HomeEntertainmentFilmJustice League ရိုက်ကွင်းမှာ ဖိနှိပ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့အပေါ် တရားဝင်စစ်ဆေးမည်။ 

Justice League ရိုက်ကွင်းမှာ ဖိနှိပ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့အပေါ် တရားဝင်စစ်ဆေးမည်။ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Justice League ဇာတ်ကားရဲ့ တွဲဘက်ဒါရိုက်တာ Joss Whedon ဟာ ရိုက်ကွင်းပေါ်မှာ အနိုင်ကျင့်၊ ဖိနှိပ်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံထားရပြီး အခုဆိုရင်တော့ Warner Media ရဲ့ တရားဝင် စုံစမ်းစစ်ဆေးမှုကို ခံယူရတော့မှာ ဖြစ်ပါတယ်။

ဒီကိစ္စကို စွပ်စွဲထားသူကတော့ Justice League ဇာတ်ကားထဲက Cyborg နေရာမှာ သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် Ray Fisher ဖြစ်ပြီး တွဲဘက်ဒါရိုက်တာ Joss Whedon ဟာ ရိုက်ကွင်းပေါ်မှာ ပရော်ဖက်ရှင်နယ်လ် မဆန်စွာ ပြုမူခဲ့ပြီး ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေအပေါ်မှာ အနိုင်ကျင့်၊ဖိနှိပ်မှုတွေ ရှိခဲ့တယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

Photo ©Warner Bros.

ဒီအကြောင်းကိုတော့ ယခုနှစ် နွေရာသီအစောပိုင်းမှာ Ray Fisher က စတင်ပြောကြားခဲ့တာဖြစ်ပြီး Joss Whedon ကို “ရွံစရာ” “အနိုင်ကျင့်၊ ဖိနှိပ်သူ” စတဲ့ စကားလုံးတွေနဲ့ ခိုင်းနှိုင်းပြောဆိုထားပါတယ်။ ဒါ့အပြင် DC Entertainment ရဲ့ ဥက္ကဌဟောင်းဖြစ်သူ Geoff Johns နဲ့ Justice League ရဲ့ ထုတ်လုပ်သူ Jon Berg တို့ကလည်း Joss Whedon ကို အခုလို လုပ်ပိုင်ခွင့်ပေးထားတယ်လို့ Ray Fisher က အခိုင်အမာ ပြောဆိုထားပါတယ်။

Ray Fisher ဟာ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာတွေကတစ်ဆင့် အခုလို ပြောကြားခဲ့တာဖြစ်ပြီး အရင်တုန်းက Joss Whedon အပေါ် ဝေဖန်ဆန့်ကျင်ဖူးသူတွေဘက်ကလည်း ရပ်တည်အားပေးထားပါသေးတယ်။ ပရိသတ်တွေဟာလည်း Ray Fisher အနေနဲ့ အခုလို ထုတ်ဖော်ပြောကြားခြင်းအားဖြင့် သူ့အတွက် ဘာအကျိုးမှ ရလာစရာ မရှိဘူးဆိုတာ နားလည်ထားကြလို့ သူ့ကို အားပေးနေကြပါတယ်။

Photo ©Warner Bros.

မှန်ကန်တယ်ထင်တဲ့ အရာတစ်ခုအပေါ် ရဲတင်းစွာ ပြောဆိုဝံ့ပြီး ပြတ်ပြတ်သားသား ဝေဖန်မှုတွေ လုပ်ထားတဲ့အပေါ် ဒါရိုက်တာ J. D. Dillard က Ray Fisher ကို ချီးမွမ်းထားပါတယ်။ သို့ပေမယ့် တကယ့် ပါဝါရှိတဲ့လူတွေကိုမှ အခုလိုမျိုး ကျယ်ကျယ်လောင်လောင် ပြောဆိုဆန့်ကျင်လိုက်ခြင်းအားဖြင့် Ray Fisher ရဲ့ ရှေ့အနာဂတ် သရုပ်ဆောင်လမ်းကြောင်းမှာ အများကြီး ထိခိုက်နစ်နာမှုတွေ ဖြစ်သွားနိုင်ပါတယ်။

ကံကောင်းချင်တော့ တရားကို နတ်စောင့်တယ်ဆိုတဲ့ စကားအတိုင်းပဲ တစ်လခန့် အားကျိုးမာန်တက် ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်အပြီးမှာတော့ Warner Bros. က Ray Fisher ရဲ့စကားကို အလေးအနက် နားထောင်ပြီး စွပ်စွဲထားသလို ပြဿနာတွေ တကယ်ရှိနေမလားဆိုတာ အဖြေရှာဖို့ ကြိုးစားခဲ့ပါတယ်။

Photo: ray8fisher/ twitter

Warner Brothers ဟာ လုပ်ငန်းခွင်မှာ ဖိနှိပ်မှုတွေ၊ မတော်မတရား အနိုင်ကျင့်မှုတွေ ရှိ၊မရှိဆိုတာကို သီးသန့်အဖွဲ့တစ်ဖွဲ့ ငှားရမ်းပြီး တရားဝင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တော့မယ်လို့လည်း Ray Fisher ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ Ray Fisher ဟာ သူ့ရဲ့ ထုတ်ဖော်ပြောဆိုမှုအပေါ် နားထောင်ပြီး အခုလို ရပ်တည်အားပေးတဲ့အတွက် Warner Brothers ကို ကျေးဇူးတင်ကြောင်းလည်း ဆိုထားပါသေးတယ်။

Warner Brothers အနေနဲ့ Ray Fisher ရဲ့ စွပ်စွဲမှုကို အလေးအနက်ထားပြီး အခုလို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တော့မှာကို ကြည့်ခြင်းအားဖြင့် WB ဟာ သူတို့ကုမ္ပဏီလက်အောက်က ရိုက်ကူးရေးအဖွဲ့သား၊ သရုပ်ဆောင်တွေအားလုံးကို ကောင်းမွန်တဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်စေချင်တဲ့ စိတ်စေတနာရှိကြောင်း မြင်နိုင်ပါတယ်။ တော်တန်ရုံ entertainment ကုမ္ပဏီတွေဆိုရင် အခုလို တစ်ယောက်လောက်က ပြောတာမျိုးလောက်ကို မသိချင်ယောင်ဆောင်ပြီး နေနေလို့ရပါတယ်။ သို့ပေမယ့် တကယ့် မြေပြင်အခြေအနေ အမှန်ကို သိရဖို့အတွက် ဖော်ထုတ်စစ်ဆေးမှုတွေ ပြုလုပ်တော့မယ်ဆိုတာဟာ သူတို့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားမှုလို့လည်း ပြောနိုင်ပါတယ်။

Photo ©Warner Bros.

ဒါဟာ WB အနေနဲ့ ငါးပတ်ခန့်ကြာမြင့်အောင် ရိုက်ကူးရေးအဖွဲ့သားတွေကို အင်တာဗျူး ပြုလုပ်ပြီးမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ငှားရမ်းတာဝန် ပေးအပ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အများစုကတော့ သူတို့အထဲမှာ တကယ် ပြဿနာတစ်ခုခု ရှိနေလို့သာ အမှန်တရားကို ဖော်ထုတ်ဖို့ WB ဘက်က ဆောင်ရွက်တာလို့ ခန့်မှန်းထားကြပါတယ်။

ဟောလိဝုဒ်ဟာ ကြီးနိုင်ငယ်ညှင်း ပြုလုပ်မှု၊ ခွဲခြားဆက်ဆံမှုစတဲ့ လုပ်ငန်းခွင် အဆိပ်သင့်မှုတွေနဲ့ လည်ပတ်နေခဲ့တာ ကြာမြင့်ပြီဖြစ်ပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က စတင်ပြီး ခံစားလိုက်ရသူတွေဟာ ထုတ်ဖော်ပြောကြားလာကြတာ ဖြစ်ပါတယ်။ လာမယ့် နှစ်တွေမှာတော့ ပိုပြီးသက်သောင့်သက်သာနဲ့ အလုပ်လုပ်ဖို့ ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာတော့မယ်ဆိုတာ မျှော်လင့်လျက် … ။

Glasgow

Source: screenrant

(Zawgyi Version)

Justice League ဇာတ္ကားရဲ႕ တြဲဘက္ဒါ႐ိုက္တာ Joss Whedon ဟာ ႐ိုက္ကြင္းေပၚမွာ အႏိုင္က်င့္၊ ဖိႏွိပ္မႈေတြ ရွိခဲ့တယ္လို႔ စြပ္စြဲခံထားရၿပီး အခုဆိုရင္ေတာ့ Warner Media ရဲ႕ တရားဝင္ စုံစမ္းစစ္ေဆးမႈကို ခံယူရေတာ့မွာ ျဖစ္ပါတယ္။

ဒီကိစၥကို စြပ္စြဲထားသူကေတာ့ Justice League ဇာတ္ကားထဲက Cyborg ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ သ႐ုပ္ေဆာင္ Ray Fisher ျဖစ္ၿပီး တြဲဘက္ဒါ႐ိုက္တာ Joss Whedon ဟာ ႐ိုက္ကြင္းေပၚမွာ ပေရာ္ဖက္ရွင္နယ္လ္ မဆန္စြာ ျပဳမူခဲ့ၿပီး ႐ိုက္ကူးေရးအဖြဲ႕သားေတြနဲ႔ သ႐ုပ္ေဆာင္ေတြအေပၚမွာ အႏိုင္က်င့္၊ဖိႏွိပ္မႈေတြ ရွိခဲ့တယ္လို႔ ေျပာဆိုထားတာ ျဖစ္ပါတယ္။

Photo ©Warner Bros.

ဒီအေၾကာင္းကိုေတာ့ ယခုႏွစ္ ေႏြရာသီအေစာပိုင္းမွာ Ray Fisher က စတင္ေျပာၾကားခဲ့တာျဖစ္ၿပီး Joss Whedon ကို “႐ြံစရာ” “အႏိုင္က်င့္၊ ဖိႏွိပ္သူ” စတဲ့ စကားလုံးေတြနဲ႔ ခိုင္းႏႈိင္းေျပာဆိုထားပါတယ္။ ဒါ့အျပင္ DC Entertainment ရဲ႕ ဥကၠဌေဟာင္းျဖစ္သူ Geoff Johns နဲ႔ Justice League ရဲ႕ ထုတ္လုပ္သူ Jon Berg တို႔ကလည္း Joss Whedon ကို အခုလို လုပ္ပိုင္ခြင့္ေပးထားတယ္လို႔ Ray Fisher က အခိုင္အမာ ေျပာဆိုထားပါတယ္။

Ray Fisher ဟာ သူ႔ရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာေတြကတစ္ဆင့္ အခုလို ေျပာၾကားခဲ့တာျဖစ္ၿပီး အရင္တုန္းက Joss Whedon အေပၚ ေဝဖန္ဆန႔္က်င္ဖူးသူေတြဘက္ကလည္း ရပ္တည္အားေပးထားပါေသးတယ္။ ပရိသတ္ေတြဟာလည္း Ray Fisher အေနနဲ႔ အခုလို ထုတ္ေဖာ္ေျပာၾကားျခင္းအားျဖင့္ သူ႔အတြက္ ဘာအက်ိဳးမွ ရလာစရာ မရွိဘူးဆိုတာ နားလည္ထားၾကလို႔ သူ႔ကို အားေပးေနၾကပါတယ္။

Photo ©Warner Bros.

မွန္ကန္တယ္ထင္တဲ့ အရာတစ္ခုအေပၚ ရဲတင္းစြာ ေျပာဆိုဝံ့ၿပီး ျပတ္ျပတ္သားသား ေဝဖန္မႈေတြ လုပ္ထားတဲ့အေပၚ ဒါ႐ိုက္တာ J. D. Dillard က Ray Fisher ကို ခ်ီးမြမ္းထားပါတယ္။ သို႔ေပမယ့္ တကယ့္ ပါဝါရွိတဲ့လူေတြကိုမွ အခုလိုမ်ိဳး က်ယ္က်ယ္ေလာင္ေလာင္ ေျပာဆိုဆန႔္က်င္လိုက္ျခင္းအားျဖင့္ Ray Fisher ရဲ႕ ေရွ႕အနာဂတ္ သ႐ုပ္ေဆာင္လမ္းေၾကာင္းမွာ အမ်ားႀကီး ထိခိုက္နစ္နာမႈေတြ ျဖစ္သြားႏိုင္ပါတယ္။

ကံေကာင္းခ်င္ေတာ့ တရားကို နတ္ေစာင့္တယ္ဆိုတဲ့ စကားအတိုင္းပဲ တစ္လခန႔္ အားက်ိဳးမာန္တက္ ေဝဖန္ေျပာဆိုမႈေတြ ျပဳလုပ္အၿပီးမွာေတာ့ Warner Bros. က Ray Fisher ရဲ႕စကားကို အေလးအနက္ နားေထာင္ၿပီး စြပ္စြဲထားသလို ျပႆနာေတြ တကယ္ရွိေနမလားဆိုတာ အေျဖရွာဖို႔ ႀကိဳးစားခဲ့ပါတယ္။

Photo: ray8fisher/ twitter

Warner Brothers ဟာ လုပ္ငန္းခြင္မွာ ဖိႏွိပ္မႈေတြ၊ မေတာ္မတရား အႏိုင္က်င့္မႈေတြ ရွိ၊မရွိဆိုတာကို သီးသန႔္အဖြဲ႕တစ္ဖြဲ႕ ငွားရမ္းၿပီး တရားဝင္ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေတာ့မယ္လို႔လည္း Ray Fisher ရဲ႕ တြစ္တာစာမ်က္ႏွာမွာ ေဖာ္ျပထားခ်က္အရ သိရပါတယ္။ Ray Fisher ဟာ သူ႔ရဲ႕ ထုတ္ေဖာ္ေျပာဆိုမႈအေပၚ နားေထာင္ၿပီး အခုလို ရပ္တည္အားေပးတဲ့အတြက္ Warner Brothers ကို ေက်းဇူးတင္ေၾကာင္းလည္း ဆိုထားပါေသးတယ္။

Warner Brothers အေနနဲ႔ Ray Fisher ရဲ႕ စြပ္စြဲမႈကို အေလးအနက္ထားၿပီး အခုလို စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေတာ့မွာကို ၾကည့္ျခင္းအားျဖင့္ WB ဟာ သူတို႔ကုမၸဏီလက္ေအာက္က ႐ိုက္ကူးေရးအဖြဲ႕သား၊ သ႐ုပ္ေဆာင္ေတြအားလုံးကို ေကာင္းမြန္တဲ့ လုပ္ငန္းခြင္မွာ လုပ္ကိုင္ေစခ်င္တဲ့ စိတ္ေစတနာရွိေၾကာင္း ျမင္ႏိုင္ပါတယ္။ ေတာ္တန္႐ုံ entertainment ကုမၸဏီေတြဆိုရင္ အခုလို တစ္ေယာက္ေလာက္က ေျပာတာမ်ိဳးေလာက္ကို မသိခ်င္ေယာင္ေဆာင္ၿပီး ေနေနလို႔ရပါတယ္။ သို႔ေပမယ့္ တကယ့္ ေျမျပင္အေျခအေန အမွန္ကို သိရဖို႔အတြက္ ေဖာ္ထုတ္စစ္ေဆးမႈေတြ ျပဳလုပ္ေတာ့မယ္ဆိုတာဟာ သူတို႔အဖြဲ႕အစည္းရဲ႕ ဂုဏ္သိကၡာကို တန္ဖိုးထားမႈလို႔လည္း ေျပာႏိုင္ပါတယ္။

Photo ©Warner Bros.

ဒါဟာ WB အေနနဲ႔ ငါးပတ္ခန႔္ၾကာျမင့္ေအာင္ ႐ိုက္ကူးေရးအဖြဲ႕သားေတြကို အင္တာဗ်ဴး ျပဳလုပ္ၿပီးမွ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ငွားရမ္းတာဝန္ ေပးအပ္လိုက္တာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ အမ်ားစုကေတာ့ သူတို႔အထဲမွာ တကယ္ ျပႆနာတစ္ခုခု ရွိေနလို႔သာ အမွန္တရားကို ေဖာ္ထုတ္ဖို႔ WB ဘက္က ေဆာင္႐ြက္တာလို႔ ခန႔္မွန္းထားၾကပါတယ္။

ေဟာလိဝုဒ္ဟာ ႀကီးႏိုင္ငယ္ညႇင္း ျပဳလုပ္မႈ၊ ခြဲျခားဆက္ဆံမႈစတဲ့ လုပ္ငန္းခြင္ အဆိပ္သင့္မႈေတြနဲ႔ လည္ပတ္ေနခဲ့တာ ၾကာျမင့္ၿပီျဖစ္ေပမယ့္ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္က စတင္ၿပီး ခံစားလိုက္ရသူေတြဟာ ထုတ္ေဖာ္ေျပာၾကားလာၾကတာ ျဖစ္ပါတယ္။ လာမယ့္ ႏွစ္ေတြမွာေတာ့ ပိုၿပီးသက္ေသာင့္သက္သာနဲ႔ အလုပ္လုပ္ဖို႔ ေကာင္းတဲ့ ပတ္ဝန္းက်င္တစ္ခု ျဖစ္လာေတာ့မယ္ဆိုတာ ေမွ်ာ္လင့္လ်က္ … ။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular