HomeCharacterSuperman အသစ်ဖြစ်တဲ့ Jon Kent ကို Bi အဖြစ် အတည်ပြုလိုက်တဲ့ DC

Superman အသစ်ဖြစ်တဲ့ Jon Kent ကို Bi အဖြစ် အတည်ပြုလိုက်တဲ့ DC

ေအာက္တြင္ ‌‌ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Superman အသစ်ဖြစ်တဲ့ Jon Kent ဟာ Bisexual ဖြစ်ပါတယ်လို့ DC Comics က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ Superman: Son of Kal-El #5 ကောမစ်ထဲမှာ စတင်ပြီး Jon Kent ကို Bisexual အနေနဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Jon ကို Bisexual ဖြစ်နိုင်တယ်လို့ ထင်နေတာ ကြာခဲ့ပါပြီ။ အခုချိန်မှသာ DC က တရားဝင် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီကောမစ်ထဲမှာတော့ Jon ဟာ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ Jay Nakamura နဲ့ အချစ်ဇာတ်လမ်းကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

photo via screenrant

Jon Kent ကတော့ ကျွန်တော်တို့ အားလုံးသိထားတဲ့ Clark Kent ရဲ့ သား ဖြစ်ပြီး Clark ကိုယ်တိုင်က Jon ကို Superman ဆိုတဲ့ Mantle ကို ဆက်ခံစေခဲ့တာ ဖြစ်ပါတယ်။ Clark ဟာ Mongul ရဲ့ မကောင်းမှုတွေကို တားဆီးဖို့ ကမ္ဘာပေါ်က ထွက်သွားပြီးနောက်မှာ Jon က Superman အသစ် ဖြစ်လာခဲ့ပါတယ်။ Jon ဟာ သူ့ရဲ့ စွန့်စားခန်းတွေကြောင့်ပဲ သတင်းထောက်ဖြစ်သူ Jay Nakamura နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အပေါ်မှာဖော်ပြထားသလိုပဲ Jon နဲ့ Jay တို့ရဲ့ အချစ်ရေးကိုတော့ Superman: Son of Kal-El ကောမစ်ရဲ့ အတွဲ(5)ထဲမှာ စတင်မြင်ရမှာ ဖြစ်ပြီး Jon ကိုလည်း Bisexual အနေနဲ့ တရားဝင် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီကောမစ်ထဲမှာတော့ Jay ဟာ Superman ရဲ့ စွန့်စားခန်းတွေထဲက အရေးပါတဲ့ အပိုင်းမှာ ပါဝင်ပြီး အခုချိန်မှာတော့ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းအဆင့်ထက် ပိုသွားတော့မှာ ဖြစ်ပါတယ်။ ဒီကောမစ်ရဲ့ ကာဗာတွေကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။

photo via screenrant

အခုချိန်မှာတော့ လူအဖွဲ့အစည်းတွေဟာ LGBT တွေအပေါ် အမြင်တွေပြောင်းလဲလာပြီး လွတ်လပ်ပိုင်ခွင့်တွေ များစွာရရှိလာပါပြီ။ ဒါကြောင့်ပဲ အခုချိန်မှာတော့ ကောမစ်လောကထဲမှာလည်း LGBT ဇာတ်ကောင်တွေ တဖြည်းဖြည်းနဲ့ များပြားလာတာ ဖြစ်ပါတယ်။ သိပ်မကြာခင်တုန်းကလည်း DC ဟာ Batman: Urban Legends ထဲမှာ Tim Drake ကို Bisexual အနေနဲ့ အတည်ပြုခဲ့ပါသေးတယ်။ Superman: Son of Kal-El #5 ကတော့ နိုဝင်ဘာလ (၅)ရက်နေ့မှာ စတင်ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Superman အသစ္ျဖစ္တဲ့ Jon Kent ဟာ Bisexual ျဖစ္ပါတယ္လို႔ DC Comics က အတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။Superman: Son of Kal-El #5 ေကာမစ္ထဲမွာ စတင္ၿပီး Jon Kent ကို Bisexual အေနနဲ႔ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ Jon ကို Bisexual ျဖစ္နိုင္တယ္လို႔ ထင္ေနတာ ၾကာခဲ့ပါၿပီ။ အခုခ်ိန္မွသာ DC က တရားဝင္ အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။ ဒီေကာမစ္ထဲမွာေတာ့ Jon ဟာ သူ႔ရဲ့ သူငယ္ခ်င္းျဖစ္တဲ့ Jay Nakamura နဲ႔ အခ်စ္ဇာတ္လမ္းကို ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

photo via screenrant

Jon Kent ကေတာ့ ကၽြန္ေတာ္တို႔ အားလုံးသိထားတဲ့ Clark Kent ရဲ့ သား ျဖစ္ၿပီး Clark ကိုယ္တိုင္က Jon ကို Superman ဆိုတဲ့ Mantle ကို ဆက္ခံေစခဲ့တာ ျဖစ္ပါတယ္။ Clark ဟာ Mongul ရဲ့ မေကာင္းမွုေတြကို တားဆီးဖို႔ ကမၻာေပၚက ထြက္သြားၿပီးေနာက္မွာ Jon က Superman အသစ္ ျဖစ္လာခဲ့ပါတယ္။ Jon ဟာ သူ႔ရဲ့ စြန႔္စားခန္းေတြေၾကာင့္ပဲ သတင္းေထာက္ျဖစ္သူ Jay Nakamura နဲ႔ ေတြ႕ဆုံခဲ့တာ ျဖစ္ပါတယ္။

အေပၚမွာေဖာ္ျပထားသလိုပဲ Jon နဲ႔ Jay တို႔ရဲ့ အခ်စ္ေရးကိုေတာ့ Superman: Son of Kal-El ေကာမစ္ရဲ့ အတြဲ(5)ထဲမွာ စတင္ျမင္ရမွာ ျဖစ္ၿပီး Jon ကိုလည္း Bisexual အေနနဲ႔ တရားဝင္ ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။ ဒီေကာမစ္ထဲမွာေတာ့ Jay ဟာ Superman ရဲ့ စြန႔္စားခန္းေတြထဲက အေရးပါတဲ့ အပိုင္းမွာ ပါဝင္ၿပီး အခုခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ သူငယ္ခ်င္းအဆင့္ထက္ ပိုသြားေတာ့မွာ ျဖစ္ပါတယ္။ ဒီေကာမစ္ရဲ့ ကာဗာေတြကိုေတာ့ ေအာက္မွာ ေဖာ္ျပထားပါတယ္။

photo via screenrant

အခုခ်ိန္မွာေတာ့ လူအဖြဲ႕အစည္းေတြဟာ LGBT ေတြအေပၚ အျမင္ေတြေျပာင္းလဲလာၿပီး လြတ္လပ္ပိုင္ခြင့္ေတြ မ်ားစြာရရွိလာပါၿပီ။ ဒါေၾကာင့္ပဲ အခုခ်ိန္မွာေတာ့ ေကာမစ္ေလာကထဲမွာလည္း LGBT ဇာတ္ေကာင္ေတြ တျဖည္းျဖည္းနဲ႔ မ်ားျပားလာတာ ျဖစ္ပါတယ္။ သိပ္မၾကာခင္တုန္းကလည္း DC ဟာ Batman: Urban Legends ထဲမွာ Tim Drake ကို Bisexual အေနနဲ႔ အတည္ျပဳခဲ့ပါေသးတယ္။ Superman: Son of Kal-El #5 ကေတာ့ နိုဝင္ဘာလ (၅)ရက္ေန႔မွာ စတင္ထြက္ရွိလာမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular