HomeEntertainmentFilmJohnny Depp ကိုယ်တိုင်ရိုက်ကူးမယ့် ကမ္ဘာကျော်ပန်းချီဆရာကြီး Modigliani အကြောင်းရုပ်ရှင်

Johnny Depp ကိုယ်တိုင်ရိုက်ကူးမယ့် ကမ္ဘာကျော်ပန်းချီဆရာကြီး Modigliani အကြောင်းရုပ်ရှင်

မင်းသားကြီး Johnny Depp ကတော့ ကမ္ဘာကျော်ပန်းချီဆရာကြီး Modigliani ရဲ့အကြောင်း ရုပ်ရှင်သစ်ကို ရိုက်ကူးသွားမယ်လို့ သိရပြီး မင်းသားကြီး Al Pacino ကလည်း Producer အနေနဲ့ ပါဝင်မယ်လို့ သိရပါတယ်။

မင်းသားကြီး Johnny Depp ကတော့ ဟောလိဝုဒ်ရဲ့ အအောင်မြင်ဆုံး သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး Pirates of the Caribbean Franchise နဲ့ Edward Scissorhands တို့လို နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ သူ့ရဲ့လူမှုရေးကိစ္စတွေကြောင့် ဟောလိဝုဒ်မှာ မမြင်တွေ့ရဘဲ ရှိခဲ့ပေမယ့်လည်း ယခုအချိန်မှာတော့ ရုပ်ရှင်လောကထဲကို တဖန်ပြန်လည် ဝင်ရောက်လာခဲ့ပါပြီ။

photo via screenrant

Johnny Depp ကတော့ သူရဲ့ဇနီးဟောင်းဖြစ်တဲ့ Amber Heard နဲ့ အမှုအခင်းတွေ ဖြစ်ခဲ့ပြီး ယခုအချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ နှစ်နဲ့ချီပြီး ကြာမြင့်တဲ့ တရားခွင်ဟာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Johnny Depp ဟာ ယခုအချိန်မှာတော့ ဟောလိဝုဒ်လောကထဲကို ပြန်လည်ဝင်ရောက်လာပြီး Sea of Dawn ဆိုတဲ့ ဂိမ်းရဲ့ Short Film ထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Jeanne du Barry ရုပ်ရှင်ထဲမှာလည်း ပြင်သစ်ဘုရင် King Louis XV နေရာမှာ သရုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ Johnny Depp ဟာ Modigliani လို့ အမည်ရတဲ့ ရုပ်ရှင်တစ်ကားကို ဒါရိုက်တာအနေနဲ့ ရိုက်ကူးသွားမယ်လို့ The Hollywood Reporter သတင်းဌာနက ဖော်ပြထားပါတယ်။ ဇာတ်လမ်းက‌တော့ ပြင်သစ်နိုင်ငံမှာ အခြေစိုက်ခဲ့တဲ့ ကမ္ဘာကျော် အီတလီပန်းချီဆရာ Amedeo Modigliani ရဲ့ ဘဝကို အပြောင်းအလဲ ဖြစ်သွားစေပြီး သမိုင်းမှာ ဂန္ထဝင်ဖြစ်သွားစေခဲ့တဲ့ (၄၈)နာရီသော အချိန်ကာလကို ပြသသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Al Pacino နဲ့ Barry Navidi တို့ကတော့ Producer တွေအနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

လောလောဆယ်အထိတော့ Johnny Depp ဟာ ဒါရိုက်တာအပြင် သရုပ်ဆောင်အဖြစ်ရော ပါဝင်သွားမှာလားဆိုတာ မသိရသေးပါဘူး။ ဒီရုပ်ရှင်ကတော့ အပြင်မှာ တကယ်ရှိခဲ့တဲ့ နာမည်ကျော်ပန်းချီဆရာ Amedeo Modigliani ရဲ့ အကြောင်းကို ရိုက်ကူးသွားမှာ ဖြစ်ပေမယ့်လည်း အတ္ထုပ္ပတ္တိပုံစံမျိူး မဟုတ်ဘဲ Slice of Life ပုံစံမျိူး ဖန်တီးသွားမယ်လို့ အတည်ပြုထားပါတယ်။ ဒီရုပ်ရှင်ရဲ့ ရိုက်ကူးရေးကိုတော့ ရှေ့နှစ်လောက်မှ စတင်သွားမယ်လို့ ခန့်မှန်းရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular