HomeEntertainmentFilmJohnny Depp နဲ့ Amber Heard တို့အကြောင်း မြင်တွေ့ရမယ့် မှတ်တမ်းတင်စီးရီး Johnny vs. Amber

Johnny Depp နဲ့ Amber Heard တို့အကြောင်း မြင်တွေ့ရမယ့် မှတ်တမ်းတင်စီးရီး Johnny vs. Amber

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Johnny Depp နဲ့ Amber Heard တို့ရဲ့ ကွာရှင်းမှုနဲ့ တရားစွဲဆိုမှုတွေဟာ ပရိသတ်တွေကြားမှာ အတော်လေး ငြင်းခုန်စရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့နှစ်ယောက်ရဲ့ အတွင်းရေးကို ပရိသတ်တွေ ပိုပြီးထဲထဲဝင်ဝင် သိနိုင်ဖို့ Discovery+ ဟာ သူတို့နှစ်ယောက်ရဲ့ အကြောင်းကို Documentary Series အဖြစ် ရိုက်ကူးဖို့ စီစဉ်နေတယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းတင် စီးရီးရဲ့ အမည်ကိုတော့ Johnny vs. Amber လို့ နာမည်ပေးထားပါတယ်။

သူတို့နှစ်ယောက်ဟာ The Rum Diary ရုပ်ရှင်ရိုက်ကွင်းမှာ စတင်တွေ့ဆုံခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ ကွာရှင်းခဲ့ကြပါတယ်။ အခြားသော ဆယ်လီစုံတွဲတွေရဲ့ ကွာရှင်းမှုထက် ထူးခြားတာကတော့ သူတို့နှစ်ယောက်လုံးဟာ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ အပြန်အလှန် စွပ်စွဲခဲ့ကြပြီး နှစ်ဘက်လုံးကလည်း အဲ့ဒီစွပ်စွဲချက်တွေကို အသီးသီး ငြင်းဆန်ခဲ့ကြတာပါပဲ။

photo via screenrant

Johnny Depp နဲ့ Amber Heard တို့နှစ်ယောက်လုံးဟာ ကွာရှင်းချိန်က စတင်တဲ့ အငြင်းပွားမှုတွေကြောင့် မတူညီတဲ့ ဆိုးကျိူးတွေအမျိူးမျိူးကို နောက်ဆက်တွဲအနေနဲ့ ခံစားခဲ့ရပါတယ်။ Johnny Depp ကတော့ Fantastic Beasts 3 ကနေ ထွက်ခွာပေးခဲ့ရပြီး Amber Heard ကိုလည်း  Aquaman 2 ကနေ ထုတ်ပယ်ပေးဖို့ ပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။

မကြာသေးခင်ကပဲ THR သတင်းဌာနရဲ့ ဖော်ပြချက်အရ Discovery+ ဟာ သူတို့နှစ်ယောက်အကြောင်းကို မှတ်တမ်းတင်စီးရီးတစ်ခု ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီစီးရီးကတော့ အပိုင်းနှစ်ပိုင်း ပါဝင်မှာ ဖြစ်ပြီး Johnny vs. Amber လို့ နာမည်ပေးထားပါတယ်။

Photo via rumdiarythemovide

ဒီစီးရီးထဲမှာတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေး ဘယ်လိုပြိုကွဲသွားတယ် ဆိုတာကနေ တရားစွဲဆိုကြတဲ့အထိ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းတင်စီးရီးကို ဖန်တီးမယ့်သူတွေကတော့ သူတို့နှစ်ယောက်လုံးရဲ့ ပြောကြားချက်တွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပထမအပိုင်းမှာတော့ Johnny Depp ရဲ့ ပြောကြားချက်တွေကို ပြသသွားမှာဖြစ်ပြီး ဒုတိယအပိုင်းမှာတော့ Amber Heard ရဲ့ ပြောကြားချက်တွေကို ပြသသွားမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ ဒီစီးရီးကို ဖန်တီးမယ့်သူတွေဟာ သူတို့နှစ်ယောက်လုံးရဲ့ ရှေ့နေတွေနဲ့ သူတို့နဲ့ ရင်းနှီးသူတွေကိုပါ အင်တာဗျူးသွားမှာ ဖြစ်ပါတယ်။ အခုချိန်ထိတော့ ဒီစီးရီးဟာ ဘယ်အချိန်မှာ ထွက်ရှိလာမလည်းဆိုတာ မသိရသေးပေမယ့်လည်း ပရိသတ်တွေအနေနဲ့တော့ စောင့်ကြည့်သင့်တဲ့ မှတ်တမ်းတင်စီးရီးတစ်ခုဆိုလည်း မမှားပါဘူး။ အထူးသဖြင့် ဒီမှတ်တမ်းတင်စီးရီးထဲမှာ သူတို့နှစ်ယောက်လုံးရဲ့ ပြောကြားချက်တွေကို သေချာသိရှိရမှာ ဖြစ်တာကြောင့် သူတို့ရဲ့အဖြစ်အပျက်ကို ပိုပြီးထဲထဲဝင်ဝင် သိရှိနိုင်မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Johnny Depp နဲ႔ Amber Heard တို႔ရဲ့ ကြာရွင္းမွုနဲ႔ တရားစြဲဆိုမွုေတြဟာ ပရိသတ္ေတြၾကားမွာ အေတာ္ေလး ျငင္းခုန္စရာေတြ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း သူတို႔ႏွစ္ေယာက္ရဲ့ အတြင္းေရးကို ပရိသတ္ေတြ ပိုၿပီးထဲထဲဝင္ဝင္ သိနိုင္ဖို႔ Discovery+ ဟာ သူတို႔ႏွစ္ေယာက္ရဲ့ အေၾကာင္းကို Documentary Series အျဖစ္ ရိုက္ကူးဖို႔ စီစဥ္ေနတယ္လို႔ ေၾကညာလိုက္တာ ျဖစ္ပါတယ္။ ဒီမွတ္တမ္းတင္ စီးရီးရဲ့ အမည္ကိုေတာ့ Johnny vs. Amber လို႔ နာမည္ေပးထားပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ The Rum Diary ႐ုပ္ရွင္ရိုက္ကြင္းမွာ စတင္ေတြ႕ဆုံခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာ လက္ထပ္ခဲ့ၾကပါတယ္။ အဲဒီေနာက္ ၂၀၁၇ ခုႏွစ္မွာေတာ့ ကြာရွင္းခဲ့ၾကပါတယ္။ အျခားေသာ ဆယ္လီစုံတြဲေတြရဲ့ ကြာရွင္းမွုထက္ ထူးျခားတာကေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ အိမ္တြင္းအၾကမ္းဖက္မွုေတြနဲ႔ အျပန္အလွန္ စြပ္စြဲခဲ့ၾကၿပီး ႏွစ္ဘက္လုံးကလည္း အဲ့ဒီစြပ္စြဲခ်က္ေတြကို အသီးသီး ျငင္းဆန္ခဲ့ၾကတာပါပဲ။

photo via screenrant

Johnny Depp နဲ႔ Amber Heard တို႔ႏွစ္ေယာက္လုံးဟာ ကြာရွင္းခ်ိန္က စတင္တဲ့ အျငင္းပြားမွုေတြေၾကာင့္ မတူညီတဲ့ ဆိုးက်ိဴးေတြအမ်ိဴးမ်ိဴးကို ေနာက္ဆက္တြဲအေနနဲ႔ ခံစားခဲ့ရပါတယ္။ Johnny Depp ကေတာ့ Fantastic Beasts 3 ကေန ထြက္ခြာေပးခဲ့ရၿပီး Amber Heard ကိုလည္း  Aquaman 2 ကေန ထုတ္ပယ္ေပးဖို႔ ပရိသတ္ေတြက ေတာင္းဆိုခဲ့ၾကပါတယ္။

မၾကာေသးခင္ကပဲ THR သတင္းဌာနရဲ့ ေဖာ္ျပခ်က္အရ Discovery+ ဟာ သူတို႔ႏွစ္ေယာက္အေၾကာင္းကို မွတ္တမ္းတင္စီးရီးတစ္ခု ရိုက္ကူးသြားမယ္လို႔ သိရပါတယ္။ ဒီစီးရီးကေတာ့ အပိုင္းႏွစ္ပိုင္း ပါဝင္မွာ ျဖစ္ၿပီး Johnny vs. Amber လို႔ နာမည္ေပးထားပါတယ္။

Photo via rumdiarythemovide

ဒီစီးရီးထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ့ အိမ္ေထာင္ေရး ဘယ္လိုၿပိဳကြဲသြားတယ္ ဆိုတာကေန တရားစြဲဆိုၾကတဲ့အထိ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီမွတ္တမ္းတင္စီးရီးကို ဖန္တီးမယ့္သူေတြကေတာ့ သူတို႔ႏွစ္ေယာက္လုံးရဲ့ ေျပာၾကားခ်က္ေတြကို အသုံးျပဳသြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ပထမအပိုင္းမွာေတာ့ Johnny Depp ရဲ့ ေျပာၾကားခ်က္ေတြကို ျပသသြားမွာျဖစ္ၿပီး ဒုတိယအပိုင္းမွာေတာ့ Amber Heard ရဲ့ ေျပာၾကားခ်က္ေတြကို ျပသသြားမွာ ျဖစ္ပါတယ္။

ဒါတင္မကေသးဘဲ ဒီစီးရီးကို ဖန္တီးမယ့္သူေတြဟာ သူတို႔ႏွစ္ေယာက္လုံးရဲ့ ေရွ႕ေနေတြနဲ႔ သူတို႔နဲ႔ ရင္းႏွီးသူေတြကိုပါ အင္တာဗ်ဴးသြားမွာ ျဖစ္ပါတယ္။ အခုခ်ိန္ထိေတာ့ ဒီစီးရီးဟာ ဘယ္အခ်ိန္မွာ ထြက္ရွိလာမလည္းဆိုတာ မသိရေသးေပမယ့္လည္း ပရိသတ္ေတြအေနနဲ႔ေတာ့ ေစာင့္ၾကည့္သင့္တဲ့ မွတ္တမ္းတင္စီးရီးတစ္ခုဆိုလည္း မမွားပါဘူး။ အထူးသျဖင့္ ဒီမွတ္တမ္းတင္စီးရီးထဲမွာ သူတို႔ႏွစ္ေယာက္လုံးရဲ့ ေျပာၾကားခ်က္ေတြကို ေသခ်ာသိရွိရမွာ ျဖစ္တာေၾကာင့္ သူတို႔ရဲ့အျဖစ္အပ်က္ကို ပိုၿပီးထဲထဲဝင္ဝင္ သိရွိနိုင္မွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular