HomeCelebs Update NewsInternationalဆာဘီးယားနိုင်ငံရဲ့ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆု ချီးမြှင့်ခံလိုက်ရတဲ့ Johnny Depp 

ဆာဘီးယားနိုင်ငံရဲ့ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆု ချီးမြှင့်ခံလိုက်ရတဲ့ Johnny Depp 

မင်းသားကြီး Johnny Depp ဟာ ဆာဘီးယားနိုင်ငံက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆုကို ရရှိသွားပါတယ်။ အဆိုပါ ရွှေတံဆိပ်ဆုကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ဆာဘီးယားနိုင်ငံ၊ Belgrade မြို့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ Serbian Statehood Day မှာ ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီရွှေတံဆိပ်ဆုကိုတော့ ဆာဘီးယားနိုင်ငံသမ္မတ Aleksandar Vucic ကိုယ်တိုင်က မင်းသားကြီးကို ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ Balkan Insight သတင်းဌာနရဲ့ ဖော်ပြချက်အရ Johnny Depp ဟာ အများပြည်သူလူထုနဲ့ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ထိန်းသိမ်းမှုလုပ်ငန်းတွေမှာ ကောင်းကျိုးပြုခဲ့တာကြောင့် ဖြစ်ပြီး အထူးသဖြင့် ရုပ်ရှင်အနုပညာလောကထဲမှာ ထူးချွန်ပြောင်မြောက်ကာ ဆာဘီးယားပြည်ထောင်စုနိုင်ငံကို ကမ္ဘာ့အလယ်မှာ ပရိုမိုးရှင်း ဆင်းပေးခဲ့တာကြောင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။

Photo Credit: DIMITRIJE GOLL/ BETAPHOTO/ SIPA/ Shutterstock

Johnny Depp ကတော့ သူ့ရဲ့ ဇနီးဟောင်း Amber Heard နဲ့ ဖြစ်ပွားခဲ့တဲ့ အမှုအခင်းကိစ္စတွေပြီးတည်းက လူရှေ့ကို မထွက်တာ ကြာမြင့်နေပြီ ဖြစ်ပြီး ယခု ဆုတံဆိပ်ကို လက်ခံရယူတော့မှသာ ရှားရှားပါးပါး လူရှေ့ကို ပြန်ထွက်လာတာ ဖြစ်ပါတယ်။ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆု ချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး မင်းသားကြီးကတော့ ဆုလက်ခံရယူရင်း ယခုလို ပြောကြားသွားပါတယ်။

“သမ္မတကြီး Vucic ကို ကျွန်တော် စိတ်ရင်းနဲ့ အမှန်တကယ် ကျေးဇူးတင်ပါတယ်။ ဒီရွှေတံဆိပ်ဆုနဲ့ ကျွန်တော့်ကို အခုလို ချီးမြှင့်ပေးတာ၊ ဒီလိုဂုဏ်ယူစွာနဲ့ ဆုလက်ခံပြီး ပြန်သွားရမှာဆိုတော့ ကျွန်တော့်အပေါ် တကယ် ကြင်နာဂရုစိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် … ”

Photo: johnnydeppuruguay/ Instagram

“ဒီဆုနဲ့ ထိုက်တန်အောင် ကျွန်တော်အမြဲတမ်း စစ်မှန်စွာ နေထိုင်ပါ့မယ်။ နောက်ပြီးတော့ အခု ဒီမှာ ကျွန်တော် ကတိကဝတ်ပြုသွားတဲ့အတိုင်းပဲ ကျွန်တော့်မှာရှိသမျှ အင်အားနဲ့ တတ်နိုင်သမျှ ကြိုးစားသွားပါ့မယ် … ” လို့ မင်းသားကြီးက ပြောသွားပါတယ်။

ဒါ့အပြင် သူဟာ ဘဝသစ်ကို အစပြုနေကြောင်း ရှင်းပြသွားပြီး “ကျွန်တော်က ပြန်လည်အစပြုရတာကို နှစ်သက်ပါတယ်။ ပြီးတော့ ခင်ဗျားတို့ကသာ ကျွန်တော့်ကို ဖြစ်စေချင်တယ်ဆိုရင် ဒီဆာဘီးယားမှာပဲ ပြန်ပြီးအစပြုဖို့ ဆန္ဒရှိပါတယ် … ” လို့ မင်းသားကြီးက ဆိုထားပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular