HomeCelebs Update NewsInternationalHailey ကြောင့် သီချင်းကောင်းတွေ ဖန်တီးနိုင်ခဲ့တယ်ဆိုတဲ့ Justin Bieber

Hailey ကြောင့် သီချင်းကောင်းတွေ ဖန်တီးနိုင်ခဲ့တယ်ဆိုတဲ့ Justin Bieber

Justin Bieber ကတော့ ပြီးခဲ့တဲ့ နှစ်တွေတလျှောက် တေးသီချင်းကောင်းတွေ ဖန်တီးနိုင်ခဲ့တာဟာ ဇနီးဖြစ်သူ Hailey Bieber က စိတ်ကူးစိတ်သန်းကောင်းတွေ ပံ့ပိုးပေးခဲ့တာကြောင့်လို့ ဆိုလာပါတယ်။

ဒီအကြောင်းကိုတော့ Bieber ဟာ သူ့ရဲ့နောက်ဆုံးထွက် ဆင်ဂယ်လ်သီချင်း Honest ကို promote လုပ်ဖို့ Sirius XM အစီအစဉ်ရဲ့ Pandora NOW မှာ အင်တာဗျူးရင်း ပြောသွားတာ ဖြစ်ပါတယ်။

Photo: justinbieber/ Instagram

“ဘယ်သူ့အတွက်မဆို relationship ဆိုတာဟာ လမ်းကြောင်းတစ်ခုတည်း သတ်မှတ်ပြီး ထိန်းသိမ်းရ ခက်ပါတယ်။ သိတယ်မှတ်လား။ အဲဒါက အကတစ်ခုနဲ့ ပိုတူတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ relationship ကနေလည်း သီချင်းကောင်းတချို့ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော် အရင်ကလည်း ပြောခဲ့ဖူးပါတယ်။ အချစ်ဟာ ဘဝရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ပြီးတော့ အချစ်က ယေဘူယျအားဖြင့် ကျွန်တော့်ဂီတရဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ် …”

“အဲဒီတော့ ပြောရမယ်ဆိုရင် ကျွန်တော် အရင်ဆုံး နေထိုင်ထားဖူးတဲ့ ပုံစံအနေအထားတစ်ခုကိုပဲ ကျွန်‌တော် သီချင်းဆိုလေ့ ရှိပါတယ်။ အဲဒါက ကျွန်တော့်အတွက် အရေးကြီးပါတယ်။ ဒီမနက်ခင်းတင်ပဲ Hailey ကို ကျွန်တော် စကားပြောခဲ့သေးတယ်။ ပြောရမယ်ဆိုရင် ဘယ်အရာထက်မဆို သူက ကျွန်တော့်အတွက် အရေးကြီးဆုံးပါပဲ။ အဲဒီတော့ သူနဲ့ စိတ်ရောကိုယ်ရော တထပ်တည်း တူညီနေဖို့ကသာ အဓိကပါပဲ …” လို့ ဆိုပြီး ဇနီးဖြစ်သူ Hailey က သူ့အတွက် ဘယ်လောက် အရေးကြီးကြောင်း ပြောထားပါတယ်။

Photo: justinbieber/ Instagram

ဒါ့အပြင် အဆိုပါ အင်တာဗျူးမှာပဲ ပရောဂျက်အသစ်တွေ လုပ်နေတဲ့အကြောင်းကိုလည်း အရိပ်အမြွက် ပြောသွားပါသေးတယ်။ “အခုလောလောဆယ် ကျွန်တော်တို့ ပရောဂျက်တစ်ခု လုပ်နေပါတယ်။ အဲဒါက ပြီးတော့မယ်ဆိုတော့ ဘယ်အချိန်မှာ ထွက်ရင်ကောင်းမလည်းဆိုတာ ကျွန်တော်တို့ စဉ်းစားနေကြပါတယ်။ ပြောရရင်တော့ ကျွန်တော် သီချင်းတွေ လုပ်နေပါတယ်ပေါ့။ အဲဒါကတော့ မလုပ်ဘဲနဲ့ကို မနေနိုင်တဲ့အရာပါ။ ကျွန်တော့်ရဲ့ အစိတ်အပိုင်းတစ်ခုလိုပါပဲ။ အဲဒီတော့ ကျွန်တော် ရှင်သန်နေသေးသရွေ့ သီချင်းအသစ်တွေ လုပ်သွားဦးမှာပါ …” လို့ Bieber က ပရောဂျက်အသစ်အကြောင်း ပြောထားပါသေးတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular