HomeCelebs Update NewsInternationalကိုရီးယားမွာ ေက်ာင္းလာတက္မယ့္ သားႀကီးMaddoxအတြက္ ဇိမ္ခံတိုက္ခန္း ငွားေပးလိုက္တဲ့ Jolie

ကိုရီးယားမွာ ေက်ာင္းလာတက္မယ့္ သားႀကီးMaddoxအတြက္ ဇိမ္ခံတိုက္ခန္း ငွားေပးလိုက္တဲ့ Jolie

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ေအာ္စကာဆုရ မင္းသမီးေခ်ာတစ္လက္ျဖစ္တဲ့ Angelina Jolie ကေတာ့ ဆိုးလ္ၿမိဳ႕တစ္ခြင္မွာ အလုပ္ရႈပ္လို႔ေနပါတယ္။ အေၾကာင္းကေတာ့ သားႀကီးျဖစ္သူ Maddox ဟာ တကၠသိုလ္တက္ဖို႔ ေရြးခ်ယ္ရာမွာ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕က Yonsei တကၠသိုလ္ကို ေရြးခ်ယ္လိုက္လို႔ပဲ ျဖစ္ပါတယ္။

Jolie ဟာ သားႀကီး Maddox တက္မယ့္ Yonsei တကၠသိုလ္ကို အလည္အပတ္အေနနဲ႔ လုိက္ပါၾကည့္ရႈၿပီး ေက်ာင္းက ေက်ာင္းသားေတြနဲ႔လည္း ရင္းရင္းႏွီးႏွီး ေတြ႔ဆုံခဲ့ေသးတယ္လို႔ သိရပါတယ္။ ကိုယ့္ကိုယ္ကို အင္မတန္မွ ႏွိမ့္ခ်တတ္ၿပီး ေႏြးေထြးတဲ့ Jolie ေၾကာင့္ ေက်ာင္းသားေတြဟာလည္း ကမာၻေက်ာ္မင္းသမီးတစ္ေယာက္ဆိုၿပီး ရိွန္ေနစရာမလိုဘဲ ရင္းႏွီးေႏြးေထြးစြာ ဆက္ဆံခြင့္ရခဲ့ပါတယ္။

Photo: koreaboo

သားႀကီးရဲ႕ ေရြးခ်ယ္မႈေၾကာင့္ ကိုရီးယားႏိုင္ငံကို ေရာက္ရိွလာတဲ့ Jolie ဟာ ကိုရီးယားအစားအေသာက္ေတြနဲ႔ နာမည္ေက်ာ္ အလွကုန္ပစၥည္းေတြကိုပါ ေလ့လာခံစားခဲ့ပါေသးတယ္။

တကၠသိုလ္တက္မယ့္ သားအတြက္ အဆင္ေျပ၊ သက္ေသာင့္သက္သာျဖစ္ေစဖို႔ရာအတြက္ ဆိုးလ္ၿမိဳ႕မွာ ဇိမ္ခံတိုက္ခန္းတစ္ခန္းကိုလည္း ငွားရမ္းေပးခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါ တိုက္ခန္းဟာ Yonsei တကၠသိုလ္ကေန ငါးကီလိုမီတာခန္႔ ကြာေ၀းတဲ့ Gwanghwamun မွာ တည္ရိွပါတယ္။ တိုက္ခန္းဟာ Yonsei တကၠသိုလ္နဲ႔လည္း နီးစပ္ၿပီး လုံၿခံဳေရးလည္း အင္မတန္မွ ေကာင္းမြန္တယ္လို႔ ဆိုပါတယ္။

Photo: koreaboo

ဒီလိုဇိမ္ခံတိုက္ခန္း ငွားေပးလိုက္ရတဲ့ အေၾကာင္းကေတာ့ သားအတြက္တင္မဟုတ္ဘဲ Jolie ကိုယ္တိုင္ကလည္း ကိုရီးယားကို အလုပ္ကိစၥနဲ႔ လာရတာေတြ ရိွလို႔ပဲ ျဖစ္ပါတယ္။ Jolie ဟာ အရင္တစ္ေခါက္ကလည္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရုံးရဲ႕ အထူးဧည့္သည္အေနနဲ႔ ကိုရီးယားကို လာေရာက္ခဲ့ရပါေသးတယ္။ ဒါေၾကာင့္ သူမရဲ႕ ကုလသမဂၢအလုပ္ေတြနဲ႔ လာတဲ့အခါမွာလည္း တည္းခိုလို႔အဆင္ေျပေအာင္ ဇိမ္ခံတုိက္ခန္းကို ေရြးခ်ယ္လိုက္ပုံ ရပါတယ္။

Maddox ဟာ ကေမာၻဒီးယားႏိုင္ငံကေန Jolie  ေမြးစားဖို႔ ေခၚလာတဲ့ အႀကီးဆုံးသား ျဖစ္ပါတယ္။ ၂၀၀၁ခုႏွစ္ ၾသဂုတ္လ(၅)ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီး အခုဆိုရင္ အသက္(၁၈)ႏွစ္အရြယ္ ရိွေနပါၿပီ။ နာမည္အျပည့္အစုံကေတာ့ Maddox Chivan Jolie-Pitt ျဖစ္ပါတယ္။

Photo: koreaboo

အခု Maddox ေက်ာင္း၀င္ခြင့္ ရရိွခဲ့တာကေတာ့ Yonsei တကၠသိုလ္ရဲ႕ Underwood International College မွာ ျဖစ္ပါတယ္။ အဆိုပါေက်ာင္းဟာ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ တစ္ခုတည္းေသာ Liberal Arts ေကာလိပ္ျဖစ္ၿပီး အတန္းအားလုံးမွာ အဂၤလိပ္လို သင္ၾကားတဲ့ Yonsei တကၠသိုလ္ရဲ႕ တစ္ခုတည္းေသာ ေကာလိပ္လည္း ျဖစ္ပါတယ္။ အဆိုပါေကာလိပ္ရဲ႕ တစ္ႏွစ္ေက်ာင္း၀င္ခြင့္ ရာခိုင္ႏႈန္းဟာ (၁၃)ရာခိုင္ႏႈန္းသာရိွလို႔ အင္မတန္မွ ၀င္ခြင့္ရရိွဖို႔ ခက္ခဲတဲ့ေက်ာင္းလို႔ ေျပာရမွာပါ။

Maddox တစ္ေယာက္ Yonsei တကၠသိုလ္ကို ေရြးခ်ယ္ရတဲ့ အေၾကာင္းရင္းကေတာ့ ကိုယ္တိုင္က ကိုရီးယားဘာသာကို စိတ္၀င္စားတာေၾကာင့္လို႔ ဆိုပါတယ္။ သူဟာ ေက်ာင္း၀င္ခြင့္အတြက္ ျပင္ဆင္ေနတဲ့ တစ္ႏွစ္တာလုံးကိုလည္း ကိုရီးယားဘာသာကို ေလ့လာသင္ၾကားေနခဲ့တယ္လို႔ သိရပါေသးတယ္။

Xei

Ref: koreaboo

(Unicode Version)

အော်စကာဆုရ မင်းသမီးချောတစ်လက်ဖြစ်တဲ့ Angelina Jolie ကတော့ ဆိုးလ်မြို့တစ်ခွင်မှာ အလုပ်ရှုပ်လို့နေပါတယ်။ အကြောင်းကတော့ သားကြီးဖြစ်သူ Maddox ဟာ တက္ကသိုလ်တက်ဖို့ ရွေးချယ်ရာမှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့က Yonsei တက္ကသိုလ်ကို ရွေးချယ်လိုက်လို့ပဲ ဖြစ်ပါတယ်။

Jolie ဟာ သားကြီး Maddox တက်မယ့် Yonsei တက္ကသိုလ်ကို အလည်အပတ်အနေနဲ့ လိုက်ပါကြည့်ရှုပြီး ကျောင်းက ကျောင်းသားတွေနဲ့လည်း ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သေးတယ်လို့ သိရပါတယ်။ ကိုယ့်ကိုယ်ကို အင်မတန်မှ နှိမ့်ချတတ်ပြီး နွေးထွေးတဲ့ Jolie ကြောင့် ကျောင်းသားတွေဟာလည်း ကမ္ဘာကျော်မင်းသမီးတစ်ယောက်ဆိုပြီး ရှိန်နေစရာမလိုဘဲ ရင်းနှီးနွေးထွေးစွာ ဆက်ဆံခွင့်ရခဲ့ပါတယ်။

Photo: koreaboo

သားကြီးရဲ့ ရွေးချယ်မှုကြောင့် ကိုရီးယားနိုင်ငံကို ရောက်ရှိလာတဲ့ Jolie ဟာ ကိုရီးယားအစားအသောက်တွေနဲ့ နာမည်ကျော် အလှကုန်ပစ္စည်းတွေကိုပါ လေ့လာခံစားခဲ့ပါသေးတယ်။

တက္ကသိုလ်တက်မယ့် သားအတွက် အဆင်ပြေ၊ သက်သောင့်သက်သာဖြစ်စေဖို့ရာအတွက် ဆိုးလ်မြို့မှာ ဇိမ်ခံတိုက်ခန်းတစ်ခန်းကိုလည်း ငှားရမ်းပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တိုက်ခန်းဟာ Yonsei တက္ကသိုလ်ကနေ ငါးကီလိုမီတာခန့် ကွာဝေးတဲ့ Gwanghwamun မှာ တည်ရှိပါတယ်။ တိုက်ခန်းဟာ Yonsei တက္ကသိုလ်နဲ့လည်း နီးစပ်ပြီး လုံခြုံရေးလည်း အင်မတန်မှ ကောင်းမွန်တယ်လို့ ဆိုပါတယ်။

Photo: koreaboo

ဒီလိုဇိမ်ခံတိုက်ခန်း ငှားပေးလိုက်ရတဲ့ အကြောင်းကတော့ သားအတွက်တင်မဟုတ်ဘဲ Jolie ကိုယ်တိုင်ကလည်း ကိုရီးယားကို အလုပ်ကိစ္စနဲ့ လာရတာတွေ ရှိလို့ပဲ ဖြစ်ပါတယ်။ Jolie ဟာ အရင်တစ်ခေါက်ကလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးဧည့်သည်အနေနဲ့ ကိုရီးယားကို လာရောက်ခဲ့ရပါသေးတယ်။ ဒါကြောင့် သူမရဲ့ ကုလသမဂ္ဂအလုပ်တွေနဲ့ လာတဲ့အခါမှာလည်း တည်းခိုလို့အဆင်ပြေအောင် ဇိမ်ခံတိုက်ခန်းကို ရွေးချယ်လိုက်ပုံ ရပါတယ်။

Maddox ဟာ ကမ္ဘောဒီးယားနိုင်ငံကနေ Jolie  မွေးစားဖို့ ခေါ်လာတဲ့ အကြီးဆုံးသား ဖြစ်ပါတယ်။ ၂၀၀၁ခုနှစ် သြဂုတ်လ(၅)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် အသက်(၁၈)နှစ်အရွယ် ရှိနေပါပြီ။ နာမည်အပြည့်အစုံကတော့ Maddox Chivan Jolie-Pitt ဖြစ်ပါတယ်။

Photo: koreaboo

အခု Maddox ကျောင်းဝင်ခွင့် ရရှိခဲ့တာကတော့ Yonsei တက္ကသိုလ်ရဲ့ Underwood International College မှာ ဖြစ်ပါတယ်။ အဆိုပါကျောင်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ တစ်ခုတည်းသော Liberal Arts ကောလိပ်ဖြစ်ပြီး အတန်းအားလုံးမှာ အင်္ဂလိပ်လို သင်ကြားတဲ့ Yonsei တက္ကသိုလ်ရဲ့ တစ်ခုတည်းသော ကောလိပ်လည်း ဖြစ်ပါတယ်။ အဆိုပါကောလိပ်ရဲ့ တစ်နှစ်ကျောင်းဝင်ခွင့် ရာခိုင်နှုန်းဟာ (၁၃)ရာခိုင်နှုန်းသာရှိလို့ အင်မတန်မှ ဝင်ခွင့်ရရှိဖို့ ခက်ခဲတဲ့ကျောင်းလို့ ပြောရမှာပါ။

Maddox တစ်ယောက် Yonsei တက္ကသိုလ်ကို ရွေးချယ်ရတဲ့ အကြောင်းရင်းကတော့ ကိုယ်တိုင်က ကိုရီးယားဘာသာကို စိတ်ဝင်စားတာကြောင့်လို့ ဆိုပါတယ်။ သူဟာ ကျောင်းဝင်ခွင့်အတွက် ပြင်ဆင်နေတဲ့ တစ်နှစ်တာလုံးကိုလည်း ကိုရီးယားဘာသာကို လေ့လာသင်ကြားနေခဲ့တယ်လို့ သိရပါသေးတယ်။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular