HomeEntertainmentFilmရုပ်ရှင်ပြန်ရိုက်ကူးမယ့် Johnny Depp နဲ့ Amber Heard တို့ရဲ့ တရားရင်ဆိုင်မှု

ရုပ်ရှင်ပြန်ရိုက်ကူးမယ့် Johnny Depp နဲ့ Amber Heard တို့ရဲ့ တရားရင်ဆိုင်မှု

ပရိသတ်တွေကြားမှာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တဲ့ Johnny Depp နဲ့ Amber Heard တို့ရဲ့ တရားခွင်ကိုတော့ Hot Take: The Depp/Heard Trial ဆိုတဲ့အမည်နဲ့ ရုပ်ရှင် ပြန်လည်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက်ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Rum Diary ရုပ်ရှင်မှာ စတင်တွေ့ဆုံခဲ့ကြပြီး ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ တရားဝင်ကွာရှင်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ Amber Heard ရေးသားခဲ့တဲ့ စာတစ်ပုဒ်ကြောင့် Johnny Depp ဘက်က တရားစွဲရာကနေ ယခုအချိန်အထိ အမှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

photo via screenrant

Johnny Depp ကတော့ ဇနီးဟောင်း Amber Heard ကို ဒေါ်လာသန်း (၅၀)တန်အမှုနဲ့ တရားစွဲခဲ့ပြီး Amber Heard ဘက်ကလည်း ဒေါ်လာသန်း (၁၀၀)တန်အမှုနဲ့ တန်ပြန်တရားစွဲခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားက တရားခွင်ကတော့ မီဒီယာတွေရဲ့ ခေါင်းစီးပိုင်းမှာ ရှိခဲ့ပြီး ရုပ်မြင်သံကြားကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Johnny Depp ဟာ တရားစွဲဆိုမှုမှာ အနိုင်ရရှိသွားပြီး ဒေါ်လာ(၁၀)သန်း လျော်ကြေးငွေ ရရှိဖို့ တရားသူကြီးက ဆုံးဖြတ်ခဲ့သလို Amber Heard ဘက်ကလည်း ဒေါ်လာ (၂)သန်း ရရှိခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ တရားရင်ဆိုင်မှုကတော့ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ပြီးဆုံးသွားတာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Tubi ဆိုတဲ့ Free Streaming Service ကနေ ဒီတရားရင်ဆိုင်မှုကို ရုပ်ရှင်အဖြစ် ဖန်တီးသွားမယ်လို့ Variety သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ အမည်ကတော့ Hot Take: The Depp/Heard Trial ဖြစ်ပြီး Johnny Depp နေရာမှာ Mark Hapka ၊ Amber Heard နေရာမှာတော့ Megan Davis တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

photo via screenrant

ဒါရိုက်တာ Sara Lohman က ရိုက်ကူးသွားမှာ ဖြစ်ပြီး The Daily Show ရဲ့ Guy Nicolucci က ဇာတ်ညွှန်းရေးသားထားပါတယ်။ Melissa Marty နဲ့ Mary Carrig တို့ကတော့ Johnny Depp နဲ့ Amber Heard တို့ရဲ့ ရှေ့နေတွေအဖြစ် သရုပ်ဆောင်ထားပါတယ်။ ထူးခြားတာကတော့ ဒီရုပ်ရှင်ဟာ လာမယ့် စက်တင်ဘာလ (၃၀)ရက်နေ့မှာ ထွက်ရှိလာမယ်လို့ သိလိုက်ရတာပါပဲ။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို အချိန်တိုအတွင်း ဖန်တီးထားတယ်လို့ ယူဆရပြီး ရုပ်ရှင်ထဲမှာတော့ ဘယ်လိုပုံဖော်ပြသသွားမယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular