HomeEntertainmentFilmJohn Wick Franchise တစ်ခုလုံးရဲ့ IMDb အမြင့်ဆုံး ဖြစ်လာတဲ့ John Wick 4

John Wick Franchise တစ်ခုလုံးရဲ့ IMDb အမြင့်ဆုံး ဖြစ်လာတဲ့ John Wick 4

John Wick Franchise ကတော့ ရုပ်ရှင်တစ်ကား ထွက်ပြီးတိုင်း ပိုမိုအောင်မြင်မှုတွေ ရရှိလာပြီး John Wick: Chapter 4 ကတော့ ဒီ Franchise ရဲ့ IMDb rating အမြင့်ဆုံးရုပ်ရှင် ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းတွေအားလုံးဟာ အနားယူသွားတဲ့ ကြေးစားတစ်ယောက်ဖြစ်သူ John Wick ရဲ့ခွေးလေး အသတ်ခံလိုက်ရတာကနေ စတင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အစတုန်းကတော့ Lionsgate ဟာ ဒီရုပ်ရှင်ကို Standalone ရုပ်ရှင်အဖြစ် ဖန်တီးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အောင်မြင်မှုတွေ ရရှိလာတာကြောင့် Sequel တွေ ထပ်မံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

photo credit Lionsgate Films

အစကထွက်ခဲ့တဲ့ John Wick ရုပ်ရှင်သုံးကားလုံးကတော့ IMDb Rating (7.4) ရရှိခဲ့ကြပြီး လောလောဆယ်မှာတော့ Chapter 4 ဟာ (8.3) ရရှိထားပါတယ်။ ဒါ့အပြင် Rotten Tomatoes မှာလည်း ပထမသုံးကားလုံးဟာ (80)%ကျော် ရရှိခဲ့ပြီး Chapter 4 ကတော့ (94)% ရရှိထားပါတယ်။ လောလောဆယ်မှာတော့ John Wick Franchise ရဲ့ ဝင်ငွေအများဆုံးရုပ်ရှင်ဟာ Chapter 3 ဖြစ်ပြီး Chapter 4 ကလည်း အဲဒီဝင်ငွေအများဆုံးရုပ်ရှင်ကို ကျော်တက်သွားနိုင်ချေ ရှိနေပါသေးတယ်။

IMDb Rating (8.0)ကို ကျော်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ်ရဲ့ ရုပ်ရှင်တွေအားလုံးထဲမှာ IMDb (8.0)ကို ကျော်နိုင်တဲ့ရုပ်ရှင်ကလည်း John Wick Chapter 4 တစ်ကားတည်းသာ ရှိပါသေးတယ်။ လောလောဆယ်မှာတော့ ဒီရုပ်ရှင်ဟာ IMDb ရဲ့ Top 250 List ထဲမှာ နံပါတ်(၁၄၅)နေရာမှာ ရပ်တည်နေပါတယ်။ ဒီရုပ်ရှင်ဟာ ရုံတင်တာ သိပ်မကြာသေးတာကြောင့် နောက်ပိုင်းမှာတော့ Rating တွေ အပြောင်းအလဲ ဖြစ်လာနိုင်ပါသေးတယ်။

photo credit Lionsgate Films

ရုပ်ရှင်တွေရဲ့သဘာဝအရ ရုံတင်ခါစမှာတော့ Rating တွေများလေ့ရှိပြီး အချိန်ကြာလာတာနဲ့အမျှ Rating တွေ ပြန်လည်ကျဆင်းသွားတတ်ပါတယ်။ ဒါပေမယ့်လည်း John Wick Chapter 4 ကတော့ ရုပ်ရှင်ဝေဖန်ရေးတွေရဲ့ ကောင်းမွန်တဲ့ ချီးကျူးမှုတွေများစွာ ရရှိထားတာကြောင့် နောက်ပိုင်းမှာ Rating တွေ ပြန်ကျသွားမယ် ဆိုရင်တောင် အနည်းငယ်လောက်သာ ကျသွားမှာပါ။ ဒါကြောင့်ပဲ John Wick Chapter 4 ကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် မဖြစ်မနေ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားလို့တောင် ဆိုရမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular