင္းခ်ေပးေနတာ ျဖစ္ပါတယ္။

ဒါကိုၾကည့္ျခင္းအားျဖင့္ မင္းသားႀကီးရဲ့ ႏွိမ့္ခ်တတ္တဲ့ စိတ္ထားနဲ႔ အသင္းအဖြဲ႕စိတ္ဓာတ္ ျပည့္ဝမွုတို႔ကို ေတြ႕ျမင္နိုင္ပါတယ္။ ပုံထဲမွာ ျမင္ရတာကေတာ့ Reeves ဟာ John Wick ဇာတ္ေကာင္ရဲ့ ပုံစံအတိုင္း အနက္ေရာင္ဝမ္းဆက္ tuxedo suit နဲ႔ ေတြ႕ရၿပီး တစ္ဖက္က လိေမၼာ္ေရာင္ အသက္ကယ္အကၤ်ီကို ကိုင္ထားကာ ေနာက္တစ္ဖက္ကေတာ့ အထုပ္တစ္ထုပ္ကို ဆြဲထားပါတယ္။ ဒါ့အျပင္ အနက္ေရာင္အိတ္တစ္လုံးကိုလည္း လြယ္ထားပါေသးတယ္။

Photo Credit: KCS Presse/ MEGA

ပရိသတ္ေတြကေတာ့ John Wick ဇာတ္ကားသစ္ကို စိတ္အားထက္သန္စြာ ေစာင့္ေမၽွာ္ေနၾကတာ ျဖစ္ပါတယ္။ ကိုဗစ္ေရာဂါရဲ့ ေႏွာင့္ယွက္မွုေၾကာင့္ John Wick 4 ကို ေစာင့္ဆိုင္းေနရတာဟာ အခုဆိုရင္ ႏွစ္ႏွစ္ေက်ာ္လာခဲ့ၿပီ ျဖစ္ပါတယ္။

ဒါရိုက္တာ Chad Stahelski ရဲ့ Indie Wire သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ ယခုအသစ္ထြက္ရွိလာမယ့္ John Wick 4 ကို လုပ္ႀကံေရးသမားေတြရဲ့ စည္းမ်ဥ္းစည္းကမ္းနဲ႔ ပတ္သက္ၿပီး ပိုမိုနက္နဲစြာ ျပသသြားမွာ ျဖစ္ၿပီး John Wick နဲ႔ ဇာတ္ေကာင္တစ္ခုရဲ့ၾကားက ဆက္ဆံေရးတစ္ခုအေၾကာင္းကိုလည္း ျပသသြားမယ္လို႔ ဆိုထားပါတယ္။

Photo via IMDb

“ဇာတ္လမ္းက အရွိန္အေကာင္းဆုံးေနရာမွာ ရပ္ထားေပမယ့္ ပရိသတ္ေတြကေတာ့ သူ႔ရဲ့ ေနာက္ဆုံး အဆုံးသတ္ကံတရားကို သိခ်င္ေနၾကပါတယ္။ John ဟာ ဒီအရာေတြအားလုံးကို ေက်ာ္ျဖတ္နိုင္ေကာင္း ေက်ာ္ျဖတ္နိုင္ပါလိမ့္မယ္။ ဒါေပမယ့္ happy ending ေတာ့ ျဖစ္မွာ မဟုတ္ပါဘူး။ သူ႔မွာ ဘယ္မွ သြားစရာေနရာ မရွိပါဘူး … ”

“က်ဳပ္ကို ဘယ္လို အဆုံးသတ္မ်ိဳး ရိုက္ေစခ်င္လို႔လဲ။ ေနဝင္ရီတေရာအခ်ိန္ေလးမွာ ျမင္းတစ္ေကာင္ စီးသြားတယ္ဆိုတာမ်ိဳးနဲ႔ ၿပီးသြားမယ္လို႔ ထင္ေနၾကတာလား။ သူက လူအေယာက္ သုံးရာေလာက္ သတ္ထားတာေလ။ ၿပီးေတာ့ ဘာမွမျဖစ္ဘဲ ဒီတိုင္းေလး လြတ္သြားမယ္လို႔ ထင္ေနၾကတယ္ေပါ့ … ”

Photo via IMDb

“သူက တစ္ေယာက္ေယာက္နဲ႔ ခ်စ္ႀကိဳက္မိဦးမွာလားလို႔လည္း ေမးၾကတယ္။ ခင္ဗ်ားကသာ အဲဒီလူျဖစ္ေနမယ္ဆိုရင္ေရာ။ တကယ္လို႔ သူက အျပင္မွာ တကယ္ရွိမယ္ဆိုရင္ေရာ သူ႔ရဲ့ တစ္ေန႔တာက ဘယ္လိုပုံစံမ်ိဳးနဲ႔ အဆုံးသတ္သြားမယ္ထင္လဲ။ သူက သူ႔တစ္ဘဝလုံး ေသာက္က်ိဳးနည္းသြားၿပီေလဗ်။ တကယ္ေတာ့ အေႏွးအျမန္ပါပဲ … ” လို႔ ဒါရိုက္တာ Chad Stahelski က John Wick ဇာတ္ေကာင္ရဲ့ အဆုံးသတ္ကို ေျဖဆိုထားပါတယ္။

ယခုဆိုရင္ေတာ့ John Wick 4 ကို ရိုက္ကူးေရး ျပဳလုပ္ေနၿပီ ျဖစ္တာေၾကာင့္ ၂၀၂၂ ခုႏွစ္ထဲမွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular