HomeEntertainmentFilmPunisher season 3 ထွက်လာနိုင်ချေ ရှိသေးတယ်လို့ ပြောလာတဲ့ Jon Bernthal

Punisher season 3 ထွက်လာနိုင်ချေ ရှိသေးတယ်လို့ ပြောလာတဲ့ Jon Bernthal

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Punisher ဇာတ်လမ်းတွဲဟာ ပြီးခဲ့တဲ့နှစ်တုန်းက season 2 ထွက်ခဲ့သလို တစ်ချိန်တည်းမှာပဲ season 3 ထပ်မံမထွက်တော့ဘဲ ဖျက်သိမ်းလိုက်ပါပြီလို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီလို ဖျက်သိမ်းခဲ့ပေမယ့်လည်း Punisher season 3 ဟာ ထွက်လာနိုင်ချေ ရှိသေးတယ်ဆိုတဲ့ အကြောင်းကို Jon Bernthal က ပြောလာပါတယ်။

Marvel ဟာ Netflix နဲ့အတူ ဇာတ်လမ်းတွဲတွေ စတင်ဖန်တီးတုန်းကတော့ အစီအစဉ်က ရိုးရိုးရှင်းရှင်းလေးပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ဇာတ်ကောင် တစ်ယောက်ချင်းစီအတွက် ဇာတ်လမ်းတွဲတစ်ခုစီနဲ့ စုစုပေါင်း ဇာတ်လမ်းတွဲလေးခုကို ဖန်တီးပြီး နောက်ပိုင်းမှာ အဲ့ဒီလေးယောက်ကို ပြန်ပေါင်းကာ Defenders ဆိုပြီး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

photo via screenrant

ဒါပေမယ့်လည်း Punisher ကတော့ အပြင်လူ ဖြစ်နေပြီး Daredevil season 2 ထဲမှာတော့ Jon ဟာ Frank အဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။ Punisher ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကလည်း ကြိုက်နှစ်သက်ကြသလို ဝေဖန်ရေးသမားတွေရဲ့ မှတ်ချက်ကောင်းတွေကိုလည်း ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း Marvel ဟာ သူတို့အဖွဲ့အစည်းကို ပိုပြီးတော့ အောင်မြင်လာစေဖို့ ဇာတ်လမ်းတွဲတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြုပြင်ပြောင်းလဲခဲ့တာကြောင့် ဒီဇာတ်လမ်းတွဲဟာ ဖျက်သိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ MCU ဟာ Disney+ နဲ့ ပူးပေါင်းပြီးတော့ ဇာတ်လမ်းတွဲအသစ်တွေကို ဖန်တီးသွားမှာ ဖြစ်ပေမယ့်လည်း ပရိသတ်တွေကတော့ ဖြစ်နိုင်ရင် Punisher ဇာတ်လမ်းတွဲကို ဆက်လက် မြင်တွေ့နေချင်ကြပါတယ်။

photo via screenrant

Jon ကတော့ Geek House Show မှာ Punisher season 3 ဟာ ဆက်လက် ထွက်လာနိုင်ချေ ရှိသေးတယ် ဆိုပြီးတော့ ပြောသွားပါတယ်။ Jon ဟာ အဲ့ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ဆက်လက် ထွက်ရှိလာမယ်လို့ အတိအကျ မပြောနိုင်ပေမယ့်လည်း သူ့အနေနဲ့ Punisher ဇာတ်ကောင်ကို အလွန်ကြိုက်နှစ်သက်တာကြောင့် ဆက်လက် ရိုက်ကူးရဖို့အတွက် မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Jon ဟာ “အမြဲတမ်း မျှော်လင့်ချက်ဆိုတာ ရှိပါတယ် … ” ဆိုပြီးတော့ ပြောထားပါတယ်။

သူပြောခဲ့တဲ့ စကားအပြည့်အစုံကတော့ “Frank ရဲ့ ဒီဗားရှင်းကိုတော့ ပရိသတ်တွေ အများကြီးက ကြိုက်နှစ်သက်ကြပါတယ်။ ဒါ့အပြင် Frank ဟာ ကျွန်တော့်အတွက် အရမ်းကို အရေးပါတာကြောင့် သူဟာ ဘယ်လောက်ထိ အရေးပါလည်း ဆိုတာကိုတောင် မပြောပြနိုင်ပါဘူး။ Frank ဟာ ကျွန်တော့်ရဲ့ အသွေးအသားထဲမှာ ရှိနေတာပါ။ ဒီဇာတ်လမ်းကို ဆက်ပြီး ရိုက်၊မရိုက်ဆိုတာက အရေးမကြီးပါဘူး။ တကယ်အရေးကြီးတာက ဘယ်လိုမျိူး မှန်မှန်ကန်ကန် ရိုက်သွားမလည်း ဆိုတာနဲ့ ပရိသတ်တွေနဲ့ ထိုက်တန်တဲ့ ဗားရှင်းမျိူးကို ဖန်တီးပေးနိုင်ဖို့ပဲ ဖြစ်ပါတယ် … ” ဆိုပြီးတော့ ပြောထားပါတယ်။

photo via screenrant

“ဒီဇာတ်လမ်းကို ဆက်ပြီး ရိုက်၊မရိုက်ဆိုတာက ကျွန်တော် ဖိတ်ခေါ်ခြင်းမခံခဲ့ရတဲ့ အခန်းတစ်ခုထဲမှာ ဆုံးဖြတ်ချက် ချခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Frank ကတော့ အမြဲရှိနေပြီး သူဟာ ကျွန်တော်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆက်ပြီး ရိုက်မယ်ဆိုတာနဲ့ ကျွန်တော်က အဆင်သင့် ဖြစ်နေမှာပါ။ ဒါ့အပြင် မှန်မှန်ကန်ကန် ရိုက်ကူးသွားဖို့အတွက်ကိုလည်း ကျွန်တော်လုပ်နိုင်သမျှ အရာတွေအားလုံးကို ပြုလုပ်သွားမှာပါ … ” ဆိုပြီးလည်း ပြောထားပါတယ်။

အခုချိန်မှာတော့ Punisher ဇာတ်လမ်းတွဲဟာ တရားဝင်ကို ဖျက်သိမ်းထားတာ ဖြစ်ပေမယ့်လည်း Jon အပါအဝင် ပရိသတ်အများစုကတော့ season 3 ကို တောင့်တနေကြပါတယ်။ အဲ့ဒါကြောင့်ပဲ Marvel ကလည်း သူတို့ရဲ့အနာဂတ် အစီအစဉ်တွေထဲမှာ Punisher ဇာတ်လမ်းတွဲကို ဆက်လက်ရိုက်ကူးဖို့အတွက် အစီအစဉ်တွေ ပါလာနိုင်မလား၊ တကယ့်လက်တွေ့မှာ season 3 ဆက်ပြီး ထွက်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Punisher ဇာတ္လမ္းတြဲဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက season 2 ထြက္ခဲ့သလို တစ္ခ်ိန္တည္းမွာပဲ season 3 ထပ္မံမထြက္ေတာ့ဘဲ ဖ်က္သိမ္းလိုက္ပါၿပီလို႔ ေၾကညာခဲ့ပါတယ္။ အဲ့ဒီလို ဖ်က္သိမ္းခဲ့ေပမယ့္လည္း Punisher season 3 ဟာ ထြက္လာႏိုင္ေခ် ရွိေသးတယ္ဆိုတဲ့ အေၾကာင္းကို Jon Bernthal က ေျပာလာပါတယ္။

Marvel ဟာ Netflix နဲ႔အတူ ဇာတ္လမ္းတြဲေတြ စတင္ဖန္တီးတုန္းကေတာ့ အစီအစဥ္က ႐ိုး႐ိုးရွင္းရွင္းေလးပဲ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ ဇာတ္ေကာင္ တစ္ေယာက္ခ်င္းစီအတြက္ ဇာတ္လမ္းတြဲတစ္ခုစီနဲ႔ စုစုေပါင္း ဇာတ္လမ္းတြဲေလးခုကို ဖန္တီးၿပီး ေနာက္ပိုင္းမွာ အဲ့ဒီေလးေယာက္ကို ျပန္ေပါင္းကာ Defenders ဆိုၿပီး ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။

photo via screenrant

ဒါေပမယ့္လည္း Punisher ကေတာ့ အျပင္လူ ျဖစ္ေနၿပီး Daredevil season 2 ထဲမွာေတာ့ Jon ဟာ Frank အျဖစ္နဲ႔ ပါဝင္ခဲ့ပါတယ္။ Punisher ဇာတ္လမ္းတြဲနဲ႔ ပတ္သက္ၿပီးေတာ့ ပရိသတ္ေတြကလည္း ႀကိဳက္ႏွစ္သက္ၾကသလို ေဝဖန္ေရးသမားေတြရဲ႕ မွတ္ခ်က္ေကာင္းေတြကိုလည္း ရရွိခဲ့ပါတယ္။

ဒါေပမယ့္လည္း Marvel ဟာ သူတို႔အဖြဲ႕အစည္းကို ပိုၿပီးေတာ့ ေအာင္ျမင္လာေစဖို႔ ဇာတ္လမ္းတြဲေတြနဲ႔ ပတ္သက္တဲ့ မူဝါဒေတြကို ျပဳျပင္ေျပာင္းလဲခဲ့တာေၾကာင့္ ဒီဇာတ္လမ္းတြဲဟာ ဖ်က္သိမ္းခံခဲ့ရတာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ MCU ဟာ Disney+ နဲ႔ ပူးေပါင္းၿပီးေတာ့ ဇာတ္လမ္းတြဲအသစ္ေတြကို ဖန္တီးသြားမွာ ျဖစ္ေပမယ့္လည္း ပရိသတ္ေတြကေတာ့ ျဖစ္ႏိုင္ရင္ Punisher ဇာတ္လမ္းတြဲကို ဆက္လက္ ျမင္ေတြ႕ေနခ်င္ၾကပါတယ္။

photo via screenrant

Jon ကေတာ့ Geek House Show မွာ Punisher season 3 ဟာ ဆက္လက္ ထြက္လာႏိုင္ေခ် ရွိေသးတယ္ ဆိုၿပီးေတာ့ ေျပာသြားပါတယ္။ Jon ဟာ အဲ့ဒီဇာတ္လမ္းတြဲနဲ႔ ပတ္သက္ၿပီး ဆက္လက္ ထြက္ရွိလာမယ္လို႔ အတိအက် မေျပာႏိုင္ေပမယ့္လည္း သူ႔အေနနဲ႔ Punisher ဇာတ္ေကာင္ကို အလြန္ႀကိဳက္ႏွစ္သက္တာေၾကာင့္ ဆက္လက္ ႐ိုက္ကူးရဖို႔အတြက္ ေမွ်ာ္လင့္ေနတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Jon ဟာ “အၿမဲတမ္း ေမွ်ာ္လင့္ခ်က္ဆိုတာ ရွိပါတယ္ … ” ဆိုၿပီးေတာ့ ေျပာထားပါတယ္။

သူေျပာခဲ့တဲ့ စကားအျပည့္အစုံကေတာ့ “Frank ရဲ႕ ဒီဗားရွင္းကိုေတာ့ ပရိသတ္ေတြ အမ်ားႀကီးက ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ဒါ့အျပင္ Frank ဟာ ကြၽန္ေတာ့္အတြက္ အရမ္းကို အေရးပါတာေၾကာင့္ သူဟာ ဘယ္ေလာက္ထိ အေရးပါလည္း ဆိုတာကိုေတာင္ မေျပာျပႏိုင္ပါဘူး။ Frank ဟာ ကြၽန္ေတာ့္ရဲ႕ အေသြးအသားထဲမွာ ရွိေနတာပါ။ ဒီဇာတ္လမ္းကို ဆက္ၿပီး ႐ိုက္၊မ႐ိုက္ဆိုတာက အေရးမႀကီးပါဘူး။ တကယ္အေရးႀကီးတာက ဘယ္လိုမ်ိဴး မွန္မွန္ကန္ကန္ ႐ိုက္သြားမလည္း ဆိုတာနဲ႔ ပရိသတ္ေတြနဲ႔ ထိုက္တန္တဲ့ ဗားရွင္းမ်ိဴးကို ဖန္တီးေပးႏိုင္ဖို႔ပဲ ျဖစ္ပါတယ္ … ” ဆိုၿပီးေတာ့ ေျပာထားပါတယ္။

photo via screenrant

“ဒီဇာတ္လမ္းကို ဆက္ၿပီး ႐ိုက္၊မ႐ိုက္ဆိုတာက ကြၽန္ေတာ္ ဖိတ္ေခၚျခင္းမခံခဲ့ရတဲ့ အခန္းတစ္ခုထဲမွာ ဆုံးျဖတ္ခ်က္ ခ်ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Frank ကေတာ့ အၿမဲရွိေနၿပီး သူဟာ ကြၽန္ေတာ္ရဲ႕ တစ္စိတ္တစ္ပိုင္းပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဆက္ၿပီး ႐ိုက္မယ္ဆိုတာနဲ႔ ကြၽန္ေတာ္က အဆင္သင့္ ျဖစ္ေနမွာပါ။ ဒါ့အျပင္ မွန္မွန္ကန္ကန္ ႐ိုက္ကူးသြားဖို႔အတြက္ကိုလည္း ကြၽန္ေတာ္လုပ္ႏိုင္သမွ် အရာေတြအားလုံးကို ျပဳလုပ္သြားမွာပါ … ” ဆိုၿပီးလည္း ေျပာထားပါတယ္။

အခုခ်ိန္မွာေတာ့ Punisher ဇာတ္လမ္းတြဲဟာ တရားဝင္ကို ဖ်က္သိမ္းထားတာ ျဖစ္ေပမယ့္လည္း Jon အပါအဝင္ ပရိသတ္အမ်ားစုကေတာ့ season 3 ကို ေတာင့္တေနၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ Marvel ကလည္း သူတို႔ရဲ႕အနာဂတ္ အစီအစဥ္ေတြထဲမွာ Punisher ဇာတ္လမ္းတြဲကို ဆက္လက္႐ိုက္ကူးဖို႔အတြက္ အစီအစဥ္ေတြ ပါလာႏိုင္မလား၊ တကယ့္လက္ေတြ႕မွာ season 3 ဆက္ၿပီး ထြက္လာမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular