HomeEntertainmentFilm၀င္ေငြေဒၚလာသန္း(၆၀၀)ေက်ာ္နဲ႔ ခန္႔မွန္း၀င္ေငြကို ေက်ာ္လြန္သြားတဲ့ Joker

၀င္ေငြေဒၚလာသန္း(၆၀၀)ေက်ာ္နဲ႔ ခန္႔မွန္း၀င္ေငြကို ေက်ာ္လြန္သြားတဲ့ Joker

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လတ်တလော ပြည်တွင်းမှာရော ဟောလိဝုဒ်မှာပါ ဂယက်ရိုက်ပြီး အောင်မြင်နေတဲ့ ဇာတ်ကားကတော့ Joker ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ DC Comics ရဲ့ Joker ရုပ်ရှင်ဟာ မူလက ခန့်မှန်းထားတဲ့ Box-Office ဝင်ငွေထက် အဆပေါင်းများစွာ ကျော်လွန်ပြီး လက်ရှိအချိန်အထိ ကမ္ဘာတစ်လွှားမှာ အမေရိကန်ဒေါ်လာ သန်း(၆၀၀)ကျော်ဝင်ငွေနဲ့ သောက်သောက်လဲ အောင်မြင်နေကြောင်းကို Forbes ရဲ့ report တစ်ခုအရ သိရပါတယ်။

Joker ဟာ နာမည်ကျော် Batman ဇာတ်ကောင်ရဲ့ စူပါဗီလိန်တစ်ယောက်ဖြစ်ပြီး Joker ဆိုတဲ့ ဗီလိန်တစ်ယောက် ဖြစ်ပေါ်လာပုံ မူလအစကို ဇာတ်လမ်းတည်ထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Todd Philips ရိုက်ကူးတဲ့ ဇာတ်ကားကို မင်းသား Joaquin Phoenix က သရုပ်ဆောင်ထားတာပါ။

Photo: rotten tomatoes

ဇာတ်လမ်းကိုတော့ ဒါရိုက်တာ Todd Philips နဲ့အတူ Scott Silver တို့က အတူတူ ရေးထားကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ အဓိကဇာတ်ဆောင် Joaquin Phoenix အပြင် အခြားသော နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Robert De Niro ၊ Zazie Beetz ၊ Frances Conroy ၊ Brett Cullen ၊ Glenn Fleshler ၊ Bill Camp ၊ Shea Whigham နဲ့ Marc Maron တို့က ဇာတ်ပို့နေရာကနေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo: rotten tomatoes

Joker ဟာ တစ်ခဲနက် အားပေးမှုတွေကို ရရှိခဲ့သလို ပြင်းထန်တဲ့ ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဘတ်ဂျတ်အနေနဲ့ကတော့ အမေရိကန်ဒေါ်လာ(၅၅)သန်း အကုန်အကျခံ ရိုက်ကူးထားခဲ့တာပါ။ ဝင်ငွေနဲ့ ပြန်ယှဉ်လိုက်ရင်တော့ အဆပေါင်းများစွာ အကျိုးအမြတ် ရရှိတာကို မငြင်းနိုင်ပါဘူး။

Photo: rotten tomatoes

Rating တွေအနေနဲ့ကတော့ Rotten Tomatoes မှာ 68% ရရှိထားပြီး IMDb မှာတော့ 8.9 ရရှိထားပါတယ်။ စာဖတ်သူတို့ရော ကြည့်ပြီးကြပြီးလား? ကြည့်ပြီးသွားရင်လည်း ခံစားချက်လေးတွေလည်း ပြောပြခဲ့ပါဦးနော်။

LaNina

Ref: indianexpress

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

လတ္တေလာ ျပည္တြင္းမွာေရာ ေဟာလိ၀ုဒ္မွာပါ ဂယက္ရိုက္ၿပီး ေအာင္ျမင္ေနတဲ့ ဇာတ္ကားကေတာ့ Joker ရုပ္ရွင္ဇာတ္ကား ျဖစ္ပါတယ္။ DC Comics ရဲ႕ Joker ရုပ္ရွင္ဟာ မူလက ခန္႔မွန္းထားတဲ့ Box-Office ၀င္ေငြထက္ အဆေပါင္းမ်ားစြာ ေက်ာ္လြန္ၿပီး လက္ရိွအခ်ိန္အထိ ကမာၻတစ္လႊားမွာ အေမရိကန္ေဒၚလာ သန္း(၆၀၀)ေက်ာ္၀င္ေငြနဲ႔ ေသာက္ေသာက္လဲ ေအာင္ျမင္ေနေၾကာင္းကို Forbes ရဲ႕ report တစ္ခုအရ သိရပါတယ္။

Joker ဟာ နာမည္ေက်ာ္ Batman ဇာတ္ေကာင္ရဲ႕ စူပါဗီလိန္တစ္ေယာက္ျဖစ္ၿပီး Joker ဆိုတဲ့ ဗီလိန္တစ္ေယာက္ ျဖစ္ေပၚလာပုံ မူလအစကို ဇာတ္လမ္းတည္ထားတာ ျဖစ္ပါတယ္။ ဒါရိုက္တာ Todd Philips ရိုက္ကူးတဲ့ ဇာတ္ကားကို မင္းသား Joaquin Phoenix က သရုပ္ေဆာင္ထားတာပါ။

Photo: rotten tomatoes

ဇာတ္လမ္းကိုေတာ့ ဒါရိုက္တာ Todd Philips နဲ႔အတူ Scott Silver တို႔က အတူတူ ေရးထားၾကတာ ျဖစ္ပါတယ္။ ဒီဇာတ္ကားႀကီးမွာ အဓိကဇာတ္ေဆာင္ Joaquin Phoenix အျပင္ အျခားေသာ နာမည္ေက်ာ္ သရုပ္ေဆာင္ေတြျဖစ္တဲ့ Robert De Niro ၊ Zazie Beetz ၊ Frances Conroy ၊ Brett Cullen ၊ Glenn Fleshler ၊ Bill Camp ၊ Shea Whigham နဲ႔ Marc Maron တို႔က ဇာတ္ပို႔ေနရာကေန ပါ၀င္သရုပ္ေဆာင္ထားၾကပါတယ္။

Photo: rotten tomatoes

Joker ဟာ တစ္ခဲနက္ အားေပးမႈေတြကို ရရိွခဲ့သလို ျပင္းထန္တဲ့ ေ၀ဖန္မႈေတြကိုလည္း ရင္ဆိုင္ခဲ့ရပါေသးတယ္။ ဘတ္ဂ်တ္အေနနဲ႔ကေတာ့ အေမရိကန္ေဒၚလာ(၅၅)သန္း အကုန္အက်ခံ ရိုက္ကူးထားခဲ့တာပါ။ ၀င္ေငြနဲ႔ ျပန္ယွဥ္လိုက္ရင္ေတာ့ အဆေပါင္းမ်ားစြာ အက်ိဳးအျမတ္ ရရိွတာကို မျငင္းႏိုင္ပါဘူး။

Photo: rotten tomatoes

Rating ေတြအေနနဲ႔ကေတာ့ Rotten Tomatoes မွာ 68% ရရိွထားၿပီး IMDb မွာေတာ့ 8.9 ရရိွထားပါတယ္။ စာဖတ္သူတို႔ေရာ ၾကည့္ၿပီးၾကၿပီးလား? ၾကည့္ၿပီးသြားရင္လည္း ခံစားခ်က္ေလးေတြလည္း ေျပာျပခဲ့ပါဦးေနာ္။

LaNina

Ref: indianexpress

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular