HomeEntertainmentFilmJonathan နဲ့ Nancy တို့ ပြတ်သွားနိုင်ကြောင်း အရိပ်အမြွက်ပြထားတဲ့ Stranger Things ထွေလာ

Jonathan နဲ့ Nancy တို့ ပြတ်သွားနိုင်ကြောင်း အရိပ်အမြွက်ပြထားတဲ့ Stranger Things ထွေလာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Stranger Things ဇာတ်လမ်းတွဲ Season 4 ရဲ့ ထွေလာဟာ မကြာခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီထွေလာထဲမှာတော့ Jonathan နဲ့ Nancy တို့နှစ်ယောက် ပြတ်သွားနိုင်ကြောင်းကို အရိပ်အမြွက်ပြသွားပါတယ်။

ဒီထွေလာထဲမှာတော့ Byers မိသားစုဟာ Hawkins မြို့ကနေ ကယ်လီဖိုးနီးယားကို ပြောင်းရွှေ့သွားပြီး သူတို့ ဘယ်လိုနေထိုင်နေကြလည်းဆိုတာ ပြသွားပါတယ်။ ဒါ့အပြင် Eleven နဲ့ Will တို့ နှစ်ယောက်ကလည်း ကျောင်းတက်နေတာ မြင်တွေ့ခဲ့ရပါတယ်။ နွေရာသီ အားလပ်ရက်မှာတော့ Mike ဟာ သူ့ရဲ့ ရည်းစားဖြစ်သူ Eleven ဆီကို အလည်သွားတာကိုလည်း တွေ့ခဲ့ရပါတယ်။

photo via screenrant

Stranger Things Season 1 ထဲမှာတော့ Jonathan ဟာ Nancy ကို Crush နေတယ်ဆိုတာ ပြသသွားပြီး အဲ့ဒီအချိန်မှာတော့ Nancy ဟာ Steve Harrison နဲ့ တွဲနေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Will ရဲ့ ပျောက်ဆုံးမှုကို လိုက်လံစုံစမ်းရင်းနဲ့ Jonathan နဲ့ Nancy တို့နှစ်ယောက်ဟာ တဖြည်းဖြည်း နီးစပ်လာခဲ့ပါတယ်။

Season 2 ထဲမှာတော့ Nancy ဟာ Steve နဲ့ ဖြတ်လိုက်ပြီး Jonathan နဲ့ တွဲနေတာ ဖြစ်ပါတယ်။ Season 2 နဲ့ 3 မှာ သူတို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေတောင် ပါဝင်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ Season 3 ရဲ့အဆုံးမှာတော့ Jonathan ဟာ သူ့ရဲ့မိသားစုနဲ့အတူ ကယ်လီဖိုးနီးယားကို ပြောင်းရွှေ့သွားပါတယ်။

အစတုန်းကတော့ သူတို့နှစ်ယောက်ဟာ LDRS အနေနဲ့လည်း အဆင်ပြေနိုင်တယ်ဆိုတဲ့ ပုံစံမျိူး ပြသထားပေမယ့်လည်း အခုထွေလာမှာ ပြသွားတဲ့ ပုံစံအရဆိုရင် Season 4 ထဲမှာ သူတို့နှစ်ယောက်ဟာ ပြတ်စဲသွားနိုင်ပါတယ်။ အကြောင်းကတော့ နွေရာသီအားလပ်ရက်မှာ Mike က သူ့ရဲ့ ရည်းစားဖြစ်သူ Eleven နဲ့ သူငယ်ချင်းဖြစ်သူ Will ကို သွားရောက် တွေ့ဆုံခဲ့ပေမယ့်လည်း အဲ့ဒီအချိန်မှာ Nancy က Mike နဲ့အတူ ပါမလာခဲ့ပါဘူး။ အကယ်၍ Nancy နဲ့ Jonathan သာ တွဲနေတုန်းဆိုရင် Nancy ဟာ သူ့ရဲ့ မောင်ဖြစ်သူ Mike နဲ့အတူ လိုက်လာမှာ မလွဲမသွေပါပဲ။

ဒါ့အပြင် ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရသလိုဆိုရင် Jonathan ဟာလည်း ဆေးသမားပုံစံမျိူး ဖြစ်နေပြီး သူ့ရဲ့အခန်းကလည်း မီးခိုးငွေ့တွေနဲ့ ပြည့်နှက်နေပါတယ်။ Jonathan ရဲ့ ဒီလိုပုံစံဟာ အရင်ကပုံစံနဲ့ အတော်လေးကို ကွာခြားနေပြီး သူ့ရဲ့ သူငယ်ချင်းအသစ်တွေကလည်း ဆေးသမားပုံစံမျိူးတွေ ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ Jonathan ဟာ Nancy နဲ့ ပြတ်သွားပြီးနောက်မှာ ကယ်လီဖိုးနီးယားက သူငယ်ချင်းအသစ်တွေနဲ့ ဘဝပုံစံအသစ်တွေကို ပြောင်းလဲ နေထိုင်သွားတာ ဖြစ်နိုင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Stranger Things ဇာတ္လမ္းတြဲ Season 4 ရဲ့ ေထြလာဟာ မၾကာခင္ကပဲ ထြက္ရွိလာပါတယ္။ ဒီေထြလာထဲမွာေတာ့ Jonathan နဲ႔ Nancy တို႔ႏွစ္ေယာက္ ျပတ္သြားနိုင္ေၾကာင္းကို အရိပ္အႁမြက္ျပသြားပါတယ္။

ဒီေထြလာထဲမွာေတာ့ Byers မိသားစုဟာ Hawkins ၿမိဳ႕ကေန ကယ္လီဖိုးနီးယားကို ေျပာင္းေရႊ႕သြားၿပီး သူတို႔ ဘယ္လိုေနထိုင္ေနၾကလည္းဆိုတာ ျပသြားပါတယ္။ ဒါ့အျပင္ Eleven နဲ႔ Will တို႔ ႏွစ္ေယာက္ကလည္း ေက်ာင္းတက္ေနတာ ျမင္ေတြ႕ခဲ့ရပါတယ္။ ေႏြရာသီ အားလပ္ရက္မွာေတာ့ Mike ဟာ သူ႔ရဲ့ ရည္းစားျဖစ္သူ Eleven ဆီကို အလည္သြားတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

photo via screenrant

Stranger Things Season 1 ထဲမွာေတာ့ Jonathan ဟာ Nancy ကို Crush ေနတယ္ဆိုတာ ျပသသြားၿပီး အဲ့ဒီအခ်ိန္မွာေတာ့ Nancy ဟာ Steve Harrison နဲ႔ တြဲေနခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Will ရဲ့ ေပ်ာက္ဆုံးမွုကို လိုက္လံစုံစမ္းရင္းနဲ႔ Jonathan နဲ႔ Nancy တို႔ႏွစ္ေယာက္ဟာ တျဖည္းျဖည္း နီးစပ္လာခဲ့ပါတယ္။

Season 2 ထဲမွာေတာ့ Nancy ဟာ Steve နဲ႔ ျဖတ္လိုက္ၿပီး Jonathan နဲ႔ တြဲေနတာ ျဖစ္ပါတယ္။ Season 2 နဲ႔ 3 မွာ သူတို႔ႏွစ္ေယာက္ရဲ့ ကိုယ္ပိုင္ဇာတ္လမ္းေတြေတာင္ ပါဝင္ခဲ့ပါေသးတယ္။ ဒီလိုနဲ႔ Season 3 ရဲ့အဆုံးမွာေတာ့ Jonathan ဟာ သူ႔ရဲ့မိသားစုနဲ႔အတူ ကယ္လီဖိုးနီးယားကို ေျပာင္းေရႊ႕သြားပါတယ္။

အစတုန္းကေတာ့ သူတို႔ႏွစ္ေယာက္ဟာ LDRS အေနနဲ႔လည္း အဆင္ေျပနိုင္တယ္ဆိုတဲ့ ပုံစံမ်ိဴး ျပသထားေပမယ့္လည္း အခုေထြလာမွာ ျပသြားတဲ့ ပုံစံအရဆိုရင္ Season 4 ထဲမွာ သူတို႔ႏွစ္ေယာက္ဟာ ျပတ္စဲသြားနိုင္ပါတယ္။ အေၾကာင္းကေတာ့ ေႏြရာသီအားလပ္ရက္မွာ Mike က သူ႔ရဲ့ ရည္းစားျဖစ္သူ Eleven နဲ႔ သူငယ္ခ်င္းျဖစ္သူ Will ကို သြားေရာက္ ေတြ႕ဆုံခဲ့ေပမယ့္လည္း အဲ့ဒီအခ်ိန္မွာ Nancy က Mike နဲ႔အတူ ပါမလာခဲ့ပါဘူး။ အကယ္၍ Nancy နဲ႔ Jonathan သာ တြဲေနတုန္းဆိုရင္ Nancy ဟာ သူ႔ရဲ့ ေမာင္ျဖစ္သူ Mike နဲ႔အတူ လိုက္လာမွာ မလြဲမေသြပါပဲ။

ဒါ့အျပင္ ဒီေထြလာထဲမွာ ျမင္ေတြ႕ခဲ့ရသလိုဆိုရင္ Jonathan ဟာလည္း ေဆးသမားပုံစံမ်ိဴး ျဖစ္ေနၿပီး သူ႔ရဲ့အခန္းကလည္း မီးခိုးေငြ႕ေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ Jonathan ရဲ့ ဒီလိုပုံစံဟာ အရင္ကပုံစံနဲ႔ အေတာ္ေလးကို ကြာျခားေနၿပီး သူ႔ရဲ့ သူငယ္ခ်င္းအသစ္ေတြကလည္း ေဆးသမားပုံစံမ်ိဴးေတြ ျဖစ္ေနပါတယ္။ ဒါေၾကာင့္ပဲ Jonathan ဟာ Nancy နဲ႔ ျပတ္သြားၿပီးေနာက္မွာ ကယ္လီဖိုးနီးယားက သူငယ္ခ်င္းအသစ္ေတြနဲ႔ ဘဝပုံစံအသစ္ေတြကို ေျပာင္းလဲ ေနထိုင္သြားတာ ျဖစ္နိုင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular