HomeCelebs Update NewsInternationalBillboard မှာ နံပါတ်(၁)ချိတ်နေတဲ့ Juice WRLD ရဲ့အယ်လ်ဘမ် Legends Never Die

Billboard မှာ နံပါတ်(၁)ချိတ်နေတဲ့ Juice WRLD ရဲ့အယ်လ်ဘမ် Legends Never Die

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် အမေရိကန်ရက်ပ်ပါ Juice WRLD ရဲ့ အယ်လ်ဘမ်အသစ် Legends Never Die ဟာ ယခုတစ်ပတ်ရဲ့ Billboard 200 Charts မှာ နံပါတ်(၁)နေရာကို ချိတ်ဆွဲထားပါတယ်။

ဒီအယ်လ်ဘမ်ဟာ ဇူလိုင်လ(၁၀)ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပြီး Juice WRLD ကွယ်လွန်ပြီးမှ ထွက်ရှိလာတဲ့ အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။ စုစုပေါင်း သီချင်း(၂၁)ပုဒ် ပါဝင်တဲ့ ဒီအယ်လ်ဘမ်ဟာ ယခုတစ်ပတ်ရဲ့ Billboard 200 Charts မှာ နံပါတ်(၁) ချိတ်ရုံသာမက တစ်ခြားစံချိန်တွေလည်း တင်သွားပါသေးတယ်။

Photo: juicewrld999/ Instagram

အယ်လ်ဘမ်ချပ်ရေ (၄၉၇,၀၀၀)နဲ့ ညီမျှတဲ့ digital sales နဲ့ streaming တွေကြောင့် Legends Never Die အယ်လ်ဘမ်ဟာ ၁၉၉၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Tupac နဲ့ Notorious B.I.G. တို့ရဲ့ အယ်လ်ဘမ်တွေပြီးရင် ကွယ်လွန်ပြီးမှ ထွက်ရှိလာတဲ့ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်အဖြစ် မှတ်ကျောက်တင်သွားပါတယ်။ ဒါဟာ Tupac နဲ့ Notorious B.I.G. တို့ ကွယ်လွန်ပြီးနောက် တင်ခဲ့တဲ့စံချိန်တွေရဲ့ (၂၃)နှစ်အကြာမှာမှ စံချိန်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အမည်ရင်း Jarad Anthony Higgins ဖြစ်တဲ့ Juice WRLD ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ချီကာဂိုမှာ ဆေးလွန်ပြီး ရုတ်တရက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၂၁)နှစ်သာ ရှိပါသေးတယ်။

Photo: juicewrld999/ Instagram

သူကွယ်လွန်ပြီးမှ ထွက်ရှိလာတဲ့ ဒီအယ်လ်ဘမ်ဟာ ယခုနှစ် ၂၀၂၀အတွင်း ထွက်ရှိပြီးသမျှ အယ်လ်ဘမ်အားလုံးရဲ့ တစ်ပတ်တာရောင်းအား အကောင်းဆုံးအယ်လ်ဘမ်အဖြစ် စံချိန်တင်ထားပါတယ်။ ဒါ့အပြင် ၂၀၂၀ခုနှစ်အတွင်း streaming အများဆုံး လုပ်ခံရတဲ့အယ်လ်ဘမ်အဖြစ်သာမက အယ်လ်ဘမ်တွေအားလုံးထဲမှာ စတုတ္ထအများဆုံး streaming လုပ်ခံရတဲ့ အယ်လ်ဘမ်အဖြစ်လည်း စံချိန်တင်ထားပါသေးတယ်။

ဒီအယ်လ်ဘမ်ထဲက သီချင်းငါးပုဒ်ဟာ ယခုတစ်ပတ်အတွက် Hot 100 Chart မှာ Top 10 စာရင်းဝင်ခဲ့ပါတယ်။ အဲ့ဒီ့သီချင်းတွေကတော့ Come & Go (နံပါတ်-၂)၊ Wishing Well (နံပါတ်-၅)၊ Conversations (နံပါတ်-၇)၊ Life’s a Mess (နံပါတ်-၉)နဲ့ Hate The Other Side (နံပါတ်-၁၀)တို့ ဖြစ်ပါတယ်။ ဒါဟာ The Beatles နဲ့ Drake တို့ပြီးရင် တစ်ပတ်တည်းမှာ သီချင်းငါးပုဒ် Top 10 စာရင်းဝင်ခဲ့တဲ့ တတိယမြောက် artist ဖြစ်သွားတာပါ။

Photo: juicewrld999/ Instagram

အခုလိုစံချိန်သစ်တွေနဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အပေါ် Juice WRLD ရဲ့မိခင်ဖြစ်သူ Carmela Wallace က အခုလိုပြောကြားထားပါတယ်။ “သန်းနဲ့ချီတဲ့ ဂီတချစ်သူတွေက သူ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို မြင်တွေ့လိုက်ရတဲ့အတွက် သားလေးရဲ့ကဗျာဆန်တဲ့ စကားလုံးတွေ၊ တီထွင်ဖန်တီးမှုတွေနဲ့ ဉာဏ်အလင်းဖြာထွက်မှုတွေဟာ ကမ္ဘာကို ဘယ်လောက်တောင် ပျံ့နှံ့စေခဲ့လည်းဆိုတာ ကျွန်မကို အမှတ်ရမိစေပါတယ်… ” လို့ မိခင်ဖြစ်သူက ဆိုထားပါတယ်။

သူ့ရဲ့ဓာတ်ပြားကုမ္ပဏီဖြစ်တဲ့ Grade A ကလည်း “ဒီတေးစုစည်းမှုဟာ သူ့ရဲ့ ကြီးမားတဲ့ ဂီတပါရမီနဲ့ ရိုးသားတဲ့ ခံစားချက်တွေကို လှလှပပ ထုတ်ပြသွားတဲ့ အမှတ်တရတစ်ခုပါ။ ဂီတက သူ့ရဲ့တကယ့်ပြင်းပြတဲ့ စိတ်ဆန္ဒတစ်ခုဖြစ်ပြီး ဒါတွေကို အသံသွင်းထုတ်လုပ်ခြင်းဟာလည်း သူခံစားခဲ့ရသမျှတွေကို လူတိုင်းဆီ ဖွင့်ထုတ်ဝေမျှလို့ရတဲ့ နည်းလမ်းတစ်ခုပါ…” လို့ ကြေငြာချက်တစ်ခုမှာ ပြောကြားထားပါတယ်။

Photo: juicewrld999/ Instagram

Legends Never Die အယ်လ်ဘမ်ဟာ Juice WRLD ရဲ့ တတိယမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်ပြီး Halsey ၊ Marshmello ၊ Trippie Red နဲ့ Polo G တို့က featuring အဖြစ် ပါဝင်ဖန်တီးပေးထားပါတယ်။ သူဟာ ပလက်တီနမ်ဓာတ်ပြားဆုရ သီချင်းများစွာကို ဖန်တီးထုတ်လွှင့်ခဲ့သူလည်း ဖြစ်ပါတယ်။

LaNina

Source: indianexpress, nytimes

(Zawgyi Version)

နာမည္ေက်ာ္ အေမရိကန္ရက္ပ္ပါ Juice WRLD ရဲ႕ အယ္လ္ဘမ္အသစ္ Legends Never Die ဟာ ယခုတစ္ပတ္ရဲ႕ Billboard 200 Charts မွာ နံပါတ္(၁)ေနရာကို ခ်ိတ္ဆြဲထားပါတယ္။

ဒီအယ္လ္ဘမ္ဟာ ဇူလိုင္လ(၁၀)ရက္ေန႔က ထြက္ရွိခဲ့တာျဖစ္ၿပီး Juice WRLD ကြယ္လြန္ၿပီးမွ ထြက္ရွိလာတဲ့ အယ္လ္ဘမ္လည္း ျဖစ္ပါတယ္။ စုစုေပါင္း သီခ်င္း(၂၁)ပုဒ္ ပါဝင္တဲ့ ဒီအယ္လ္ဘမ္ဟာ ယခုတစ္ပတ္ရဲ႕ Billboard 200 Charts မွာ နံပါတ္(၁) ခ်ိတ္႐ုံသာမက တစ္ျခားစံခ်ိန္ေတြလည္း တင္သြားပါေသးတယ္။

Photo: juicewrld999/ Instagram

အယ္လ္ဘမ္ခ်ပ္ေရ (၄၉၇,၀၀၀)နဲ႔ ညီမွ်တဲ့ digital sales နဲ႔ streaming ေတြေၾကာင့္ Legends Never Die အယ္လ္ဘမ္ဟာ ၁၉၉၇ခုႏွစ္က ထြက္ရွိခဲ့တဲ့ Tupac နဲ႔ Notorious B.I.G. တို႔ရဲ႕ အယ္လ္ဘမ္ေတြၿပီးရင္ ကြယ္လြန္ၿပီးမွ ထြက္ရွိလာတဲ့ ေရာင္းအားအေကာင္းဆုံး အယ္လ္ဘမ္အျဖစ္ မွတ္ေက်ာက္တင္သြားပါတယ္။ ဒါဟာ Tupac နဲ႔ Notorious B.I.G. တို႔ ကြယ္လြန္ၿပီးေနာက္ တင္ခဲ့တဲ့စံခ်ိန္ေတြရဲ႕ (၂၃)ႏွစ္အၾကာမွာမွ စံခ်ိန္တင္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

အမည္ရင္း Jarad Anthony Higgins ျဖစ္တဲ့ Juice WRLD ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက ခ်ီကာဂိုမွာ ေဆးလြန္ၿပီး ႐ုတ္တရက္ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ ကြယ္လြန္ခ်ိန္မွာ အသက္(၂၁)ႏွစ္သာ ရွိပါေသးတယ္။

Photo: juicewrld999/ Instagram

သူကြယ္လြန္ၿပီးမွ ထြက္ရွိလာတဲ့ ဒီအယ္လ္ဘမ္ဟာ ယခုႏွစ္ ၂၀၂၀အတြင္း ထြက္ရွိၿပီးသမွ် အယ္လ္ဘမ္အားလုံးရဲ႕ တစ္ပတ္တာေရာင္းအား အေကာင္းဆုံးအယ္လ္ဘမ္အျဖစ္ စံခ်ိန္တင္ထားပါတယ္။ ဒါ့အျပင္ ၂၀၂၀ခုႏွစ္အတြင္း streaming အမ်ားဆုံး လုပ္ခံရတဲ့အယ္လ္ဘမ္အျဖစ္သာမက အယ္လ္ဘမ္ေတြအားလုံးထဲမွာ စတုတၳအမ်ားဆုံး streaming လုပ္ခံရတဲ့ အယ္လ္ဘမ္အျဖစ္လည္း စံခ်ိန္တင္ထားပါေသးတယ္။

ဒီအယ္လ္ဘမ္ထဲက သီခ်င္းငါးပုဒ္ဟာ ယခုတစ္ပတ္အတြက္ Hot 100 Chart မွာ Top 10 စာရင္းဝင္ခဲ့ပါတယ္။ အဲ့ဒီ့သီခ်င္းေတြကေတာ့ Come & Go (နံပါတ္-၂)၊ Wishing Well (နံပါတ္-၅)၊ Conversations (နံပါတ္-၇)၊ Life’s a Mess (နံပါတ္-၉)နဲ႔ Hate The Other Side (နံပါတ္-၁၀)တို႔ ျဖစ္ပါတယ္။ ဒါဟာ The Beatles နဲ႔ Drake တို႔ၿပီးရင္ တစ္ပတ္တည္းမွာ သီခ်င္းငါးပုဒ္ Top 10 စာရင္းဝင္ခဲ့တဲ့ တတိယေျမာက္ artist ျဖစ္သြားတာပါ။

Photo: juicewrld999/ Instagram

အခုလိုစံခ်ိန္သစ္ေတြနဲ႔ ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့အေပၚ Juice WRLD ရဲ႕မိခင္ျဖစ္သူ Carmela Wallace က အခုလိုေျပာၾကားထားပါတယ္။ “သန္းနဲ႔ခ်ီတဲ့ ဂီတခ်စ္သူေတြက သူ႔အေပၚထားတဲ့ ခ်စ္ျခင္းေမတၱာေတြကို ျမင္ေတြ႕လိုက္ရတဲ့အတြက္ သားေလးရဲ႕ကဗ်ာဆန္တဲ့ စကားလုံးေတြ၊ တီထြင္ဖန္တီးမႈေတြနဲ႔ ဉာဏ္အလင္းျဖာထြက္မႈေတြဟာ ကမာၻကို ဘယ္ေလာက္ေတာင္ ပ်ံ႕ႏွံ႔ေစခဲ့လည္းဆိုတာ ကြၽန္မကို အမွတ္ရမိေစပါတယ္… ” လို႔ မိခင္ျဖစ္သူက ဆိုထားပါတယ္။

သူ႔ရဲ႕ဓာတ္ျပားကုမၸဏီျဖစ္တဲ့ Grade A ကလည္း “ဒီေတးစုစည္းမႈဟာ သူ႔ရဲ႕ ႀကီးမားတဲ့ ဂီတပါရမီနဲ႔ ႐ိုးသားတဲ့ ခံစားခ်က္ေတြကို လွလွပပ ထုတ္ျပသြားတဲ့ အမွတ္တရတစ္ခုပါ။ ဂီတက သူ႔ရဲ႕တကယ့္ျပင္းျပတဲ့ စိတ္ဆႏၵတစ္ခုျဖစ္ၿပီး ဒါေတြကို အသံသြင္းထုတ္လုပ္ျခင္းဟာလည္း သူခံစားခဲ့ရသမွ်ေတြကို လူတိုင္းဆီ ဖြင့္ထုတ္ေဝမွ်လို႔ရတဲ့ နည္းလမ္းတစ္ခုပါ…” လို႔ ေၾကျငာခ်က္တစ္ခုမွာ ေျပာၾကားထားပါတယ္။

Photo: juicewrld999/ Instagram

Legends Never Die အယ္လ္ဘမ္ဟာ Juice WRLD ရဲ႕ တတိယေျမာက္ စတူဒီယိုအယ္လ္ဘမ္ျဖစ္ၿပီး Halsey ၊ Marshmello ၊ Trippie Red နဲ႔ Polo G တို႔က featuring အျဖစ္ ပါဝင္ဖန္တီးေပးထားပါတယ္။ သူဟာ ပလက္တီနမ္ဓာတ္ျပားဆုရ သီခ်င္းမ်ားစြာကို ဖန္တီးထုတ္လႊင့္ခဲ့သူလည္း ျဖစ္ပါတယ္။

LaNina

Source: indianexpress, nytimes

 

RELATED ARTICLES

Most Popular