HomeCelebs Update NewsInternationalဆိုရှယ်မီဒီယာကို စိတ်မဝင်စားတဲ့ မင်းသားကြီး Johnny Depp Instagram သုံးပြီ

ဆိုရှယ်မီဒီယာကို စိတ်မဝင်စားတဲ့ မင်းသားကြီး Johnny Depp Instagram သုံးပြီ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရဲ့ စူပါစတား မင်းသားကြီး Johnny Depp ကတော့ ဆိုရှယ်မီဒီယာတွေကို စိတ်မဝင်စားဘဲ နေရာကနေ Instagram ပေါ်ကို ရောက်လာခဲ့ပါပြီ။

တွေ့ရခဲပြီး ဖမ်းရခက်တယ်လို့ နာမည်ကြီးတဲ့ မင်းသားကြီးဟာ ကပ်ရောဂါကြောင့် လူတွေ စိတ်ညစ်နေရချိန်မှာ အားပေးဖို့အတွက် ရည်ရွယ်ပြီး Instagram ကို စသုံးနေပါပြီ။ အကောင့်စဖွင့်လိုက်တဲ့အချိန်ဟာ မနေ့က ကြာသပတေးနေ့ညပိုင်းကမှ ဖြစ်ပေမယ့် (၂၄)နာရီတောင် မပြည့်သေးခင်မှာပဲ ဖော်လိုဝါ(၁.၉)သန်းကျော် ရရှိထားတာကို တွေ့ရပါတယ်။

အကောင့်မှာ ပထမဆုံးတင်ထားတဲ့ ပို့စ်ကတော့ ဖယောင်းတိုင်တွေ ပတ်လည်ထွန်းထားတဲ့အလယ် ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်နေတဲ့ပုံ ဖြစ်ပါတယ်။ Caption မှာတော့ ” အားလုံးပဲ မင်္ဂလာပါဗျာ။ ခင်ဗျားတို့အတွက် အခု ကျုပ်တစ်ခု ရိုက်နေတယ်ဗျ။ ခဏလောက် အချိန်ပေးပါ…” ဆိုပြီး ရေးထားတာကို တွေ့ရပါတယ်။

Photo: johnnydepp/ Instagram

အဆိုပါပို့စ်တင်ပြီး နာရီအနည်းငယ်ကြာတဲ့အခါမှာတော့ ကမ္ဘာကျော် ဂန္ထဝင် artist တစ်ယောက်ဖြစ်တဲ့ John Lennon ရဲ့ Isolation ဆိုတဲ့သီချင်းကို cover ပြန်ဆိုထားတဲ့ ဗွီဒီယိုကို တင်လိုက်ပါတယ်။ အဆိုပါဗွီဒီယိုဟာ ရှစ်မိနစ်ကျော် ကြာမြင့်ပြီး ယခုဖြစ်ပွားနေတဲ့ ကပ်ရောဂါအကြောင်းကိုလည်း ပြောထားပါသေးတယ်။

” ဒီမမြင်ရတဲ့ရန်သူဟာ တိုင်းတာလို့မရတဲ့ ဆုံးရှုံးထိခိုက်မှုတွေနဲ့ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တိုက်ခိုက်နေပြီဖြစ်လို့ အခုအချိန်ဟာ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ရတော့မယ့်အချိန် ဖြစ်ပါတယ်။ အခုလို မှောင်မိုက်နေတဲ့ကာလမှာ ဒီအချိန်ကြီးကို ကျော်ဖြတ်နိုင်ဖို့ ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီဖေးမကြဖို့ လိုတယ်လို့ ကျုပ်တော့ ခံစားမိတယ်။ ကျုပ်တို့ချစ်ရတဲ့လူတွေနဲ့ ကျုပ်တို့ရဲ့လူမှုပတ်ဝန်းကျင်အတွက်ရော ကျုပ်တို့ကိုယ်တိုင်အတွက်ရော၊ ကမ္ဘာကြီးအတွက်ရော၊ ကျုပ်တို့အားလုံးရဲ့ အနာဂတ်အတွက်ရော ဒီအချိန်မှာ တူတူကြိုးစားကြဖို့ လိုအပ်ပါတယ်… ” လို့ အသက်(၅၆)နှစ်အရွယ် မင်းသားကြီးက သူ့ရဲ့ IGTV ထဲမှာ ပြောထားပါတယ်။

Photo: -Line/ flickr

ဒါ့အပြင် အခုလို အိမ်ထဲမှာပဲ နေနေကြရချိန်မှာ ဆန်းသစ်တီထွင်မှုတွေနဲ့ အနိုင်ပိုင်းဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။ ” အခုလိုအိမ်ထဲမှာပဲ ကွာရန်တင်းနေနေရချိန်မှာ သူ့အလိုဆန္ဒအတိုင်း ငရဲခံနေရသလို အားလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး ငုတ်တုတ်ထိုင်မနေသင့်ပါဘူး။ ဒီနေ့မှာ ကိုယ့်အတွက် အကျိုးရှိစေပြီး မနက်ဖြန်မှာ အဲ့ဒီ့အကျိုးက တစ်ခြားလူတွေအတွက်ပါ ဖြစ်စေမယ့် အရာတစ်ခုခုကို တီထွင်ဖန်တီးကြပါ။ တစ်စုံတစ်ယောက်အတွက် စိတ်တက်ကြွသွားစေမယ့်အရာမျိုး စဉ်းစားမိတယ်ဆို လုပ်ကြပါ။ ပန်းချီဆွဲပါ။ စာဖတ်ပါ။ အရောင်ခြယ်ပါ။ တွေးပါ။ ကိုယ့်ရဲ့ဖုန်းနဲ့ ရုပ်ရှင်အတိုလေးဖြစ်ဖြစ် ရိုက်ကြည့်ပါ။ တူရိယာတစ်ခုခု တီးတတ်တယ်ဆို တီးပါ။ တကယ်လို့ ဒါတွေ မလုပ်တတ်ဘူးဆိုလည်း လွယ်ပါတယ်။ လုပ်တတ်အောင် သင်ကြည့်လိုက်ပါ… ” လို့ ဆိုထားပါတယ်။

LaNina
(Zawgyi Version)

ေဟာလိဝုဒ္ရဲ႕ စူပါစတား မင္းသားႀကီး Johnny Depp ကေတာ့ ဆိုရွယ္မီဒီယာေတြကို စိတ္မဝင္စားဘဲ ေနရာကေန Instagram ေပၚကို ေရာက္လာခဲ့ပါၿပီ။

ေတြ႕ရခဲၿပီး ဖမ္းရခက္တယ္လို႔ နာမည္ႀကီးတဲ့ မင္းသားႀကီးဟာ ကပ္ေရာဂါေၾကာင့္ လူေတြ စိတ္ညစ္ေနရခ်ိန္မွာ အားေပးဖို႔အတြက္ ရည္႐ြယ္ၿပီး Instagram ကို စသုံးေနပါၿပီ။ အေကာင့္စဖြင့္လိုက္တဲ့အခ်ိန္ဟာ မေန႔က ၾကာသပေတးေန႔ညပိုင္းကမွ ျဖစ္ေပမယ့္ (၂၄)နာရီေတာင္ မျပည့္ေသးခင္မွာပဲ ေဖာ္လိုဝါ(၁.၉)သန္းေက်ာ္ ရရွိထားတာကို ေတြ႕ရပါတယ္။

အေကာင့္မွာ ပထမဆုံးတင္ထားတဲ့ ပို႔စ္ကေတာ့ ဖေယာင္းတိုင္ေတြ ပတ္လည္ထြန္းထားတဲ့အလယ္ ထိုင္ခုံတစ္ခုေပၚမွာ ထိုင္ေနတဲ့ပုံ ျဖစ္ပါတယ္။ Caption မွာေတာ့ ” အားလုံးပဲ မဂၤလာပါဗ်ာ။ ခင္ဗ်ားတို႔အတြက္ အခု က်ဳပ္တစ္ခု ႐ိုက္ေနတယ္ဗ်။ ခဏေလာက္ အခ်ိန္ေပးပါ…” ဆိုၿပီး ေရးထားတာကို ေတြ႕ရပါတယ္။

Photo: johnnydepp/ Instagram

အဆိုပါပို႔စ္တင္ၿပီး နာရီအနည္းငယ္ၾကာတဲ့အခါမွာေတာ့ ကမာၻေက်ာ္ ဂႏၴဝင္ artist တစ္ေယာက္ျဖစ္တဲ့ John Lennon ရဲ႕ Isolation ဆိုတဲ့သီခ်င္းကို cover ျပန္ဆိုထားတဲ့ ဗြီဒီယိုကို တင္လိုက္ပါတယ္။ အဆိုပါဗြီဒီယိုဟာ ရွစ္မိနစ္ေက်ာ္ ၾကာျမင့္ၿပီး ယခုျဖစ္ပြားေနတဲ့ ကပ္ေရာဂါအေၾကာင္းကိုလည္း ေျပာထားပါေသးတယ္။

” ဒီမျမင္ရတဲ့ရန္သူဟာ တိုင္းတာလို႔မရတဲ့ ဆုံးရႈံးထိခိုက္မႈေတြနဲ႔ လူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြကို တိုက္ခိုက္ေနၿပီျဖစ္လို႔ အခုအခ်ိန္ဟာ ေဆြးေႏြးတိုင္ပင္မႈေတြ လုပ္ရေတာ့မယ့္အခ်ိန္ ျဖစ္ပါတယ္။ အခုလို ေမွာင္မိုက္ေနတဲ့ကာလမွာ ဒီအခ်ိန္ႀကီးကို ေက်ာ္ျဖတ္ႏိုင္ဖို႔ က်ဳပ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ကူညီေဖးမၾကဖို႔ လိုတယ္လို႔ က်ဳပ္ေတာ့ ခံစားမိတယ္။ က်ဳပ္တို႔ခ်စ္ရတဲ့လူေတြနဲ႔ က်ဳပ္တို႔ရဲ႕လူမႈပတ္ဝန္းက်င္အတြက္ေရာ က်ဳပ္တို႔ကိုယ္တိုင္အတြက္ေရာ၊ ကမာၻႀကီးအတြက္ေရာ၊ က်ဳပ္တို႔အားလုံးရဲ႕ အနာဂတ္အတြက္ေရာ ဒီအခ်ိန္မွာ တူတူႀကိဳးစားၾကဖို႔ လိုအပ္ပါတယ္… ” လို႔ အသက္(၅၆)ႏွစ္အ႐ြယ္ မင္းသားႀကီးက သူ႔ရဲ႕ IGTV ထဲမွာ ေျပာထားပါတယ္။

Photo: -Line/ flickr

ဒါ့အျပင္ အခုလို အိမ္ထဲမွာပဲ ေနေနၾကရခ်ိန္မွာ ဆန္းသစ္တီထြင္မႈေတြနဲ႔ အႏိုင္ပိုင္းဖို႔ကိုလည္း တိုက္တြန္းထားပါေသးတယ္။ ” အခုလိုအိမ္ထဲမွာပဲ ကြာရန္တင္းေနေနရခ်ိန္မွာ သူ႔အလိုဆႏၵအတိုင္း ငရဲခံေနရသလို အားလုံးနဲ႔ အဆက္အသြယ္ျဖတ္ၿပီး ငုတ္တုတ္ထိုင္မေနသင့္ပါဘူး။ ဒီေန႔မွာ ကိုယ့္အတြက္ အက်ိဳးရွိေစၿပီး မနက္ျဖန္မွာ အဲ့ဒီ့အက်ိဳးက တစ္ျခားလူေတြအတြက္ပါ ျဖစ္ေစမယ့္ အရာတစ္ခုခုကို တီထြင္ဖန္တီးၾကပါ။ တစ္စုံတစ္ေယာက္အတြက္ စိတ္တက္ႂကြသြားေစမယ့္အရာမ်ိဳး စဥ္းစားမိတယ္ဆို လုပ္ၾကပါ။ ပန္းခ်ီဆြဲပါ။ စာဖတ္ပါ။ အေရာင္ျခယ္ပါ။ ေတြးပါ။ ကိုယ့္ရဲ႕ဖုန္းနဲ႔ ႐ုပ္ရွင္အတိုေလးျဖစ္ျဖစ္ ႐ိုက္ၾကည့္ပါ။ တူရိယာတစ္ခုခု တီးတတ္တယ္ဆို တီးပါ။ တကယ္လို႔ ဒါေတြ မလုပ္တတ္ဘူးဆိုလည္း လြယ္ပါတယ္။ လုပ္တတ္ေအာင္ သင္ၾကည့္လိုက္ပါ… ” လို႔ ဆိုထားပါတယ္။

LaNina

 

RELATED ARTICLES

Most Popular