HomeEntertainmentFilmJustice League Snyder Cut အတွက် ဘယ်ဇာတ်ဝင်ခန်းကိုမှ ပြန်မရိုက်ခဲ့ရဘူး ဆိုတဲ့ Gal Gadot

Justice League Snyder Cut အတွက် ဘယ်ဇာတ်ဝင်ခန်းကိုမှ ပြန်မရိုက်ခဲ့ရဘူး ဆိုတဲ့ Gal Gadot

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၁ ခုနှစ် မတ်လထဲမှာ ထွက်ရှိလာမယ့် Justice League Snyder Cut အတွက် ဘယ်ဇာတ်ဝင်ခန်းကိုမှ ပြန်မရိုက်ခဲ့ရပါဘူး ဆိုပြီးတော့ Gal Gadot က ပြောပြခဲ့ပါတယ်။ Snyder Cut ကတော့ ပရိသတ်တွေ သုံးနှစ်နီးပါးလောက် တောင်းဆိုခဲ့ရတာ ဖြစ်ပြီး ဒီနှစ်ထဲမှာပဲ တကယ်ထွက်ရှိလာပါမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Snyder Cut ဟာ ၂၀၁၇ တုန်းက ရုံတင်ခဲ့တဲ့ ရုပ်ရှင်နဲ့ ဗားရှင်းမတူတာကြောင့် တချို့ဇာတ်ဝင်ခန်းတွေကို ပြန်လည်ရိုက်ကူးခဲ့ရပါတယ်။ အစတုန်းကတော့ ပြန်လည်ရိုက်ကူးရမယ့် ဇာတ်ဝင်ခန်းတွေမှာ သရုပ်ဆောင်ရမယ့် သူတွေကတော့ Ben Affleck ၊ Henry Cavill ၊ Gal Gadot နဲ့ Ray Fisher တို့ ပါဝင်ပါတယ်လို့ သိခဲ့ရပါတယ်။

photo via screenrant

နောက်ပိုင်းမှာတော့ Ezra Miller ၊ Amber Heard ၊ Jared Leto နဲ့ Joe Manganiello တို့လည်း တချို့ဇာတ်ဝင်ခန်းတွေိကို ပြန်လည်ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Henry Cavill ကတော့ Snyder Cut အတွက် ဘယ်ဇာတ်ဝင်ခန်းကိုမှ ပြန်လည်မရိုက်ခဲ့ရပါဘူးလို့ ပြောခဲ့ပါတယ်။ အစတုန်းကတော့ အဓိကသရုပ်ဆောင်တွေထဲက Henry Cavill နဲ့ Jason Momoa တို့ပဲ ပြန်သရုပ်ဆောင်ရတဲ့အထဲမှာ မပါဝင်ခဲ့ဘူးလို့ သိခဲ့ရပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ Gal Gadot ကလည်း Snyder Cut မှာ ဘယ်ဇာတ်ဝင်ခန်းကိုမှ ပြန်မရိုက်ခဲ့ရပါဘူးလို့ ပြောခဲ့ပါတယ်။

Wonder Woman 1984 ဟာ မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်တာကြောင့် Gal Gadot ဟာ MTV News နဲ့ အဲ့ဒီရုပ်ရှင်အကြောင်းကို အင်တာဗျူးလုပ်ခဲ့ကြပါတယ်။ အဲ့ဒီအင်တာဗျူးမှာတော့ Snyder Cut အတွက် ပြန်လည်ရိုက်ကူးတဲ့အထဲမှာ သူမရော ပါဝင်ခဲ့လား ဆိုပြီးတော့ မေးခဲ့ပါတယ်။ အစတုန်းကတော့ ပြန်လည်ရိုက်ကူးရတဲ့ သရုပ်ဆောင်တွေထဲမှာ သူမလည်း ပါဝင်တယ်လို့ သိခဲ့ရပေမယ့်လည်း ဒီအင်တာဗျူးထဲမှာတော့ သူမဟာ ဘယ်ဇာတ်ဝင်ခန်းကို ပြန်လည်မရိုက်ခဲ့ရပါဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

photo via screenrant

Gal Gadot ပြောခဲ့တဲ့ စကားအပြည့်အစုံကတော့ ” မဟုတ်ပါဘူး။ ကျွန်မဘာကိုမှ ပြန်မရိုက်ခဲ့ရပါဘူး။ အဲ့ဒါကြောင့်ပဲ ဘယ်လိုတွေပြန်ရိုက်ထားလည်း ဆိုတာကိုလည်း မသိပါဘူး။ ဒါပေမယ့် Snyder Cut ကို‌ ကြည့်ဖို့အတွက်တော့ စောင့်မျှော်နေပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ်။ Gal Gadot ပြောသွားတဲ့အတိုင်း ဆိုရင်တော့ Snyder Cut အတွက် ပြန်လည်ရိုက်ကူးကြတဲ့အထဲမှာ သူမဟာ အခုချိန်ထိ မပါဝင်သေးပါဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း သူမဟာ နောက်ပိုင်းကျမှ ပြန်လည်ပါဝင်လာမှာလား ဒါမှမဟုတ် လုံးဝကို ပြန်လည်ရိုက်ကူးတဲ့ အထဲမှာ မပါဝင်တာလား ဆိုတာတော့ မသေချာသေးပါဘူး။ အကယ်၍ သူမဟာ ဘယ်ဇာတ်ဝင်ခန်းကိုမှ ပြန်မရိုက်ခဲ့ဘူး ဆိုရင်တောင် Snyder Cut ထဲမှာတော့ သူမရဲ့ဇာတ်ဝင်ခန်းတွေ အတော်များများကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

၂၀၂၁ ခုႏွစ္ မတ္လထဲမွာ ထြက္ရွိလာမယ့္ Justice League Snyder Cut အတြက္ ဘယ္ဇာတ္ဝင္ခန္းကိုမွ ျပန္မ႐ိုက္ခဲ့ရပါဘူး ဆိုၿပီးေတာ့ Gal Gadot က ေျပာျပခဲ့ပါတယ္။ Snyder Cut ကေတာ့ ပရိသတ္ေတြ သုံးႏွစ္နီးပါးေလာက္ ေတာင္းဆိုခဲ့ရတာ ျဖစ္ၿပီး ဒီႏွစ္ထဲမွာပဲ တကယ္ထြက္ရွိလာပါမယ္လို႔ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ Snyder Cut ဟာ ၂၀၁၇ တုန္းက ႐ုံတင္ခဲ့တဲ့ ႐ုပ္ရွင္နဲ႔ ဗားရွင္းမတူတာေၾကာင့္ တခ်ိဳ႕ဇာတ္ဝင္ခန္းေတြကို ျပန္လည္႐ိုက္ကူးခဲ့ရပါတယ္။ အစတုန္းကေတာ့ ျပန္လည္႐ိုက္ကူးရမယ့္ ဇာတ္ဝင္ခန္းေတြမွာ သ႐ုပ္ေဆာင္ရမယ့္ သူေတြကေတာ့ Ben Affleck ၊ Henry Cavill ၊ Gal Gadot နဲ႔ Ray Fisher တို႔ ပါဝင္ပါတယ္လို႔ သိခဲ့ရပါတယ္။

photo via screenrant

ေနာက္ပိုင္းမွာေတာ့ Ezra Miller ၊ Amber Heard ၊ Jared Leto နဲ႔ Joe Manganiello တို႔လည္း တခ်ိဳ႕ဇာတ္ဝင္ခန္းေတြိကို ျပန္လည္႐ိုက္ကူးခဲ့ရတယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း Henry Cavill ကေတာ့ Snyder Cut အတြက္ ဘယ္ဇာတ္ဝင္ခန္းကိုမွ ျပန္လည္မ႐ိုက္ခဲ့ရပါဘူးလို႔ ေျပာခဲ့ပါတယ္။ အစတုန္းကေတာ့ အဓိကသ႐ုပ္ေဆာင္ေတြထဲက Henry Cavill နဲ႔ Jason Momoa တို႔ပဲ ျပန္သ႐ုပ္ေဆာင္ရတဲ့အထဲမွာ မပါဝင္ခဲ့ဘူးလို႔ သိခဲ့ရပါတယ္။ ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ Gal Gadot ကလည္း Snyder Cut မွာ ဘယ္ဇာတ္ဝင္ခန္းကိုမွ ျပန္မ႐ိုက္ခဲ့ရပါဘူးလို႔ ေျပာခဲ့ပါတယ္။

Wonder Woman 1984 ဟာ မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္တာေၾကာင့္ Gal Gadot ဟာ MTV News နဲ႔ အဲ့ဒီ႐ုပ္ရွင္အေၾကာင္းကို အင္တာဗ်ဴးလုပ္ခဲ့ၾကပါတယ္။ အဲ့ဒီအင္တာဗ်ဴးမွာေတာ့ Snyder Cut အတြက္ ျပန္လည္႐ိုက္ကူးတဲ့အထဲမွာ သူမေရာ ပါဝင္ခဲ့လား ဆိုၿပီးေတာ့ ေမးခဲ့ပါတယ္။ အစတုန္းကေတာ့ ျပန္လည္႐ိုက္ကူးရတဲ့ သ႐ုပ္ေဆာင္ေတြထဲမွာ သူမလည္း ပါဝင္တယ္လို႔ သိခဲ့ရေပမယ့္လည္း ဒီအင္တာဗ်ဴးထဲမွာေတာ့ သူမဟာ ဘယ္ဇာတ္ဝင္ခန္းကို ျပန္လည္မ႐ိုက္ခဲ့ရပါဘူးလို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

photo via screenrant

Gal Gadot ေျပာခဲ့တဲ့ စကားအျပည့္အစုံကေတာ့ ” မဟုတ္ပါဘူး။ ကြၽန္မဘာကိုမွ ျပန္မ႐ိုက္ခဲ့ရပါဘူး။ အဲ့ဒါေၾကာင့္ပဲ ဘယ္လိုေတြျပန္႐ိုက္ထားလည္း ဆိုတာကိုလည္း မသိပါဘူး။ ဒါေပမယ့္ Snyder Cut ကို‌ ၾကည့္ဖို႔အတြက္ေတာ့ ေစာင့္ေမွ်ာ္ေနပါတယ္ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္။ Gal Gadot ေျပာသြားတဲ့အတိုင္း ဆိုရင္ေတာ့ Snyder Cut အတြက္ ျပန္လည္႐ိုက္ကူးၾကတဲ့အထဲမွာ သူမဟာ အခုခ်ိန္ထိ မပါဝင္ေသးပါဘူးလို႔ သိရပါတယ္။ ဒါေပမယ့္လည္း သူမဟာ ေနာက္ပိုင္းက်မွ ျပန္လည္ပါဝင္လာမွာလား ဒါမွမဟုတ္ လုံးဝကို ျပန္လည္႐ိုက္ကူးတဲ့ အထဲမွာ မပါဝင္တာလား ဆိုတာေတာ့ မေသခ်ာေသးပါဘူး။ အကယ္၍ သူမဟာ ဘယ္ဇာတ္ဝင္ခန္းကိုမွ ျပန္မ႐ိုက္ခဲ့ဘူး ဆိုရင္ေတာင္ Snyder Cut ထဲမွာေတာ့ သူမရဲ႕ဇာတ္ဝင္ခန္းေတြ အေတာ္မ်ားမ်ားကို ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular