HomeEntertainmentFilmJoker 2 မှာ Harley Quinn အဖြစ် ပါဝင်မယ့်အကြောင်း အတည်ပြုလိုက်တဲ့ Lady Gaga

Joker 2 မှာ Harley Quinn အဖြစ် ပါဝင်မယ့်အကြောင်း အတည်ပြုလိုက်တဲ့ Lady Gaga

Lady Gaga ဟာ Joker 2 ဖြစ်တဲ့ Joker: Folie a Deux ရဲ့ ပထမဆုံး Teaser ထဲမှာ Harley Quinn အဖြစ် ပါဝင်လာပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Joker ရုပ်ရှင်ဟာ Warner Bros. စတူဒီယိုအတွက် box-office မှာ ဒေါ်လာ(၁)ဘီလျံကျော် ရရှိခဲ့သလို ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ WB ဟာ Joker 2 ကို ဆက်လက်ဖန်တီးဖို့ ပြင်ဆင်ခဲ့ပြီး လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကတော့ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းဖန်တီးမှု ပြီးဆုံးသွားပြီလို့ ကြေညာခဲ့ပါတယ်။

photo via screenrant

Joker 2 ထွက်ရှိလာမယ်လို့ အတည်ပြုခဲ့တာကတော့ ဒါရိုက်တာ Todd Philips ပဲ ဖြစ်ပြီး သူဟာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရဲ့ မျက်နှာဖုံးကာဗာကို အင်စတာဂရမ်ပေါ်မှာ မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ခေါင်းစဉ်ကတော့ Joker: Folie a Deux လို့ ခေါ်ပြီး အကြမ်းဖျင်းအားဖြင့် ဘာသာပြန်လိုက်ရင် လူနှစ်ယောက်ရဲ့ ရူးသွပ်မှုလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ ဒုတိယမြောက် Joker သို့မဟုတ် Harley Quinn ပါဝင်လာမယ်လို့ ပရိသတ်တွေက ခန့်မှန်းခဲ့ကြပြီး Harley Quinn နေရာမှာတော့ Lady Gaga က ပါဝင်သွားမယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။

ယခုအချိန်မှာတော့ Lady Gaga ဟာ မကြာသေးခင်ကပဲ တွစ်တာပေါ်မှာ Joker 2 ရဲ့ Teaser ကို တင်ပေးထားပါတယ်။ အဲဒီ Teaser ထဲမှာတော့ Harley Quinn နဲ့ Joker တို့ နှစ်ယောက် ကနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Lady Gaga ဟာ Harley Quinn အနေနဲ့ ပါဝင်သွားမယ်ဆိုတဲ့ သတင်းဟာ အတည်ဖြစ်သွားပါပြီ။ ဒါ့အပြင် ဒီ Teaser ထဲမှာတော့ Lady Gaga ရဲ့ Harley Quinn ပုံစံကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒီရုပ်ရှင်ကိုတော့ လာမယ့် ဒီဇင်ဘာလလောက်မှာ ရိုက်ကူးရေး စတင်သွားမယ်လို့ ယူဆရပြီး ပရိသတ်တွေကတော့ ဒီရုပ်ရှင်ကို ကြည့်ရဖို့အတွက် စောင့်မျှော်ရဦးမှာ ဖြစ်ပါတယ်။ ယခုထွက်ရှိလာတဲ့ Teaser ထဲမှာတော့ ဒီရုပ်ရှင်ရဲ့ ထွက်ရှိလာမယ့် နေ့ရက်ကိုလည်း ဖော်ပြထားပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၄)ရက်မှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကိုတော့ Musical အနေနဲ့ ဖန်တီးသွားမှာ ဖြစ်ပြီး ပရိသတ်တွေကတော့ ပထမ Joker နဲ့ မတူညီတဲ့ ရသတွေကို ကြည့်ရှုခံစားရဦးမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular