HomeEntertainmentFilmVecna ရဲ့ First Kill ကို မြင်တွေ့လိုက်ရတုန်းက တုန်လှုပ်သွားတယ်ဆိုတဲ့ Joseph Quinn

Vecna ရဲ့ First Kill ကို မြင်တွေ့လိုက်ရတုန်းက တုန်လှုပ်သွားတယ်ဆိုတဲ့ Joseph Quinn

Stranger Things Season (4) မှာ အသစ်ပါဝင်လာတဲ့ သရုပ်ဆောင် Joseph Quinn ကတော့ ဒီဇာတ်လမ်းထဲက Vecna ရဲ့ သတ်ပုံသတ်နည်းကို ပထမဆုံး မြင်တွေ့လိုက်ရတုန်းက အတော်လေး ထိတ်လန့် တုန်လှုပ်သွားမိတယ်လို့ ပြောပြလာပါတယ်။

season (4)မှာတော့ Stranger Things ဟာ အဓိကဇာတ်လမ်းအလွှာ သုံးခုနဲ့ ပရိသတ်တွေကို ရင်တမမဖြစ်အောင် ဆွဲဆောင်သွားခဲ့တာ ဖြစ်ပြီး ယခင်ကထက် ပို dark ဖြစ်တဲ့ တင်ဆက်မှု၊ ပိုကောင်းမွန်တဲ့ visual effects တွေနဲ့ သရုပ်ဆောင်မှုတွေကိုပါ ပေါင်းစပ်ထားပါတယ်။ ဒီ season နဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားထဲမှာ ရှော့ခ်ရစရာများစွာ ရှိနေသလို စီးရီးသရုပ်ဆောင် Joseph Quinn ကတော့ အစောပိုင်းမှာ မြင်တွေ့ရတဲ့ Vecna ရဲ့ လက်စလက်နတွေကို ပထမဆုံး တွေ့ရှိလိုက်ရတုန်းက တော်တော်လေး ထိတ်လန့်မိတယ်လို့ ဆိုလာပါတယ်။

Photo Credit: Netflix

ဒီအကြောင်းကိုတော့ Screen Rant ဝက်ဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာ Joseph Quinn က ပြောသွားတာ ဖြစ်ပြီး season အစပိုင်းမှာ Chrissy ရဲ့ သေဆုံးမှုကို post-production အနေနဲ့ မြင်တွေ့လိုက်ရတုန်းက အခြေအနေကို ပြောပြထားတာ ဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ ပထမဆုံး ADR session တုန်းက အတွေ့အကြုံကို မှတ်မိပါသေးတယ်။ အဲဒီမှာ သူတို့က ကျွန်တော့်ကို မေးတယ်။ သေသွားတဲ့ပုံစံကို ပြရမလားတဲ့။ ကျွန်တော်ကလည်း အေးဆေးပဲလေ။ ဟုတ်ပြီ … ပြပေါ့။ အဲဒါနဲ့ ကြည့်လည်း ကြည့်လိုက်ရရော ခင်ဗျားတို့ ဒီလိုကြီးတော့ လုပ်လို့မရဘူးလေ။ Netflix က ခင်ဗျားတို့ကို ဒီလောက်ကြီးထိတော့ လုပ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ကျွန်တော်က ပြောမိရော။ ဒါပေမယ့် Netflix ကလည်း လုပ်ခွင့်ပေးလိုက်တယ်ဗျာ။ ကျွန်တော်ကတော့ အဲဒါကြီးက သောက်ရမ်း ကြောက်စရာကြီးလို့ ထင်တာပဲ …” လို့ Joseph က ပြောထားပါတယ်။

Photo Credit: Netflix

Chrissy ရဲ့ သေဆုံးမှုကတော့ ပရိသတ်တွေကိုလည်း တုန်လှုပ် အံ့ဩစေခဲ့ပြီး season နောက်ပိုင်းမှာ ဘယ်လို ထိတ်လန့်စရာတွေနဲ့ ကြုံတွေရမလည်းဆိုတာ စိတ်မောစေခဲ့ပါတယ်။ ဒါ့အပြင် ဒီစီးရီးရဲ့ ဖန်တီးသူတွေ ဖြစ်တဲ့ Duffer Brothers ကတော့ Chrissy နဲ့ Eddie တို့ရဲ့ chemistry ကို သတိထားမိပြီးနောက် သူမကို သတ်လိုက်မိတာကို နောင်တရတဲ့အကြောင်း ပြောထားပါသေးတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular