HomeEntertainmentFilmJohnny Depp ကို cameo အဖြစ်တောင် မလိုချင်တော့ဘူးဆိုတဲ့ Disney

Johnny Depp ကို cameo အဖြစ်တောင် မလိုချင်တော့ဘူးဆိုတဲ့ Disney

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney ဟာ အသစ်ပြန်လည်ရိုက်ကူးသွားမယ့် Pirates of the Caribbean ထဲမှာ Johnny Depp ကို cameo အဖြစ် ထည့်သွင်းဖို့တောင် လုံးဝသဘောမတူခဲ့ဘူးလို့ ဆိုပါတယ်။ Pirates of the Caribbean ဇာတ်ကားတွေဟာ Johnny Depp ရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်တွေထဲမှာ ပါဝင်ပြီး အဲ့ဒီရုပ်ရှင်တွေနဲ့ ဆုတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ Depp ဟာ အလွန်အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပြီး ဟောလိဝုဒ်ရဲ့ အကောင်းဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

photo via screenrant

ဒါပေမယ့်လည်း ဝမ်းနည်းစရာနဲ့ပဲ ပြီးခဲ့တဲ့နှစ်တွေမှာတော့ သူရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် တရားရင်ဆိုင်မှုတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် The Sun သတင်းဌာနက သူ့ကို wife beater လို့ ခေါင်းစဉ်တပ်ပြီး ရေးသားခဲ့တဲ့ ကိစ္စကြောင့် Depp ဘက်က တရားစွဲခဲ့ပေမယ့်လည်း အမှုရှုံးခဲ့ပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ သူဟာ Fantastic Beasts ကနေလည်း အထုတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Depp ကို ထုတ်ပယ်လိုက်တဲ့အတွက် WB ကတော့ Depp ရဲ့ သရုပ်ဆောင်ကြေးအပြည့် ဒေါ်လာ(၁၆)သန်း ပေးခဲ့ပါတယ်။

THR သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင်တော့ Disney ဟာ ဒီဇာတ်လမ်းထဲမှာ Johnny Depp ကို လုံးဝ ပါဝင်ခိုင်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။ Citing Producer တစ်ယောက်ဖြစ်တဲ့ Jerry Bruckheimer ကတော့ အသစ်ပြန်လည် ရိုက်ကူးမယ့် Pirates of the Caribbean ထဲမှာ Johnny Depp ကို cameo အနေနဲ့ ဖြစ်ဖြစ် ပြန်ပါစေချင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Disney ဘက်ကတော့ Johnny Depp ကို cameo အနေနဲ့ ပါဝင်ဖို့အတွက်တောင် ငြင်းဆန်ခဲ့ပါတယ်။ အကြောင်းကတော့ Johnny Depp ကြောင့် သူတို့ရဲ့ ရုပ်ရှင်တွေနဲ့ စတူဒီယိုရဲ့ ဂုဏ်သတင်းတွေ ပျက်စီးသွားမှာ စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။

photo via screenrant

THR က ဖော်ပြခဲ့တဲ့ သတင်းကတော့ “အင်္ဂလန်မှာ အမှုရင်မဆိုင်ရခင်တည်းက Disney ဟာ Johnny Depp ကို Pirates of the Caribbean ထဲက ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ Johnny ရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်တဲ့ Jerry Bruckheimer ကတော့ Captain Jack ဇာတ်ကောင်ကို cameo အနေနဲ့ဖြစ်ဖြစ် ထည့်သွင်းချင်ပါတယ်။ ဒါပေမယ့်လည်း အသစ်ထွက်လာမယ့် ဇာတ်လမ်းကတော့ Margot Robbie သရုပ်ဆောင်သွားမယ့် အမျိူးသမီးဇာတ်ကောင်ကို အဓိကထားပြီး ရိုက်ကူးသွားမှာ ဖြစ်သလို Disney ကလည်း Johnny Depp ကို ဧည့်သည်သရုပ်ဆောင်အဖြစ် ထည့်သွင်းဖို့ကိုတောင် လုံးဝငြင်းပယ်ခဲ့ပါတယ်… ” လို့ ဖော်ပြထားပါတယ်။

Johnny Depp ဟာ အခုချိန်မှာ အတော်လေးကို နာမည်ပျက်နေပြီးတော့ သူ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေဟာ အလုပ်ကိုပါ ထိခိုက်လာပြီ ဖြစ်ပါတယ်။  လက်ရှိ အရှုပ်အထွေးတွေကြောင့် သူ့ရဲ့သရုပ်ဆောင်ဘဝနဲ့ ပတ်သက်တဲ့ အနာဂတ်ဟာ ဘယ်လို ဖြစ်လာမလည်း ဆိုတာလည်း မသိရသေးပါဘူး။ လောလောဆယ်မှာတော့ Depp အတွက် မကောင်းတဲ့အချိန်ကာလတစ်ခုကို ရောက်နေပေမယ့် အနာဂတ်ကာလတစ်ခုမှာတော့ သူ့ရဲ့ဂုဏ်သတင်းကို ပြန်လည်ပြုပြင်နိုင်ပြီး အရင်လို သရုပ်ဆောင်ကောင်းတစ်ယောက် ပြန်ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Disney ဟာ အသစ္ျပန္လည္႐ိုက္ကူးသြားမယ့္ Pirates of the Caribbean ထဲမွာ Johnny Depp ကို cameo အျဖစ္ ထည့္သြင္းဖို႔ေတာင္ လုံးဝသေဘာမတူခဲ့ဘူးလို႔ ဆိုပါတယ္။ Pirates of the Caribbean ဇာတ္ကားေတြဟာ Johnny Depp ရဲ႕ အေအာင္ျမင္ဆုံး ႐ုပ္ရွင္ေတြထဲမွာ ပါဝင္ၿပီး အဲ့ဒီ႐ုပ္ရွင္ေတြနဲ႔ ဆုေတြလည္း ပိုင္ဆိုင္ခဲ့ပါတယ္။ ၂၀၀၀ ခုႏွစ္ေနာက္ပိုင္းမွာေတာ့ Depp ဟာ အလြန္ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ခဲ့ၿပီး ေဟာလိဝုဒ္ရဲ႕ အေကာင္းဆုံး သ႐ုပ္ေဆာင္ေတြထဲက တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။

photo via screenrant

ဒါေပမယ့္လည္း ဝမ္းနည္းစရာနဲ႔ပဲ ၿပီးခဲ့တဲ့ႏွစ္ေတြမွာေတာ့ သူရဲ႕ ကိုယ္ေရးကိုယ္တာ ကိစၥေတြေၾကာင့္ တရားရင္ဆိုင္မႈေတြကိုလည္း ႀကဳံေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ The Sun သတင္းဌာနက သူ႔ကို wife beater လို႔ ေခါင္းစဥ္တပ္ၿပီး ေရးသားခဲ့တဲ့ ကိစၥေၾကာင့္ Depp ဘက္က တရားစြဲခဲ့ေပမယ့္လည္း အမႈရႈံးခဲ့ပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္ပဲ သူဟာ Fantastic Beasts ကေနလည္း အထုတ္ခံလိုက္ရၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Depp ကို ထုတ္ပယ္လိုက္တဲ့အတြက္ WB ကေတာ့ Depp ရဲ႕ သ႐ုပ္ေဆာင္ေၾကးအျပည့္ ေဒၚလာ(၁၆)သန္း ေပးခဲ့ပါတယ္။

THR သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ေတာ့ Disney ဟာ ဒီဇာတ္လမ္းထဲမွာ Johnny Depp ကို လုံးဝ ပါဝင္ခိုင္းမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ Citing Producer တစ္ေယာက္ျဖစ္တဲ့ Jerry Bruckheimer ကေတာ့ အသစ္ျပန္လည္ ႐ိုက္ကူးမယ့္ Pirates of the Caribbean ထဲမွာ Johnny Depp ကို cameo အေနနဲ႔ ျဖစ္ျဖစ္ ျပန္ပါေစခ်င္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Disney ဘက္ကေတာ့ Johnny Depp ကို cameo အေနနဲ႔ ပါဝင္ဖို႔အတြက္ေတာင္ ျငင္းဆန္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ Johnny Depp ေၾကာင့္ သူတို႔ရဲ႕ ႐ုပ္ရွင္ေတြနဲ႔ စတူဒီယိုရဲ႕ ဂုဏ္သတင္းေတြ ပ်က္စီးသြားမွာ စိုးရိမ္တာေၾကာင့္ ျဖစ္ပါတယ္။

photo via screenrantTHR က ေဖာ္ျပခဲ့တဲ့ သတင္းကေတာ့ “အဂၤလန္မွာ အမႈရင္မဆိုင္ရခင္တည္းက Disney ဟာ Johnny Depp ကို Pirates of the Caribbean ထဲက ထုတ္ပယ္ခဲ့တာ ျဖစ္ပါတယ္။ Johnny ရဲ႕ အမာခံပရိသတ္တစ္ေယာက္ ျဖစ္တဲ့ Jerry Bruckheimer ကေတာ့ Captain Jack ဇာတ္ေကာင္ကို cameo အေနနဲ႔ျဖစ္ျဖစ္ ထည့္သြင္းခ်င္ပါတယ္။ ဒါေပမယ့္လည္း အသစ္ထြက္လာမယ့္ ဇာတ္လမ္းကေတာ့ Margot Robbie သ႐ုပ္ေဆာင္သြားမယ့္ အမ်ိဴးသမီးဇာတ္ေကာင္ကို အဓိကထားၿပီး ႐ိုက္ကူးသြားမွာ ျဖစ္သလို Disney ကလည္း Johnny Depp ကို ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ထည့္သြင္းဖို႔ကိုေတာင္ လုံးဝျငင္းပယ္ခဲ့ပါတယ္… ” လို႔ ေဖာ္ျပထားပါတယ္။

Johnny Depp ဟာ အခုခ်ိန္မွာ အေတာ္ေလးကို နာမည္ပ်က္ေနၿပီးေတာ့ သူ႔ရဲ႕ကိုယ္ေရးကိုယ္တာ ကိစၥေတြဟာ အလုပ္ကိုပါ ထိခိုက္လာၿပီ ျဖစ္ပါတယ္။  လက္ရွိ အရႈပ္အေထြးေတြေၾကာင့္ သူ႔ရဲ႕သ႐ုပ္ေဆာင္ဘဝနဲ႔ ပတ္သက္တဲ့ အနာဂတ္ဟာ ဘယ္လို ျဖစ္လာမလည္း ဆိုတာလည္း မသိရေသးပါဘူး။ ေလာေလာဆယ္မွာေတာ့ Depp အတြက္ မေကာင္းတဲ့အခ်ိန္ကာလတစ္ခုကို ေရာက္ေနေပမယ့္ အနာဂတ္ကာလတစ္ခုမွာေတာ့ သူ႔ရဲ႕ဂုဏ္သတင္းကို ျပန္လည္ျပဳျပင္ႏိုင္ၿပီး အရင္လို သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ ျပန္ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular