HomeCelebs Update NewsInternationalကိုယ်တိုင်ရိုက်ထားတဲ့ ရုပ်ရှင်ကို promote မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့ Jonah Hill

ကိုယ်တိုင်ရိုက်ထားတဲ့ ရုပ်ရှင်ကို promote မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့ Jonah Hill

သရုပ်ဆောင် Jonah Hill ကတော့ သူ့ရဲ့စိတ်ကျန်းမာရေး အခြေအနေကြောင့် သူကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်ရှင်သစ်ရဲ့ ပရိုမိုးရှင်းပွဲတွေနဲ့ သတင်းစာရှင်းလင်းပွဲတွေကို တက်ရောက်တော့မှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။ The Wolf of Wall Street သရုပ်ဆောင် Jonah Hill ကတော့ ဒီအကြောင်းကို အိတ်ဖွင့်စာတစ်စောင် ရေးသားပြီး အားလုံးကို ပြောပြထားတာ ဖြစ်ပါတယ်။

Jonah Hill ဟာ Stutz လို့အမည်ရတဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုကို ရိုက်ကူးထားတာ ဖြစ်ပြီး အဲဒီမှတ်တမ်းရုပ်ရှင်ကတော့ ယခုနှစ် နှောင်းပိုင်းမှာ ပြုလုပ်မယ့် ရုပ်ရှင်ပွဲတော်တစ်ခုမှာ premiere ပြသမယ်လို့ သိရပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်အတွက် ပြုလုပ်မယ့် event တွေနဲ့ မီဒီယာတွေနဲ့ တွေ့ဆုံမယ့် သတင်းစာရှင်းလင်းပွဲတွေကိုတော့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေအရ တက်ရောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ Hill ဟာ anxiety နဲ့ panic attack တို့လို စိတ်အခြေအနေတွေကို နှစ်ကာလကြာမြင့်စွာ ခံစားနေရတာ ဖြစ်ပါတယ်။

Photo: jonahfits/ Instagram

“ကျွန်တော့်ရဲ့ ဒုတိယမြောက် ရုပ်ရှင်ကို ရိုက်ကူးလို့ ပြီးပါပြီ။ ဒီကားကိုတော့ Stutz လို့ နာမည်ပေးထားပါတယ်။ အကြောင်းအရာကတော့ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ကုထုံးပညာရှင်တို့ ပူးပေါင်းပြီး စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အထွေထွေ အချက်အလက်တွေကို တင်ဆက်ထားတာပါ။ ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးရတဲ့အကြောင်းကတော့ ကျွန်တော် လေ့လာထားတဲ့ ကုထုံးတွေနဲ့ နည်းလမ်းတွေကို ဖျော်ဖြေရေးကနေတဆင့် ပရိသတ်တွေကိုယ်တိုင် private မှာ အသုံးချနိုင်ဖို့ ဖြစ်ပါတယ် …”

“ဒီကားထဲမှာ ပြထားသလိုပဲ ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကို ရှာဖွေမှုအရ မီဒီယာပွဲတွေ၊ ပရိသတ်တွေနဲ့ ရင်ဆိုင်တွေ့ရတဲ့ ပွဲမျိုးတွေကြောင့် ကျွန်တော်ဟာ နှစ်ပေါင်း နှစ်ဆယ်လောက်နီးပါး anxiety attack တွေကို ခံစားခဲ့ရတယ်ဆိုတာ နားလည်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိုတော့ ပရိုမိုးရှင်းပွဲတွေမှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အရေးတကြီး ချမှတ်ထားတဲ့ အဆင့်တစ်ခုလည်း ဖြစ်ပါတယ်။ တကယ်လို့ အပြင်တွေထွက်ပြီး ဒီလိုပွဲတွေ တက်လိုက်ရင် ကိုယ့်ကိုယ်ကို ပိုဖျားနာအောင် လုပ်မိသလို ဖြစ်သွားပါလိမ့်မယ် …”

Photo: jonahfits/ Instagram

“ကျွန်တော်လုပ်ထားတဲ့ အလုပ်က သူ့ဘာသာ စကားပြောသွားမယ်လို့ ထင်ပါတယ်။ ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သူတွေ၊ စီးပွားရေးအရ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အခုဒီစာကို ဖတ်နေတဲ့သူတွေအားလုံးကိုလည်း နားလည်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ် …” လို့ Hill က အဆိုပါ အိတ်ဖွင့်ပေးစာမှာ ပြောထားကြောင်း Rolling Stone မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

Vancouver

Source: rollingstone/hollywoodlife

RELATED ARTICLES

Most Popular