HomeEntertainmentFilmJungle Cruise ရုပ်ရှင်ရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာများ 

Jungle Cruise ရုပ်ရှင်ရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Jungle Cruise ရုပ်ရှင်ကတော့ Dwayne Johnson နဲ့ Emily Blunt တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကပဲ ထွက်ရှိထားတာ ဖြစ်ပါတယ်။ IMDb rating ကတော့ (6.6) ရရှိထားပါတယ်။ တောတွင်းစွန့်စားခန်းတွေနဲ့ အက်ရှင်ခန်းတွေကြောင့် ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ ဒီဇာတ်ကားရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Disney ရဲ့ အကြီးဆုံး ရိုက်ကွင်းဆက်တင်တစ်ခု ဖြစ်ပါတယ်။
Photo via IMDb

Jungle Cruise ရဲ့ ရိုက်ကူးရေး ပြုလုပ်နေတဲ့ ကာလအတွင်းမှာ မင်းသား Dwayne Johnson ဟာ ရိုက်ကွင်းရဲ့ဆက်တင်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ပါတယ်။ အဲဒါကတော့ ဒီရိုက်ကွင်းရဲ့ ဆက်တင်ဟာ Disney စတူဒီယိုက ပြုလုပ်ခဲ့ဖူးတဲ့ အကြီးမားဆုံးသော ရိုက်ကွင်းဆက်တင်တွေထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တကယ့်လက်တွေ့  Disney theme park တွေမှာ ရှိတဲ့ တောတွင်းအပျော်စီးလှေခရီး (Jungle Cruise)နဲ့ အတူညီဆုံးနဲ့ အနီးစပ်ဆုံးဖြစ်အောင် အသေးစိတ်တွေကအစ ဒီရိုက်ကွင်းရဲ့ ဆက်တင်မှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

Disney ရဲ့ ဒုတိယမြောက် live-action ဂေးကာရိုက်တာကို ထည့်သွင်းထားပါတယ်။
Photo via IMDb

Beauty and the Beast live-action ဇာတ်ကားကို ထုတ်လုပ်ခဲ့တုန်းက ဗီလိန် Lefou ဟာ Disney ရဲ့ ပထမဆုံး live-action ဂေးကာရိုက်တာဖြစ်တယ်လို့ Disney က အတည်ပြုပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Jungle Cruise ဇာတ်ကားထဲက Jack Whitehall သရုပ်ဆောင်ထားတဲ့ McGregor Houghton ဇာတ်ကောင်ဟာလည်း ဂေးပဲလို့ Disney က အတည်ပြုလိုက်ပြန်ပါတယ်။

ဒီကာရိုက်တာဟာ ဂေးလို့ ပြောထားပေမယ့်လည်း ပရိသတ်တွေအတွက် သိသာတဲ့အချက်တွေတော့ ထည့်သွင်းထားခြင်း မရှိပါဘူး။ သတင်းအချို့ရဲ့ ဖော်ပြချက်အရ ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးသားတဲ့ အဖွဲ့ဟာ မူလတုန်းကတော့ McGregor Houghton ရဲ့ ဂေးဖြစ်ကြောင်း ဝန်ခံတဲ့ ဇာတ်ဝင်ခန်းတစ်ခုကို ထည့်သွင်းဖို့ စဉ်းစားခဲ့ကြတယ်လို့ ဆိုပါတယ်။

သို့သော်လည်း ဒီဇာတ်ကောင်နေရာမှာ Jack Whitehall ကို ရွေးချယ်သရုပ်ဆောင်စေခဲ့တဲ့အတွက် ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြန်ပါတယ်။ အကြောင်းကတော့ Jack Whitehall ဟာ ဂေးမဟုတ်ဘဲ straight တစ်ယောက် ဖြစ်နေတာကြောင့်ပါပဲ။ တချို့ကလည်း ဒီအချက်နဲ့ ပတ်သက်ပြီး ဂေးဇာတ်ကောင်နေရာမှာ straight တစ်ယောက်ကို မထည့်သွင်းသင့်ကြောင်းနဲ့ တကယ်လို့ ဒီအတိုင်းသာ ရိုက်ကူးမယ်ဆိုရင် တကယ့်ဂေးတစ်ယောက်ရဲ့ စစ်မှန်တဲ့ သရုပ်ဆောင်မှုကို ရရှိမှာ မဟုတ်ဘဲ ပုံသေကားချပ်ဆန်တဲ့ သရုပ်ဆောင်မှုကိုသာ ရရှိလိမ့်မယ်လို့ ဆိုထားကြပါတယ်။

Indiana Jones ရဲ့ လွှမ်းမိုးမှု
Photo via screenrant

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေရဲ့ ပြောကြားချက်အရ Jungle Cruise ထဲက ရိုက်ကွင်းအပြင်အဆင်တွေနဲ့ ကာရိုက်တာပုံစံတွေဟာ Indiana Jones ရုပ်ရှင်ကို မှီငြမ်းထားပြီး စိတ်ကူးကွန့်မြူးထားတာလို့ သိရပါတယ်။

ဒါ့အပြင် Emily Blunt ရဲ့ သရုပ်ဆောင်မှုဟာလည်း Indiana Jones ထဲက Harrison Ford ရဲ့ သရုပ်ဆောင်မှုတွေ အများကြီး လွှမ်းမိုးနေတယ်လို့ ရုပ်ရှင်ဝေဖန်ရေးသမားတွေက ဆိုကြပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားနှစ်ခုကိုက  ဇာတ်လမ်းအသွားအလာ၊ ကျောရိုးတွေမှာ တူညီမှု ရှိနေပါတယ်။ နှစ်ခုလုံးဟာ တောတွင်းမှာ အခြေတည်ထားတဲ့ စွန့်စားခန်းတွေနဲ့ ပျောက်ဆုံးသွားတဲ့ ရတနာတွေ၊ အဖိုးတန်ပစ္စည်းတွေကို ရှာဖွေရတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

Dwayne Johnson ကို အဖတ်မလုပ်ခဲ့တဲ့ Emily Blunt
Photo via IMDb

Jungle Cruise ရုပ်ရှင်ကို ပရိုမိုးရှင်းလုပ်နေချိန်မှာတော့ Dwayne Johnson ဟာ Emily Blunt တစ်ယောက် ဒီဇာတ်ကားကို လက်ခံစေဖို့ ဘယ်လိုကြိုးစားခဲ့ကြရတယ်ဆိုတဲ့ အမှတ်တရတစ်ခုကို ပြောပြခဲ့ပါတယ်။ အဲဒါကတော့ Dwayne ဟာ Emily ရဲ့ ပရိသတ်တစ်ယောက် ဖြစ်တဲ့အတွက် သူမကို ဒီဇာတ်ကားမှာ ပါဝင်လာစေဖို့ တောက်လျှောက် ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇာတ်ကောင်ကို လက်ခံစေဖို့ မင်းသမီးဆီကို video call တွေ အကြိမ်ပေါင်းများစွာ ခေါ်ခဲ့ပေမယ့် Emily ဘက်ကတော့ တစ်ခုကိုမှ လက်ခံပြောဆိုခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ Dwayne Johnson ကို လုံးဝအဖတ်မလုပ်တဲ့အတွက် နောက်ဆုံးတော့ ဒါရိုက်တာက ကြားဝင်ပြီး ဒီကာရိုက်တာရဲ့ ဆွဲဆောင်မှုရှိပုံတွေကို ပြောပြကာ နားချတော့မှ Emily ဘက်က လက်ခံခဲ့တယ်လို့ သိရပါတယ်။

African Queen ရုပ်ရှင်ရဲ့ လွှမ်းမိုးမှု
Photo via screenrant

တောတွင်းစွန့်စားခန်း ရုပ်ရှင်အားလုံးအတွက် ဂန္ထဝင်ရုပ်ရှင်တစ်ကားဖြစ်တဲ့ African Queen ဟာ အရေးပါတဲ့နေရာက ရပ်တည်နေပါတယ်။ Disney ဟာ Jungle Cruise ကို ဖန်တီးဖို့ စိတ်ကူးအားလုံးကို African Queen ရုပ်ရှင်ကနေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါတင်မက ရုပ်ရှင်အဆုံးသတ်နားမှာ Dwayne နဲ့ Emily တို့ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေဟာ African Queen ထဲက ကာရိုက်တာတွေ ဝတ်ဆင်ခဲ့တဲ့ပုံစံအတိုင်း မှီငြမ်းထားတာလို့ သိရပါတယ်။

ဒါကတော့ Jungle Cruise ရုပ်ရှင်ရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်အချို့ပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Jungle Cruise ႐ုပ္ရွင္ကေတာ့ Dwayne Johnson နဲ႔ Emily Blunt တို႔ အဓိကပါဝင္သ႐ုပ္ေဆာင္ထားၿပီး ၿပီးခဲ့တဲ့ ဇူလိုင္လကုန္ပိုင္းကပဲ ထြက္ရွိထားတာ ျဖစ္ပါတယ္။ IMDb rating ကေတာ့ (6.6) ရရွိထားပါတယ္။ ေတာတြင္းစြန႔္စားခန္းေတြနဲ႔ အက္ရွင္ခန္းေတြေၾကာင့္ ပရိသတ္ေတြ အႀကိဳက္ေတြ႕ခဲ့ၾကတဲ့ ဒီဇာတ္ကားရဲ့ ပိတ္ကားေနာက္ကြယ္က စိတ္ဝင္စားစရာအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

Disney ရဲ့ အႀကီးဆုံး ရိုက္ကြင္းဆက္တင္တစ္ခု ျဖစ္ပါတယ္။
Photo via IMDb

Jungle Cruise ရဲ့ ရိုက္ကူးေရး ျပဳလုပ္ေနတဲ့ ကာလအတြင္းမွာ မင္းသား Dwayne Johnson ဟာ ရိုက္ကြင္းရဲ့ဆက္တင္နဲ႔ ပတ္သက္ၿပီး ဆိုရွယ္မီဒီယာမွာ မၽွေဝခဲ့ပါတယ္။ အဲဒါကေတာ့ ဒီရိုက္ကြင္းရဲ့ ဆက္တင္ဟာ Disney စတူဒီယိုက ျပဳလုပ္ခဲ့ဖူးတဲ့ အႀကီးမားဆုံးေသာ ရိုက္ကြင္းဆက္တင္ေတြထဲမွာ ပါဝင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ တကယ့္လက္ေတြ႕  Disney theme park ေတြမွာ ရွိတဲ့ ေတာတြင္းအေပ်ာ္စီးေလွခရီး (Jungle Cruise)နဲ႔ အတူညီဆုံးနဲ႔ အနီးစပ္ဆုံးျဖစ္ေအာင္ အေသးစိတ္ေတြကအစ ဒီရိုက္ကြင္းရဲ့ ဆက္တင္မွာ ထည့္သြင္းထားတယ္လို႔ ဆိုပါတယ္။

Disney ရဲ့ ဒုတိယေျမာက္ live-action ေဂးကာရိုက္တာကို ထည့္သြင္းထားပါတယ္။
Photo via IMDb

Beauty and the Beast live-action ဇာတ္ကားကို ထုတ္လုပ္ခဲ့တုန္းက ဗီလိန္ Lefou ဟာ Disney ရဲ့ ပထမဆုံး live-action ေဂးကာရိုက္တာျဖစ္တယ္လို႔ Disney က အတည္ျပဳေပးခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Jungle Cruise ဇာတ္ကားထဲက Jack Whitehall သ႐ုပ္ေဆာင္ထားတဲ့ McGregor Houghton ဇာတ္ေကာင္ဟာလည္း ေဂးပဲလို႔ Disney က အတည္ျပဳလိုက္ျပန္ပါတယ္။

ဒီကာရိုက္တာဟာ ေဂးလို႔ ေျပာထားေပမယ့္လည္း ပရိသတ္ေတြအတြက္ သိသာတဲ့အခ်က္ေတြေတာ့ ထည့္သြင္းထားျခင္း မရွိပါဘူး။ သတင္းအခ်ိဳ႕ရဲ့ ေဖာ္ျပခ်က္အရ ဇာတ္လမ္း၊ ဇာတ္ညႊန္းေရးသားတဲ့ အဖြဲ႕ဟာ မူလတုန္းကေတာ့ McGregor Houghton ရဲ့ ေဂးျဖစ္ေၾကာင္း ဝန္ခံတဲ့ ဇာတ္ဝင္ခန္းတစ္ခုကို ထည့္သြင္းဖို႔ စဥ္းစားခဲ့ၾကတယ္လို႔ ဆိုပါတယ္။

သို႔ေသာ္လည္း ဒီဇာတ္ေကာင္ေနရာမွာ Jack Whitehall ကို ေရြးခ်ယ္သ႐ုပ္ေဆာင္ေစခဲ့တဲ့အတြက္ ေဝဖန္မွုေတြနဲ႔ ၾကဳံေတြ႕ခဲ့ရျပန္ပါတယ္။ အေၾကာင္းကေတာ့ Jack Whitehall ဟာ ေဂးမဟုတ္ဘဲ straight တစ္ေယာက္ ျဖစ္ေနတာေၾကာင့္ပါပဲ။ တခ်ိဳ႕ကလည္း ဒီအခ်က္နဲ႔ ပတ္သက္ၿပီး ေဂးဇာတ္ေကာင္ေနရာမွာ straight တစ္ေယာက္ကို မထည့္သြင္းသင့္ေၾကာင္းနဲ႔ တကယ္လို႔ ဒီအတိုင္းသာ ရိုက္ကူးမယ္ဆိုရင္ တကယ့္ေဂးတစ္ေယာက္ရဲ့ စစ္မွန္တဲ့ သ႐ုပ္ေဆာင္မွုကို ရရွိမွာ မဟုတ္ဘဲ ပုံေသကားခ်ပ္ဆန္တဲ့ သ႐ုပ္ေဆာင္မွုကိုသာ ရရွိလိမ့္မယ္လို႔ ဆိုထားၾကပါတယ္။

Indiana Jones ရဲ့ လႊမ္းမိုးမွု
Photo via screenrant

မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးေတြမွာ ရိုက္ကူးေရးအဖြဲ႕သားေတြနဲ႔ သ႐ုပ္ေဆာင္ေတြရဲ့ ေျပာၾကားခ်က္အရ Jungle Cruise ထဲက ရိုက္ကြင္းအျပင္အဆင္ေတြနဲ႔ ကာရိုက္တာပုံစံေတြဟာ Indiana Jones ႐ုပ္ရွင္ကို မွီျငမ္းထားၿပီး စိတ္ကူးကြန႔္ျမဴးထားတာလို႔ သိရပါတယ္။

ဒါ့အျပင္ Emily Blunt ရဲ့ သ႐ုပ္ေဆာင္မွုဟာလည္း Indiana Jones ထဲက Harrison Ford ရဲ့ သ႐ုပ္ေဆာင္မွုေတြ အမ်ားႀကီး လႊမ္းမိုးေနတယ္လို႔ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြက ဆိုၾကပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားႏွစ္ခုကိုက  ဇာတ္လမ္းအသြားအလာ၊ ေက်ာရိုးေတြမွာ တူညီမွု ရွိေနပါတယ္။ ႏွစ္ခုလုံးဟာ ေတာတြင္းမွာ အေျခတည္ထားတဲ့ စြန႔္စားခန္းေတြနဲ႔ ေပ်ာက္ဆုံးသြားတဲ့ ရတနာေတြ၊ အဖိုးတန္ပစၥည္းေတြကို ရွာေဖြရတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။

Dwayne Johnson ကို အဖတ္မလုပ္ခဲ့တဲ့ Emily Blunt
Photo via IMDb

Jungle Cruise ႐ုပ္ရွင္ကို ပရိုမိုးရွင္းလုပ္ေနခ်ိန္မွာေတာ့ Dwayne Johnson ဟာ Emily Blunt တစ္ေယာက္ ဒီဇာတ္ကားကို လက္ခံေစဖို႔ ဘယ္လိုႀကိဳးစားခဲ့ၾကရတယ္ဆိုတဲ့ အမွတ္တရတစ္ခုကို ေျပာျပခဲ့ပါတယ္။ အဲဒါကေတာ့ Dwayne ဟာ Emily ရဲ့ ပရိသတ္တစ္ေယာက္ ျဖစ္တဲ့အတြက္ သူမကို ဒီဇာတ္ကားမွာ ပါဝင္လာေစဖို႔ ေတာက္ေလၽွာက္ ႀကိဳးပမ္းခဲ့တယ္လို႔ ဆိုပါတယ္။

ဒီဇာတ္ေကာင္ကို လက္ခံေစဖို႔ မင္းသမီးဆီကို video call ေတြ အႀကိမ္ေပါင္းမ်ားစြာ ေခၚခဲ့ေပမယ့္ Emily ဘက္ကေတာ့ တစ္ခုကိုမွ လက္ခံေျပာဆိုခဲ့ျခင္း မရွိဘူးလို႔ ဆိုပါတယ္။ Dwayne Johnson ကို လုံးဝအဖတ္မလုပ္တဲ့အတြက္ ေနာက္ဆုံးေတာ့ ဒါရိုက္တာက ၾကားဝင္ၿပီး ဒီကာရိုက္တာရဲ့ ဆြဲေဆာင္မွုရွိပုံေတြကို ေျပာျပကာ နားခ်ေတာ့မွ Emily ဘက္က လက္ခံခဲ့တယ္လို႔ သိရပါတယ္။

African Queen ႐ုပ္ရွင္ရဲ့ လႊမ္းမိုးမွု
Photo via screenrant

ေတာတြင္းစြန႔္စားခန္း ႐ုပ္ရွင္အားလုံးအတြက္ ဂႏၴဝင္႐ုပ္ရွင္တစ္ကားျဖစ္တဲ့ African Queen ဟာ အေရးပါတဲ့ေနရာက ရပ္တည္ေနပါတယ္။ Disney ဟာ Jungle Cruise ကို ဖန္တီးဖို႔ စိတ္ကူးအားလုံးကို African Queen ႐ုပ္ရွင္ကေန ရရွိခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါတင္မက ႐ုပ္ရွင္အဆုံးသတ္နားမွာ Dwayne နဲ႔ Emily တို႔ ဝတ္ဆင္ထားတဲ့ အဝတ္အစားေတြဟာ African Queen ထဲက ကာရိုက္တာေတြ ဝတ္ဆင္ခဲ့တဲ့ပုံစံအတိုင္း မွီျငမ္းထားတာလို႔ သိရပါတယ္။

ဒါကေတာ့ Jungle Cruise ႐ုပ္ရွင္ရဲ့ ပိတ္ကားေနာက္ကြယ္က စိတ္ဝင္စားစရာအခ်က္အခ်ိဳ႕ပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္ရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မၽွ ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular