HomeEntertainmentFilmJohn Wick: Chapter 3 ရဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားစရာများ

John Wick: Chapter 3 ရဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားစရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

John Wick ဇာတ်ကားတွေဟာ အက်ရှင်ကားချစ်သူတွေတင်မက သာမန်ရုပ်ရှင်ချစ်သူတွေကိုပါ အကြိုက်တွေ့စေခဲ့တဲ့ မင်းသားကြီး Keanu Reeves ရဲ့ နာမည်ကျော် ဇာတ်ကား ဖြစ်ပါတယ်။ ပရိသတ်တွေ တခဲနက်အားပေးမှုကို ရရှိစေခဲ့တဲ့ နောက်ကွယ်မှာတော့ မင်းသားကြီးရဲ့ အားထုတ်ကြိုးပမ်းမှုတွေ အများကြီး ပါဝင်နေပါတယ်။ ရုပ်ရှင်တစ်ကားကို ကြည့်ပြီးရင် နောက်ကွယ်က ဖြစ်ရပ်လေးတွေကိုပါ သိချင်ကြသူတွေအတွက် John Wick 3 ရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) John Wick 3 ဟာ Keanu Reeves အတွက် အခက်ခဲဆုံးနဲ့ အပင်ပန်းဆုံးပဲ ဖြစ်ပါတယ်။
photo via screenrant

Reeves ဟာ John Wick ရုပ်ရှင် သုံးကားလုံးမှာ အက်ရှင်ခန်းတွေနဲ့ စတန့်များစွာကို ပြုလုပ်ခဲ့ရပါတယ်။ ဒီရုပ်ရှင်သုံးကားထဲမှာမှ Reeves အတွက် အခက်ခဲဆုံးနဲ့ အပင်ပန်းဆုံးကတော့ Chapter 3 ပဲ ဖြစ်တယ်လို့ ပြောပါတယ်။ “ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကို ကြည့်လိုက်တဲ့အချိန်မှာ အရမ်းခက်ခဲမယ်ဆိုတာ သိတာကြောင့် ရိုက်ကူးရေးမစခင် လေးလအလိုကတည်းက လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ် …. ” လို့ Reeves က အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ” ဒီရုပ်ရှင်ထဲမှာဆို မတူညီတဲ့ အက်ရှင်ခန်းတွေ အများကြီး ပါဝင်ပြီး ကိုယ်ခံပညာတွေတင် မဟုတ်ဘဲ သေနတ်၊ ဆိုင်ကယ်နဲ့ မြင်းစီးရတာတွေပါ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် ဒါတွေ လုပ်ရတာကို ကြိုက်နှစ်သက်ပြီး ကျွန်တော်တို့ ဖန်တီးထားတဲ့ John Wick universe ကိုလည်း သဘောကျပါတယ် …. ” လို့ ပြောခဲ့ပါသေးတယ်။

(2) Reeves ဟာ ဓားပေါက်နည်းကို တကယ်လေ့လာခဲ့ပါတယ်။
photo via screenrant

John Wick: Chapter 3 ထဲမှာ ဓားတွေနဲ့ ပေါက်တဲ့ ဇာတ်ဝင်ခန်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့အတွက် Reeves ဟာ ဓားပေါက်နည်းကို တကယ်ကျွမ်းကျင်ဖို့ လိုအပ်တာကြောင့် လေ့လာခဲ့ရပါတယ်။ “ကျွန်တော်တို့ ရာဘာဓားနဲ့ရော တကယ့်ဓားနဲ့ပါ လေ့ကျင့်ခဲ့တာပါ … ” လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် ဓားကို မလည်သွားအောင် ဘယ်လိုပစ်ရမလည်း ဆိုတာကိုလည်း လေ့ကျင့်ခဲ့ရတယ်လို့ သိရပါတယ်။ အကြောင်းကတော့ ဒါရိုက်တာက ဒီဇာတ်ဝင်ခန်းကို သဘာဝကျကျ ရိုက်ကူးချင်တာကြောင့် အခုလို ကျွမ်းကျင်အောင်ထိ လေ့ကျင့်ခဲ့ရတာ ဖြစ်ပါတယ်။

(3) ကိုယ်ခံပညာတွေ တိုးတက်လာအောင်ထိ လေ့ကျင့်ခဲ့တာပါ။
photo via screenrant

ဒီရုပ်ရှင်ကို ရိုက်ကူးဖို့ စီစဉ်ကြတဲ့အချိန်မှာ Reeves ဟာ သူ့ရဲ့ကိုယ်ခံပညာတွေ တိုးတက်လာအောင် လေ့ကျင့်ခဲ့ပါတယ်။ လေ့ကျင့်မှုတွေ ပြုလုပ်ရာမှာ ဂျူဒိုအားကစားနဲ့ ဘရာဇီး Jiu-Jitsu တို့ကို သေချာလေ့ကျင့်ခဲ့ပြီး အရင်ကထက် တိုးတက်လာတယ်လို့ သိရပါတယ်။ “ဒီတစ်ကြိမ်မှာတော့ ကျွန်တော်က ပုံမှန်ထက် နည်းနည်းစောပြီး လေ့ကျင့်ခဲ့တာကြောင့် ကျွန်တော့်ရဲ့ ကိုယ်ခံပညာတွေ နည်းနည်း တိုးတက်လာပါတယ် … “လို့ Collider သတင်းဌာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Reeves က ပြောပြခဲ့ပါတယ်။

(4) စာကြည့်ခန်းထဲက တိုက်ပွဲဟာ Bruce Lee ရဲ့ Game of Death ကို မှီငြမ်းဖန်တီးထားတာ ဖြစ်ပါတယ်။
photo via screenrant

Chapter 3 ထဲမှာတော့ John Wick ဟာ သူ့ရဲ့အရေးပေါ် ပိုက်ဆံနဲ့ လက်နက် ပါဝင်နေတဲ့ စာအုပ်ကို ရှာဖွေနေတဲ့အချိန်မှာ အရပ် (၇)ပေ (၃)လက်မ ရှိတဲ့ လုပ်ကြံရေးသမားနဲ့ တွေ့ဆုံပြီး တိုက်ခိုက်ခဲ့ရပါတယ်။ ဒါရိုက်တာဟာ John Wick က ဒီလိုမျိူး နေရာကျဉ်းကျဉ်းလေးမှာ လူကောင်ကြီးကြီး ရန်သူနဲ့ တိုက်ခိုက်ရတာကို ပရိသတ်ကို ပြသချင်ခဲ့တာပါ။ “ဒါကြောင့်ပဲ ကျွန်တော်တို့ ရှာနိုင်သမျှ လူကောင်အကြီးဆုံးသူကို ထည့်သွင်းခဲ့တာပါ … ” လို့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။

(5) ရန်သူရဲ့ တိုက်ခိုက်မှုကို ခံရတဲ့အချိန်မှာလည်း သဘာဝကျအောင် လေ့ကျင့်ခဲ့ရပါတယ်။
photo via screenrant

ဒီရုပ်ရှင်ကို ရိုက်ကူးဖို့အတွက် Reeves ဟာ ကိုယ်ခံပညာတွေကိုပဲ လေ့ကျင့်ခဲ့ရတာ မဟုတ်ဘဲ ရန်သူတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ပုံစံကိုလည်း သဘာဝကျအောင် လေ့ကျင့်ခဲ့ရပါသေးတယ်။ “John Wick က အမြဲတမ်း ဟီးရိုး ဖြစ်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် တိုက်ခိုက်နေရင်း ခံရတဲ့အချိန်လည်း ရှိပါတယ်။ ဒီလိုအချိန်တွေကိုတော့ ကြည့်ရှုသူတွေအတွက် သဘာဝကျနေအောင် လေ့ကျင့်ခဲ့ပါသေးတယ် … “လို့ Reeves ဆိုပါတယ်။

(6) Mark Dacascos ဟာ Reeves ကို ကူညီလေ့ကျင့်ပေးခဲ့ပါတယ်။
photo via screenrant

ကိုယ်ခံပညာရှင်ဖြစ်ပြီး တစ်ချိန်က နာမည်ကျော် အက်ရှင်မင်းသား ဖြစ်ခဲ့တဲ့ Mark Dacascos ဟာ ဒီရုပ်ရှင်ထဲမှာ John Wick နဲ့ တိုက်ခိုက်ခဲ့ရတဲ့ လုပ်ကြံသူ Zero နေရာက ပါဝင်ခဲ့ပါတယ်။ Mark ဟာ ကရာတေးနဲ့ ကွန်ဖူးချန်ပီယံတစ်ယောက် ဖြစ်ပြီး ဒီရုပ်ရှင်ကို ရိုက်ကူးနေတဲ့အချိန်မှာ Reeves ကိုလည်း ကူညီလေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။ Reeves ရဲ့ ကိုယ်ခံပညာတွေ တိုးတက်လာတဲ့အကြောင်းကလည်း Mark ရဲ့ ကူညီလေ့ကျင့်ပေးခဲ့မှုကြောင့်လို့ ဆိုနိုင်ပါတယ်။

(7) John Wick: Chapter 3 ရိုက်ကွင်းမှာ လေလွင့်ကြောင်တွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
photo via screenrant

Reeves ဟာ ဒီရုပ်ရှင်ထဲမှာ လုပ်ကြံရေးသမားတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတာ မဟုတ်ဘဲ များစွာသော ကြောင်တွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ အကြောင်းကတော့ ရိုက်ကွင်းပေါ်မှာ လေလွင့်နေတဲ့ ကြောင်များစွာ ရှိနေလို့ပါပဲ။ အဆိုပါ လေလွင့်ကြောင်တွေဟာ သိပ်ကိုရဲတင်းပြီး ဘာကိုမှလည်း မကြောက်ပါဘူး။ ပိုဆိုးတာကတော့ ရိုက်ကွင်းပေါ်မှာ ခွေးတွေလည်း ရှိနေတာကြောင့် ပိုပြီး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် နောက်ဆုံးမှာတော့ ရိုက်ကူးရေး စတဲ့အချိန်ဆိုရင် တိရစ္ဆာန် လေ့ကျင့်ပေးသူတွေက ဒီကြောင်တွေအားလုံးကို  လှောင်အိမ်အကြီးကြီးထဲကို မျှားခေါ်ပြီး အစာကျွေးထားရတယ်လို့ ဆိုပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

John Wick ဇာတ္ကားေတြဟာ အက္ရွင္ကားခ်စ္သူေတြတင္မက သာမန္႐ုပ္ရွင္ခ်စ္သူေတြကိုပါ အႀကိဳက္ေတြ႕ေစခဲ့တဲ့ မင္းသားႀကီး Keanu Reeves ရဲ႕ နာမည္ေက်ာ္ ဇာတ္ကား ျဖစ္ပါတယ္။ ပရိသတ္ေတြ တခဲနက္အားေပးမႈကို ရရွိေစခဲ့တဲ့ ေနာက္ကြယ္မွာေတာ့ မင္းသားႀကီးရဲ႕ အားထုတ္ႀကိဳးပမ္းမႈေတြ အမ်ားႀကီး ပါဝင္ေနပါတယ္။ ႐ုပ္ရွင္တစ္ကားကို ၾကည့္ၿပီးရင္ ေနာက္ကြယ္က ျဖစ္ရပ္ေလးေတြကိုပါ သိခ်င္ၾကသူေတြအတြက္ John Wick 3 ရဲ႕ ပိတ္ကားေနာက္ကြယ္က စိတ္ဝင္စားစရာအခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) John Wick 3 ဟာ Keanu Reeves အတြက္ အခက္ခဲဆုံးနဲ႔ အပင္ပန္းဆုံးပဲ ျဖစ္ပါတယ္။
photo via screenrant

Reeves ဟာ John Wick ႐ုပ္ရွင္ သုံးကားလုံးမွာ အက္ရွင္ခန္းေတြနဲ႔ စတန႔္မ်ားစြာကို ျပဳလုပ္ခဲ့ရပါတယ္။ ဒီ႐ုပ္ရွင္သုံးကားထဲမွာမွ Reeves အတြက္ အခက္ခဲဆုံးနဲ႔ အပင္ပန္းဆုံးကေတာ့ Chapter 3 ပဲ ျဖစ္တယ္လို႔ ေျပာပါတယ္။ “ဒီ႐ုပ္ရွင္ရဲ႕ ဇာတ္ၫႊန္းကို ၾကည့္လိုက္တဲ့အခ်ိန္မွာ အရမ္းခက္ခဲမယ္ဆိုတာ သိတာေၾကာင့္ ႐ိုက္ကူးေရးမစခင္ ေလးလအလိုကတည္းက ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ပါတယ္ …. ” လို႔ Reeves က အင္တာဗ်ဴးတစ္ခုမွာ ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ ” ဒီ႐ုပ္ရွင္ထဲမွာဆို မတူညီတဲ့ အက္ရွင္ခန္းေတြ အမ်ားႀကီး ပါဝင္ၿပီး ကိုယ္ခံပညာေတြတင္ မဟုတ္ဘဲ ေသနတ္၊ ဆိုင္ကယ္နဲ႔ ျမင္းစီးရတာေတြပါ ပါဝင္ခဲ့ပါတယ္။ ဒါေၾကာင့္ ျပင္းျပင္းထန္ထန္ ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ရပါတယ္။ ဒါေပမယ့္ ႐ိုး႐ိုးသားသား ေျပာရရင္ ဒါေတြ လုပ္ရတာကို ႀကိဳက္ႏွစ္သက္ၿပီး ကြၽန္ေတာ္တို႔ ဖန္တီးထားတဲ့ John Wick universe ကိုလည္း သေဘာက်ပါတယ္ …. ” လို႔ ေျပာခဲ့ပါေသးတယ္။

(2) Reeves ဟာ ဓားေပါက္နည္းကို တကယ္ေလ့လာခဲ့ပါတယ္။
photo via screenrant

John Wick: Chapter 3 ထဲမွာ ဓားေတြနဲ႔ ေပါက္တဲ့ ဇာတ္ဝင္ခန္းကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ဒီဇာတ္ဝင္ခန္းကို ႐ိုက္ကူးဖို႔အတြက္ Reeves ဟာ ဓားေပါက္နည္းကို တကယ္ကြၽမ္းက်င္ဖို႔ လိုအပ္တာေၾကာင့္ ေလ့လာခဲ့ရပါတယ္။ “ကြၽန္ေတာ္တို႔ ရာဘာဓားနဲ႔ေရာ တကယ့္ဓားနဲ႔ပါ ေလ့က်င့္ခဲ့တာပါ … ” လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ဖူးပါတယ္။ ဒါ့အျပင္ ဓားကို မလည္သြားေအာင္ ဘယ္လိုပစ္ရမလည္း ဆိုတာကိုလည္း ေလ့က်င့္ခဲ့ရတယ္လို႔ သိရပါတယ္။ အေၾကာင္းကေတာ့ ဒါ႐ိုက္တာက ဒီဇာတ္ဝင္ခန္းကို သဘာဝက်က် ႐ိုက္ကူးခ်င္တာေၾကာင့္ အခုလို ကြၽမ္းက်င္ေအာင္ထိ ေလ့က်င့္ခဲ့ရတာ ျဖစ္ပါတယ္။

(3) ကိုယ္ခံပညာေတြ တိုးတက္လာေအာင္ထိ ေလ့က်င့္ခဲ့တာပါ။
photo via screenrant

ဒီ႐ုပ္ရွင္ကို ႐ိုက္ကူးဖို႔ စီစဥ္ၾကတဲ့အခ်ိန္မွာ Reeves ဟာ သူ႔ရဲ႕ကိုယ္ခံပညာေတြ တိုးတက္လာေအာင္ ေလ့က်င့္ခဲ့ပါတယ္။ ေလ့က်င့္မႈေတြ ျပဳလုပ္ရာမွာ ဂ်ဴဒိုအားကစားနဲ႔ ဘရာဇီး Jiu-Jitsu တို႔ကို ေသခ်ာေလ့က်င့္ခဲ့ၿပီး အရင္ကထက္ တိုးတက္လာတယ္လို႔ သိရပါတယ္။ “ဒီတစ္ႀကိမ္မွာေတာ့ ကြၽန္ေတာ္က ပုံမွန္ထက္ နည္းနည္းေစာၿပီး ေလ့က်င့္ခဲ့တာေၾကာင့္ ကြၽန္ေတာ့္ရဲ႕ ကိုယ္ခံပညာေတြ နည္းနည္း တိုးတက္လာပါတယ္ … “လို႔ Collider သတင္းဌာနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ Reeves က ေျပာျပခဲ့ပါတယ္။

(4) စာၾကည့္ခန္းထဲက တိုက္ပြဲဟာ Bruce Lee ရဲ႕ Game of Death ကို မွီျငမ္းဖန္တီးထားတာ ျဖစ္ပါတယ္။
photo via screenrant

Chapter 3 ထဲမွာေတာ့ John Wick ဟာ သူ႔ရဲ႕အေရးေပၚ ပိုက္ဆံနဲ႔ လက္နက္ ပါဝင္ေနတဲ့ စာအုပ္ကို ရွာေဖြေနတဲ့အခ်ိန္မွာ အရပ္ (၇)ေပ (၃)လက္မ ရွိတဲ့ လုပ္ႀကံေရးသမားနဲ႔ ေတြ႕ဆုံၿပီး တိုက္ခိုက္ခဲ့ရပါတယ္။ ဒါ႐ိုက္တာဟာ John Wick က ဒီလိုမ်ိဴး ေနရာက်ဥ္းက်ဥ္းေလးမွာ လူေကာင္ႀကီးႀကီး ရန္သူနဲ႔ တိုက္ခိုက္ရတာကို ပရိသတ္ကို ျပသခ်င္ခဲ့တာပါ။ “ဒါေၾကာင့္ပဲ ကြၽန္ေတာ္တို႔ ရွာႏိုင္သမွ် လူေကာင္အႀကီးဆုံးသူကို ထည့္သြင္းခဲ့တာပါ … ” လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာျပခဲ့ပါတယ္။

(5) ရန္သူရဲ႕ တိုက္ခိုက္မႈကို ခံရတဲ့အခ်ိန္မွာလည္း သဘာဝက်ေအာင္ ေလ့က်င့္ခဲ့ရပါတယ္။
photo via screenrant

ဒီ႐ုပ္ရွင္ကို ႐ိုက္ကူးဖို႔အတြက္ Reeves ဟာ ကိုယ္ခံပညာေတြကိုပဲ ေလ့က်င့္ခဲ့ရတာ မဟုတ္ဘဲ ရန္သူေတြရဲ႕ တိုက္ခိုက္မႈကို ခံရတဲ့ပုံစံကိုလည္း သဘာဝက်ေအာင္ ေလ့က်င့္ခဲ့ရပါေသးတယ္။ “John Wick က အၿမဲတမ္း ဟီး႐ိုး ျဖစ္ေနတာ မဟုတ္ပါဘူး။ ဒါေၾကာင့္ တိုက္ခိုက္ေနရင္း ခံရတဲ့အခ်ိန္လည္း ရွိပါတယ္။ ဒီလိုအခ်ိန္ေတြကိုေတာ့ ၾကည့္ရႈသူေတြအတြက္ သဘာဝက်ေနေအာင္ ေလ့က်င့္ခဲ့ပါေသးတယ္ … “လို႔ Reeves ဆိုပါတယ္။

(6) Mark Dacascos ဟာ Reeves ကို ကူညီေလ့က်င့္ေပးခဲ့ပါတယ္။
photo via screenrant

ကိုယ္ခံပညာရွင္ျဖစ္ၿပီး တစ္ခ်ိန္က နာမည္ေက်ာ္ အက္ရွင္မင္းသား ျဖစ္ခဲ့တဲ့ Mark Dacascos ဟာ ဒီ႐ုပ္ရွင္ထဲမွာ John Wick နဲ႔ တိုက္ခိုက္ခဲ့ရတဲ့ လုပ္ႀကံသူ Zero ေနရာက ပါဝင္ခဲ့ပါတယ္။ Mark ဟာ ကရာေတးနဲ႔ ကြန္ဖူးခ်န္ပီယံတစ္ေယာက္ ျဖစ္ၿပီး ဒီ႐ုပ္ရွင္ကို ႐ိုက္ကူးေနတဲ့အခ်ိန္မွာ Reeves ကိုလည္း ကူညီေလ့က်င့္ေပးခဲ့တယ္လို႔ သိရပါတယ္။ Reeves ရဲ႕ ကိုယ္ခံပညာေတြ တိုးတက္လာတဲ့အေၾကာင္းကလည္း Mark ရဲ႕ ကူညီေလ့က်င့္ေပးခဲ့မႈေၾကာင့္လို႔ ဆိုႏိုင္ပါတယ္။

(7) John Wick: Chapter 3 ႐ိုက္ကြင္းမွာ ေလလြင့္ေၾကာင္ေတြနဲ႔လည္း ရင္ဆိုင္ခဲ့ရပါတယ္။
photo via screenrant

Reeves ဟာ ဒီ႐ုပ္ရွင္ထဲမွာ လုပ္ႀကံေရးသမားေတြနဲ႔ပဲ ရင္ဆိုင္ခဲ့ရတာ မဟုတ္ဘဲ မ်ားစြာေသာ ေၾကာင္ေတြနဲ႔ပါ ရင္ဆိုင္ခဲ့ရပါတယ္။ အေၾကာင္းကေတာ့ ႐ိုက္ကြင္းေပၚမွာ ေလလြင့္ေနတဲ့ ေၾကာင္မ်ားစြာ ရွိေနလို႔ပါပဲ။ အဆိုပါ ေလလြင့္ေၾကာင္ေတြဟာ သိပ္ကိုရဲတင္းၿပီး ဘာကိုမွလည္း မေၾကာက္ပါဘူး။ ပိုဆိုးတာကေတာ့ ႐ိုက္ကြင္းေပၚမွာ ေခြးေတြလည္း ရွိေနတာေၾကာင့္ ပိုၿပီး ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ရတယ္လို႔ သိရပါတယ္။ အဲ့ဒါေၾကာင့္ ေနာက္ဆုံးမွာေတာ့ ႐ိုက္ကူးေရး စတဲ့အခ်ိန္ဆိုရင္ တိရစာၦန္ ေလ့က်င့္ေပးသူေတြက ဒီေၾကာင္ေတြအားလုံးကို  ေလွာင္အိမ္အႀကီးႀကီးထဲကို မွ်ားေခၚၿပီး အစာေကြၽးထားရတယ္လို႔ ဆိုပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular