HomeEntertainmentFilmJohnny Depp နဲ့ အလုပ်တွဲလုပ်လို့ မရတော့ဘူးလို့ ရုပ်ရှင်စတူဒီယိုတစ်ခုရဲ့ အကြီးအကဲမှ ပြောကြား

Johnny Depp နဲ့ အလုပ်တွဲလုပ်လို့ မရတော့ဘူးလို့ ရုပ်ရှင်စတူဒီယိုတစ်ခုရဲ့ အကြီးအကဲမှ ပြောကြား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Johnny Depp ဟာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ လူသိရှင်ကြား အမှုအခင်းကိစ္စကြောင့် ယခုအချိန်မှာ ရုပ်ရှင်လောက,ကနေ blacklist အသွင်းခံလိုက်ရပြီလို့ ရုပ်ရှင်စတူဒီယိုတစ်ခုရဲ့ အကြီးအကဲတစ်ယောက်က ပြောလိုက်ပါတယ်။ ဒါ့အပြင် Johnny Depp နဲ့ ထပ်မံပြီး အလုပ်လုပ်လို့ မရတော့ပါဘူးလို့လည်း ပြောခဲ့ပါသေးတယ်။

Johnny Depp ရဲ့ ဂုဏ်သတင်းဟာ ၂၀၁၆ခုနှစ်မှာ ဇနီးသည်ဖြစ်သူ Amber Heard ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်နှိပ်စက်တယ်ဆိုတဲ့ စွပ်စွဲမှု ခံရပြီးနောက်မှာ တဖြည်းဖြည်းနဲ့ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အဲ့ဒီအချိန်တုန်းကတော့ ရုပ်ရှင်စတူဒီယိုတွေဟာ Johnny နဲ့ ဆက်လက်ပြီး အလုပ်လုပ်ခဲ့ကြပါသေးတယ်။ မကြာသေးခင်ကအထိပဲ Fantastic Beasts 3 မှာ ဆက်လက်ပါဝင်ဖို့အထိ စီစဉ်ထားခဲ့သေးတာပါ။

photo via screenrant

သို့ပေမယ့် Fantastic Beasts 3 ကနေ ထုတ်ပယ်ခံလိုက်ရခြင်းဟာ Johnny အတွက်တော့ စတားတစ်ယောက်ရဲ့ ပါဝါ ကျဆင်းမှုကို ပြသနေတာလို့ ပြောရမှာပါ။ မကြာသေးခင် အချိန်တုန်းကအထိ Johnny ဟာ ကြေးအမြင့်ဆုံး ဟောလိဝုဒ်သရုပ်ဆောင်တွေထဲမှာ ပါဝင်သူဖြစ်ပြီး သူ ပါဝင်တဲ့ မည်သည့်ဇာတ်ကားမဆို box-office မှာ ဝင်ငွေတွေ ကောင်းကြတာဟာလည်း ကြောက်ခမန်းလိလိ စတားပါဝါတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။

ကနဦးမှာ ဇနီးဟောင်းဖြစ်သူ Amber Heard ရဲ့ စွပ်စွဲမှုတွေကို ခံထားရပေမယ့် 20th Century Fox နဲ့ Warner Bros တို့ဟာ Murder on the Orient Express နဲ့ Fantastic Beasts ဇာတ်ကားတွေမှာ Johnny နဲ့ ဆက်လက်ပြီး အလုပ်လုပ်ခဲ့ကြပါသေးတယ်။ သို့သော်လည်း အဲ့ဒီ့အချိန်တုန်းကလည်း အငြင်းပွားမှုအချို့ကို စတူဒီယိုတွေဘက်က ရင်ဆိုင်ခဲ့ရပါသေးတယ်။

ဒီလိုနဲ့ အခုအချိန်မှာတော့ Warner Bros ရဲ့ ဆုံးဖြတ်ချက်နဲ့ Fantastic Beasts 3 ထဲကနေ လူသိရှင်ကြား အထုတ်ခံလိုက်ရပြီး 20th Century Fox  နဲ့လည်း ဝေးကွာသထက် ဝေးကွာလာတာကြောင့် Johnny ရဲ့ တစ်ချိန်က အရှိန်အဝါကောင်းခဲ့တဲ့ စတားပါဝါဟာ တကယ်ကို မှေးမှိန်လာပြီလို့ ပြောရတော့မှာ ဖြစ်ပါတယ်။

photo via screenrant

THR သတင်းဌာနကတော့ မကြာသေးခင်ကပဲ Johnny Depp ရဲ့ အဖြစ်ပျက်တွေကို ဆောင်းပါးတစ်စောင်နဲ့ အသေးစိတ် ဖော်ပြခဲ့ပြီး အခုချိန်မှာ သူနဲ့အတူ အလုပ်တွဲလုပ်ရတာဟာ အန္တရာယ်များတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်စတူဒီယိုတစ်ခုရဲ့ အကြီးအကဲတစ်ယောက်ကလည်း “အခုချိန်မှာ Johnny Depp နဲ့အတူ အလုပ်တွဲလုပ်လို့ မရတော့ပါဘူး။ သူ့နားကို ကပ်လိုက်တာနဲ့ အဆိပ်သင့်ကုန်မှာမို့လို့ပါ … ” လို့ပြောခဲ့ပါသေးတယ်။ ဒီစကားဟာ တစ်ချိန်က ဟောလိဝုဒ်ရဲ့ အရှိန်အဝါ ကြီးမားခဲ့တဲ့ ကြယ်တစ်ပွင့်အပေါ် ရုပ်ရှင်လောကမှာ အမြင်ပြောင်းလဲနေကြောင်း ပြသနေတာလည်း ဖြစ်ပါတယ်။

ဒါဟာ မကြာသေးခင်က The Sun သတင်းဌာနကို အမှုရှုံးပြီးတည်းက Johnny Depp အပေါ် ရုပ်ရှင်လောကရဲ့ အမြင်ပြောင်းလဲလာမှုပဲ ဖြစ်ပါတယ်။ The Sun သတင်းဌာနဟာ Johnny ကို wife beater လို့ ရည်ညွှန်းပြီး ဆောင်းပါးတစ်စောင် ရေးသားခဲ့တာကြောင့် သူ့ဘက်က အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ သို့ပေမယ့်လည်း လန်ဒန်တရားရုံးချုပ်မှာ အမှုရင်ဆိုင်တဲ့အခါမှာတော့ The Sun ဘက်က သက်သေများစွာ တင်သွင်းနိုင်ခဲ့တာကြောင့် Johnny ဘက်က ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့်လည်း Johnny ဟာ နိုင်ငံတကာရဲ့ အမြင်မှာ နာမည်ပျက်သွားရတာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ချိန်က သူ့ကို ထည့်သွင်းသရုပ်ဆောင်စေဖို့ အားတက်သရော ရှိခဲ့တဲ့ စာရေးဆရာမကြီး J.K. Rowling ဟာလည်း Fantastic Beasts 3 ထဲကနေ သူ့ကို ထုတ်ပယ်လိုက်ချိန်မှာ မထုတ်ဖို့ ငြင်းခုန်တာလည်း မရှိသလို၊ မှတ်ချက်တစ်စုံတစ်ရာလည်း မပေးခဲ့ပါဘူး။ တကယ်ဆိုရင် ငါးကားအထိ ရိုက်ကူးမယ့် Fantastic Beasts franchise မှာ Johnny ဟာ နောက်ထပ် သုံးကား ထပ်ပြီး သရုပ်ဆောင်ရဦးမှာပါ။

သို့ပေမယ့်လည်း Johnny ရဲ့ ကမာ္ဘတစ်ဝန်းက ပရိသတ်တွေကတော့ ဒီကိစ္စအပေါ်မှာ ကျေနပ်မှု မရှိကြဘဲ ငြင်းခုန်မှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ Johnny တစ်ယောက် Fantastic Beasts ကနေ ထွက်ခွာရသလို Amber Heard ကိုလည်း Aquaman 2 ကနေ ထုတ်ပစ်ဖို့အတွက် တောင်းဆိုခဲ့ကြပါသေးတယ်။ ဒီလို တောင်းဆိုသူတွေဟာ ယခုအချိန်မှာတော့ လူတစ်သန်းခွဲကျော် ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Johnny ကိုယ်တိုင်ကလည်း Amber Heard ကို Aquaman 2 ကနေ ထုတ်ပယ်ခံရဖို့အတွက် ကြိုးစားခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

photo via screenrant

Johnny Depp ဟာ တစ်ချိန်တုန်းက ဟောလိဝုဒ်မှာ ကြေးအမြင့်ဆုံး သရုပ်ဆောင်တွေထဲကတစ်ယောက် ဖြစ်ခဲ့သလို ရုပ်ရှင်တစ်ကားမှာ သူ ပါလိုက်တာနဲ့ အလိုလျောက် နာမည်ကြီး အောင်မြင်တာတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း The Sun နဲ့ အမှုမှာ တရားရုံးက ရရှိလာတဲ့ သက်သေမှတ်တမ်းတွေအရ သူ့ရဲ့အကြမ်းဖက်မှုတွေဟာ ပေါ်ပေါက်လာခဲ့တာကြောင့် ရုပ်ရှင်လောကမှာ အခုလို နာမည်ပျက်သွားခဲ့တာဖြစ်ပြီး ဒါတွေကြောင့်လည်း Warner Bros. ဘက်က သရုပ်ဆောင်ကြေးအပြည့် ပေးပြီး ထုတ်ပယ်ခဲ့ရတာ ဖြစ်ပါတယ်။

အရက်၊ မူးယစ်ဆေးဝါးရဲ့ လှုံ့ဆော်မှုကြောင့် ရွှေခေတ်ကို ပျက်သုဉ်းစေခဲ့တဲ့ မင်းသားကြီးဟာ သူ့ရဲ့ဂုဏ်သတင်းကို ပြန်အဖတ်ဆယ်ပြီး ရုပ်ရှင်လောကမှာ အရင်လို စိုးမိုးနိုင်ဦးမှာလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Johnny Depp ဟာ မၾကာေသးခင္က ျဖစ္ပ်က္ခဲ့တဲ့ လူသိရွင္ၾကား အမႈအခင္းကိစၥေၾကာင့္ ယခုအခ်ိန္မွာ ႐ုပ္ရွင္ေလာက,ကေန blacklist အသြင္းခံလိုက္ရၿပီလို႔ ႐ုပ္ရွင္စတူဒီယိုတစ္ခုရဲ႕ အႀကီးအကဲတစ္ေယာက္က ေျပာလိုက္ပါတယ္။ ဒါ့အျပင္ Johnny Depp နဲ႔ ထပ္မံၿပီး အလုပ္လုပ္လို႔ မရေတာ့ပါဘူးလို႔လည္း ေျပာခဲ့ပါေသးတယ္။

Johnny Depp ရဲ႕ ဂုဏ္သတင္းဟာ ၂၀၁၆ခုႏွစ္မွာ ဇနီးသည္ျဖစ္သူ Amber Heard ရဲ႕ စိတ္ပိုင္းဆိုင္ရာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ အႏိုင္က်င့္ႏွိပ္စက္တယ္ဆိုတဲ့ စြပ္စြဲမႈ ခံရၿပီးေနာက္မွာ တျဖည္းျဖည္းနဲ႔ က်ဆင္းလာခဲ့တာ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း အဲ့ဒီအခ်ိန္တုန္းကေတာ့ ႐ုပ္ရွင္စတူဒီယိုေတြဟာ Johnny နဲ႔ ဆက္လက္ၿပီး အလုပ္လုပ္ခဲ့ၾကပါေသးတယ္။ မၾကာေသးခင္ကအထိပဲ Fantastic Beasts 3 မွာ ဆက္လက္ပါဝင္ဖို႔အထိ စီစဥ္ထားခဲ့ေသးတာပါ။

photo via screenrant

သို႔ေပမယ့္ Fantastic Beasts 3 ကေန ထုတ္ပယ္ခံလိုက္ရျခင္းဟာ Johnny အတြက္ေတာ့ စတားတစ္ေယာက္ရဲ႕ ပါဝါ က်ဆင္းမႈကို ျပသေနတာလို႔ ေျပာရမွာပါ။ မၾကာေသးခင္ အခ်ိန္တုန္းကအထိ Johnny ဟာ ေၾကးအျမင့္ဆုံး ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြထဲမွာ ပါဝင္သူျဖစ္ၿပီး သူ ပါဝင္တဲ့ မည္သည့္ဇာတ္ကားမဆို box-office မွာ ဝင္ေငြေတြ ေကာင္းၾကတာဟာလည္း ေၾကာက္ခမန္းလိလိ စတားပါဝါတစ္ခုလို႔ ေျပာရမွာ ျဖစ္ပါတယ္။

ကနဦးမွာ ဇနီးေဟာင္းျဖစ္သူ Amber Heard ရဲ႕ စြပ္စြဲမႈေတြကို ခံထားရေပမယ့္ 20th Century Fox နဲ႔ Warner Bros တို႔ဟာ Murder on the Orient Express နဲ႔ Fantastic Beasts ဇာတ္ကားေတြမွာ Johnny နဲ႔ ဆက္လက္ၿပီး အလုပ္လုပ္ခဲ့ၾကပါေသးတယ္။ သို႔ေသာ္လည္း အဲ့ဒီ့အခ်ိန္တုန္းကလည္း အျငင္းပြားမႈအခ်ိဳ႕ကို စတူဒီယိုေတြဘက္က ရင္ဆိုင္ခဲ့ရပါေသးတယ္။

ဒီလိုနဲ႔ အခုအခ်ိန္မွာေတာ့ Warner Bros ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ Fantastic Beasts 3 ထဲကေန လူသိရွင္ၾကား အထုတ္ခံလိုက္ရၿပီး 20th Century Fox  နဲ႔လည္း ေဝးကြာသထက္ ေဝးကြာလာတာေၾကာင့္ Johnny ရဲ႕ တစ္ခ်ိန္က အရွိန္အဝါေကာင္းခဲ့တဲ့ စတားပါဝါဟာ တကယ္ကို ေမွးမွိန္လာၿပီလို႔ ေျပာရေတာ့မွာ ျဖစ္ပါတယ္။

photo via screenrant

THR သတင္းဌာနကေတာ့ မၾကာေသးခင္ကပဲ Johnny Depp ရဲ႕ အျဖစ္ပ်က္ေတြကို ေဆာင္းပါးတစ္ေစာင္နဲ႔ အေသးစိတ္ ေဖာ္ျပခဲ့ၿပီး အခုခ်ိန္မွာ သူနဲ႔အတူ အလုပ္တြဲလုပ္ရတာဟာ အႏၲရာယ္မ်ားတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ ႐ုပ္ရွင္စတူဒီယိုတစ္ခုရဲ႕ အႀကီးအကဲတစ္ေယာက္ကလည္း “အခုခ်ိန္မွာ Johnny Depp နဲ႔အတူ အလုပ္တြဲလုပ္လို႔ မရေတာ့ပါဘူး။ သူ႔နားကို ကပ္လိုက္တာနဲ႔ အဆိပ္သင့္ကုန္မွာမို႔လို႔ပါ … ” လို႔ေျပာခဲ့ပါေသးတယ္။ ဒီစကားဟာ တစ္ခ်ိန္က ေဟာလိဝုဒ္ရဲ႕ အရွိန္အဝါ ႀကီးမားခဲ့တဲ့ ၾကယ္တစ္ပြင့္အေပၚ ႐ုပ္ရွင္ေလာကမွာ အျမင္ေျပာင္းလဲေနေၾကာင္း ျပသေနတာလည္း ျဖစ္ပါတယ္။

ဒါဟာ မၾကာေသးခင္က The Sun သတင္းဌာနကို အမႈရႈံးၿပီးတည္းက Johnny Depp အေပၚ ႐ုပ္ရွင္ေလာကရဲ႕ အျမင္ေျပာင္းလဲလာမႈပဲ ျဖစ္ပါတယ္။ The Sun သတင္းဌာနဟာ Johnny ကို wife beater လို႔ ရည္ၫႊန္းၿပီး ေဆာင္းပါးတစ္ေစာင္ ေရးသားခဲ့တာေၾကာင့္ သူ႔ဘက္က အသေရဖ်က္မႈနဲ႔ တရားစြဲဆိုခဲ့ပါတယ္။ သို႔ေပမယ့္လည္း လန္ဒန္တရား႐ုံးခ်ဳပ္မွာ အမႈရင္ဆိုင္တဲ့အခါမွာေတာ့ The Sun ဘက္က သက္ေသမ်ားစြာ တင္သြင္းႏိုင္ခဲ့တာေၾကာင့္ Johnny ဘက္က ရႈံးနိမ့္ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း Johnny ဟာ ႏိုင္ငံတကာရဲ႕ အျမင္မွာ နာမည္ပ်က္သြားရတာ ျဖစ္ပါတယ္။

ဒါ့အျပင္ တစ္ခ်ိန္က သူ႔ကို ထည့္သြင္းသ႐ုပ္ေဆာင္ေစဖို႔ အားတက္သေရာ ရွိခဲ့တဲ့ စာေရးဆရာမႀကီး J.K. Rowling ဟာလည္း Fantastic Beasts 3 ထဲကေန သူ႔ကို ထုတ္ပယ္လိုက္ခ်ိန္မွာ မထုတ္ဖို႔ ျငင္းခုန္တာလည္း မရွိသလို၊ မွတ္ခ်က္တစ္စုံတစ္ရာလည္း မေပးခဲ့ပါဘူး။ တကယ္ဆိုရင္ ငါးကားအထိ ႐ိုက္ကူးမယ့္ Fantastic Beasts franchise မွာ Johnny ဟာ ေနာက္ထပ္ သုံးကား ထပ္ၿပီး သ႐ုပ္ေဆာင္ရဦးမွာပါ။

သို႔ေပမယ့္လည္း Johnny ရဲ႕ ကမာၻတစ္ဝန္းက ပရိသတ္ေတြကေတာ့ ဒီကိစၥအေပၚမွာ ေက်နပ္မႈ မရွိၾကဘဲ ျငင္းခုန္မႈမ်ားစြာ ျဖစ္ေပၚခဲ့ပါတယ္။ Johnny တစ္ေယာက္ Fantastic Beasts ကေန ထြက္ခြာရသလို Amber Heard ကိုလည္း Aquaman 2 ကေန ထုတ္ပစ္ဖို႔အတြက္ ေတာင္းဆိုခဲ့ၾကပါေသးတယ္။ ဒီလို ေတာင္းဆိုသူေတြဟာ ယခုအခ်ိန္မွာေတာ့ လူတစ္သန္းခြဲေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ Johnny ကိုယ္တိုင္ကလည္း Amber Heard ကို Aquaman 2 ကေန ထုတ္ပယ္ခံရဖို႔အတြက္ ႀကိဳးစားခဲ့တယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚခဲ့ပါေသးတယ္။

photo via screenrant

Johnny Depp ဟာ တစ္ခ်ိန္တုန္းက ေဟာလိဝုဒ္မွာ ေၾကးအျမင့္ဆုံး သ႐ုပ္ေဆာင္ေတြထဲကတစ္ေယာက္ ျဖစ္ခဲ့သလို ႐ုပ္ရွင္တစ္ကားမွာ သူ ပါလိုက္တာနဲ႔ အလိုေလ်ာက္ နာမည္ႀကီး ေအာင္ျမင္တာေတြလည္း ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း The Sun နဲ႔ အမႈမွာ တရား႐ုံးက ရရွိလာတဲ့ သက္ေသမွတ္တမ္းေတြအရ သူ႔ရဲ႕အၾကမ္းဖက္မႈေတြဟာ ေပၚေပါက္လာခဲ့တာေၾကာင့္ ႐ုပ္ရွင္ေလာကမွာ အခုလို နာမည္ပ်က္သြားခဲ့တာျဖစ္ၿပီး ဒါေတြေၾကာင့္လည္း Warner Bros. ဘက္က သ႐ုပ္ေဆာင္ေၾကးအျပည့္ ေပးၿပီး ထုတ္ပယ္ခဲ့ရတာ ျဖစ္ပါတယ္။

အရက္၊ မူးယစ္ေဆးဝါးရဲ႕ လႈံ႕ေဆာ္မႈေၾကာင့္ ေ႐ႊေခတ္ကို ပ်က္သုဥ္းေစခဲ့တဲ့ မင္းသားႀကီးဟာ သူ႔ရဲ႕ဂုဏ္သတင္းကို ျပန္အဖတ္ဆယ္ၿပီး ႐ုပ္ရွင္ေလာကမွာ အရင္လို စိုးမိုးႏိုင္ဦးမွာလားဆိုတာကေတာ့ ေစာင့္ၾကည့္ရေတာ့မွာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular