HomeEntertainmentFilmMadonna ရဲ့အတ္တုပ္ပတ္တိရုပ်ရှင်မှာ Madonna နေရာက သရုပ်ဆောင်သွားမယ့် Julia Garner

Madonna ရဲ့အတ္တုပ္ပတ္တိရုပ်ရှင်မှာ Madonna နေရာက သရုပ်ဆောင်သွားမယ့် Julia Garner

နာမည်ကျော် ပေါ့ပ်ဘုရင်မ Madonna ရဲ့ ဘဝဇာတ်လမ်းအကြောင်း ရိုက်ကူးမယ့် အတ္ထုပ္ပတ္တိရုပ်ရှင်မှာ သရုပ်ဆောင် Julia Garner ဟာ Madonna နေရာက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ မကြာခင်မှာပဲ Julia Garner ကို Material Girl အဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Inventing Anna ဇာတ်လမ်းတွဲနဲ့ လတ်တလောမှာ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ မင်းသမီး Julia Garner ဟာ Madonna အဖြစ် သရုပ်ဆောင်ဖို့ ရွေးချယ်ခံထားရတဲ့အကြောင်းကိုတော့ Variety သတင်းဌာနက ဖော်ပြထားတာ ဖြစ်ပါတယ်။ အဆိုပါသတင်းရဲ့ ဖော်ပြချက်အရ ဒါဇင်ကျော်တဲ့ မင်းသမီးတွေထဲမှာ Julia Garner ဟာ အနှစ်သက်ဆုံးအဖြစ် ရွေးချယ်ခံခဲ့ရတာလို့ ဆိုပါတယ်။

Photo: juliagarnerofficial/ Instagram

ဒီရုပ်ရှင်ကိုတော့ အသက်(၆၃)နှစ်အရွယ် Madonna ကိုယ်တိုင်က Universal Studios နဲ့ ပူးပေါင်းပြီး ဖန်တီးသွားမယ်လို့လည်း သိရပါတယ်။ Madonna ဟာ ဇာတ်ညွှန်း၊ ထုတ်လုပ်ရေးအပိုင်းနဲ့ ရိုက်ကူးရေးအပိုင်းတွေမှာပါ ပူးတွဲတာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင် ရိုက်ကူးမယ့်အကြောင်းကိုတော့ Madonna ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ စတင်ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တည်းက ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းပိုင်းကို လက်စသတ်နေပြီလို့ ပြောထားတာ ဖြစ်ပါတယ်။

Photo: madonna/ Instagram

ဒီရုပ်ရှင်ထဲမှာတော့ Julia Garner နဲ့အတူ Uncut Gems သရုပ်ဆောင် Julia Fox ကလည်း ပါဝင်ရနိုင်ချေ ရှိနေပါတယ်။ Julia Fox ကတော့ Madonna ရဲ့အခင်မင်ဆုံး သူငယ်ချင်း Debi Mazar အဖြစ် သရုပ်ဆောင်ဖို့ လျာထားခံရတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular