HomeCelebs Update NewsInternationalလွန်ခဲ့တဲ့(၇)နှစ်က အဖမ်းခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် ပြန်လည်ရင်ဖွင့်လာတဲ့ Justin Bieber 

လွန်ခဲ့တဲ့(၇)နှစ်က အဖမ်းခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် ပြန်လည်ရင်ဖွင့်လာတဲ့ Justin Bieber 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပေါ့ပ်စတား Justin Bieber ဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်တုန်းက အရက်မူးပြီး ကားမောင်းခဲ့မိတာကြောင့် အဖမ်းခံခဲ့ရဖူးပါတယ်။ အဲ့ဒီ့အချိန်က ဖြစ်ရပ်ကို ပြန်ပြောင်းသတိရပြီး အဆိုပါကာလက သူ့ရဲ့စိတ်ခံစားချက်တွေကို ပြန်လည်ရင်ဖွင့်ခဲ့ပါတယ်။

Justin Bieber ဟာ အတိတ်က ဖြစ်ရပ်ကို အမှတ်ရပြီး သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ပြန်လည်ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်က သူဟာ မပျော်ရွှင်ရတဲ့အချိန်ဖြစ်ပြီး လှည့်စားခံရလို့ ဒေါသတွေထွက်နေတဲ့အချိန်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ့ကာလက သူ့ရဲ့အမှားတစ်ခုကို ယနေ့အချိန်မှာ ပြန်လည်ဆင်ခြင်မိပြီး အဖမ်းခံခဲ့ရတဲ့ ပုံကိုပါ ပူးတွဲဖော်ပြထားတာ ဖြစ်ပါတယ်။

Photo: justinbieber/ Instagram

ဖြစ်ပုံကတော့ ၂၀၁၄ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့တုန်းက မိုင်ယာမီကမ်းခြေမှာ အရက်မူးပြီး ကားမောင်းမိလို့ ရဲတွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ JB ကတော့ အဲ့ဒီအချိန်က သူ့ရဲ့ပုံစံဟာ လူတစ်ယောက်အနေနဲ့ ဂုဏ်ယူနိုင်တဲ့အချိန်တော့ မဟုတ်ခဲ့ဘူးလို့ ဆိုထားပါတယ်။

“လွန်ခဲ့တဲ့ (၇)ခုနှစ်က ဒီလိုနေ့မှာ ကျွန်တော် အဖမ်းခံခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံးအချိန်တွေတော့ မဟုတ်ခဲ့ဘူးပေါ့ဗျာ။ အဲ့ဒီအချိန်က ကျွန်တော်ဖြစ်နေတဲ့ပုံကိုလည်း ဂုဏ်မယူနိုင်ခဲ့ပါဘူး။ အဲ့ဒီအချိန်က ကျွန်တော်ဟာ နာကျင်နေခဲ့ရတာပါ။ ပျော်လည်း မပျော်နိုင်ဘူး။ စိတ်တွေ ရှုပ်ထွေးပြီး ဒေါသတွေ ထွက်တယ်။ လှည့်စားတာတွေလည်း ခံခဲ့ရတာပေါ့။ လူတွေရဲ့ အထင်အမြင် လွဲမှားမှုတွေကိုလည်း ခံခဲ့ရတယ်။ ဘုရားသခင်ကိုတောင် ဒေါသပြန်ထွက်မိခဲ့တဲ့ အချိန်တွေပါပဲ … ” လို့ JB က အဆိုပါပို့စ်မှာ ဖွင့်ဟထားပါတယ်။

Photo: justinbieber/ Instagram

ဆက်လက်ပြီး “အဲ့ဒီတုန်းက လူတစ်ယောက်အတွက်ဆိုပြီး မိုင်ယာမီမှာ လည်သာတွေချည်းပဲ ဝတ်စားထားခဲ့တဲ့ အချိန်ပေါ့။ ခုတော့ ဒါတွေအားလုံးဟာ ဘုရားသခင်အနေနဲ့ ကျွန်တော့်ကို ခရီးအဝေးကြီးထိ ခေါ်ဆောင်လာဖို့ ရည်ရွယ်ခဲ့တာလို့ပဲ ပြောရမှာပါ။ အဲ့ဒီအဖြစ်အပျက် ပြီးသွားတုန်းကရော အခုထိရော ကျွန်တော် နားလည်လိုက်တာ တစ်ခုရှိတယ်။ ဘုရားသခင်ဟာ အရင်တုန်းကလိုပဲ အခုထိလည်း ကျွန်တော့်အနားမှာ ရှိနေတယ်။ အဲ့တော့ ကျွန်တော် ခင်ဗျားတို့ကို အားပေးချင်တာကတော့ ကိုယ့်ရဲ့အတိတ်ကို ပြန်ကြည့်ပြီး ဘုရားသခင်ဟာ ဘယ်လောက်ဝေးဝေးထိ ခင်ဗျားကို ခေါ်ဆောင်လာခဲ့လည်းဆိုတာ သတိရပေးဖို့ပါပဲ … ” လို့ ဆိုထားပါတယ်။

Photo: justinbieber/ Instagram

“ရှက်ရွံ့ခြင်းတရားက သင့်ရဲ့ လက်ရှိအချိန်ကို ဖျက်ဆီးတာ မခံလိုက်ပါနဲ့။ သခင်ယေရှုရဲ့ ခွင့်လွှတ်မှုနဲ့ ဘုရားသခင်က သင့်ဘဝအတွက် စီမံပေးထားတဲ့ အစီအစဉ်တွေ ပွင့်ဖူးလာတာကို စောင့်ကြည့်လိုက်ပါ … ” လို့ ဖွင့်ဟထားပါတယ်။

JB ဟာ လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းက မီယာမီကမ်းခြေမှာ အဝါရောင် လမ်ဘိုဂီနီကားနဲ့ အရှိန်ကျော်လွန် မောင်းနှင်ခဲ့ပြီး ယမကာမှီဝဲမှု စစ်ဆေးရာမှာ မအောင်မြင်ခဲ့ပါဘူး။ ရလဒ်အနေနဲ့ အရက်မူးပြီး ကားမောင်းတဲ့အမှု၊ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခုခံမှုတို့နဲ့ အရေးယူခံခဲ့ရပြီး ယာဉ်မောင်းလိုင်စင်လည်း ဆိုင်းငံ့ခံခဲ့ရပါတယ်။

Photo: justinbieber/ Instagram

သို့ပေမယ့် JB ဟာ မဆင်မခြင် ယာဉ်မောင်းနှင်မိကြောင်း အပြစ်ဝန်ခံပြီး အယူခံဝင်ခဲ့တဲ့အတွက် အကျဉ်းကျခံရခြင်းတော့ မရှိခဲ့ပါဘူး။ အဲ့ဒီအစား ပရဟိတတွေကို လှူဒါန်းခဲ့ရပြီး ဒေါသကို ထိန်းသိမ်းနိုင်ဖို့ စိတ်ကျန်းမာရေး လေ့ကျင့်ခန်းတွေကို တက်ရောက်သင်ယူခဲ့ရပါတယ်။

Linda December

Source: indian express

(Zawgyi Version)

ေပါ့ပ္စတား Justin Bieber ဟာ လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္တုန္းက အရက္မူးၿပီး ကားေမာင္းခဲ့မိတာေၾကာင့္ အဖမ္းခံခဲ့ရဖူးပါတယ္။ အဲ့ဒီ့အခ်ိန္က ျဖစ္ရပ္ကို ျပန္ေျပာင္းသတိရၿပီး အဆိုပါကာလက သူ႔ရဲ႕စိတ္ခံစားခ်က္ေတြကို ျပန္လည္ရင္ဖြင့္ခဲ့ပါတယ္။

Justin Bieber ဟာ အတိတ္က ျဖစ္ရပ္ကို အမွတ္ရၿပီး သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ ျပန္လည္ေဝမွ်ေပးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္က သူဟာ မေပ်ာ္႐ႊင္ရတဲ့အခ်ိန္ျဖစ္ၿပီး လွည့္စားခံရလို႔ ေဒါသေတြထြက္ေနတဲ့အခ်ိန္လည္း ျဖစ္တယ္လို႔ ဆိုပါတယ္။ အဲ့ဒီ့ကာလက သူ႔ရဲ႕အမွားတစ္ခုကို ယေန႔အခ်ိန္မွာ ျပန္လည္ဆင္ျခင္မိၿပီး အဖမ္းခံခဲ့ရတဲ့ ပုံကိုပါ ပူးတြဲေဖာ္ျပထားတာ ျဖစ္ပါတယ္။

Photo: justinbieber/ Instagram

ျဖစ္ပုံကေတာ့ ၂၀၁၄ခုႏွစ္ ဇန္နဝါရီလ (၂၄)ရက္ေန႔တုန္းက မိုင္ယာမီကမ္းေျခမွာ အရက္မူးၿပီး ကားေမာင္းမိလို႔ ရဲေတြရဲ႕ ဖမ္းဆီးထိန္းသိမ္းမႈကို ခံခဲ့ရတာ ျဖစ္ပါတယ္။ JB ကေတာ့ အဲ့ဒီအခ်ိန္က သူ႔ရဲ႕ပုံစံဟာ လူတစ္ေယာက္အေနနဲ႔ ဂုဏ္ယူႏိုင္တဲ့အခ်ိန္ေတာ့ မဟုတ္ခဲ့ဘူးလို႔ ဆိုထားပါတယ္။

“လြန္ခဲ့တဲ့ (၇)ခုႏွစ္က ဒီလိုေန႔မွာ ကြၽန္ေတာ္ အဖမ္းခံခဲ့ရပါတယ္။ ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံးအခ်ိန္ေတြေတာ့ မဟုတ္ခဲ့ဘူးေပါ့ဗ်ာ။ အဲ့ဒီအခ်ိန္က ကြၽန္ေတာ္ျဖစ္ေနတဲ့ပုံကိုလည္း ဂုဏ္မယူႏိုင္ခဲ့ပါဘူး။ အဲ့ဒီအခ်ိန္က ကြၽန္ေတာ္ဟာ နာက်င္ေနခဲ့ရတာပါ။ ေပ်ာ္လည္း မေပ်ာ္ႏိုင္ဘူး။ စိတ္ေတြ ရႈပ္ေထြးၿပီး ေဒါသေတြ ထြက္တယ္။ လွည့္စားတာေတြလည္း ခံခဲ့ရတာေပါ့။ လူေတြရဲ႕ အထင္အျမင္ လြဲမွားမႈေတြကိုလည္း ခံခဲ့ရတယ္။ ဘုရားသခင္ကိုေတာင္ ေဒါသျပန္ထြက္မိခဲ့တဲ့ အခ်ိန္ေတြပါပဲ … ” လို႔ JB က အဆိုပါပို႔စ္မွာ ဖြင့္ဟထားပါတယ္။

Photo: justinbieber/ Instagram

ဆက္လက္ၿပီး “အဲ့ဒီတုန္းက လူတစ္ေယာက္အတြက္ဆိုၿပီး မိုင္ယာမီမွာ လည္သာေတြခ်ည္းပဲ ဝတ္စားထားခဲ့တဲ့ အခ်ိန္ေပါ့။ ခုေတာ့ ဒါေတြအားလုံးဟာ ဘုရားသခင္အေနနဲ႔ ကြၽန္ေတာ့္ကို ခရီးအေဝးႀကီးထိ ေခၚေဆာင္လာဖို႔ ရည္႐ြယ္ခဲ့တာလို႔ပဲ ေျပာရမွာပါ။ အဲ့ဒီအျဖစ္အပ်က္ ၿပီးသြားတုန္းကေရာ အခုထိေရာ ကြၽန္ေတာ္ နားလည္လိုက္တာ တစ္ခုရွိတယ္။ ဘုရားသခင္ဟာ အရင္တုန္းကလိုပဲ အခုထိလည္း ကြၽန္ေတာ့္အနားမွာ ရွိေနတယ္။ အဲ့ေတာ့ ကြၽန္ေတာ္ ခင္ဗ်ားတို႔ကို အားေပးခ်င္တာကေတာ့ ကိုယ့္ရဲ႕အတိတ္ကို ျပန္ၾကည့္ၿပီး ဘုရားသခင္ဟာ ဘယ္ေလာက္ေဝးေဝးထိ ခင္ဗ်ားကို ေခၚေဆာင္လာခဲ့လည္းဆိုတာ သတိရေပးဖို႔ပါပဲ … ” လို႔ ဆိုထားပါတယ္။

Photo: justinbieber/ Instagram

“ရွက္႐ြံ႕ျခင္းတရားက သင့္ရဲ႕ လက္ရွိအခ်ိန္ကို ဖ်က္ဆီးတာ မခံလိုက္ပါနဲ႔။ သခင္ေယရႈရဲ႕ ခြင့္လႊတ္မႈနဲ႔ ဘုရားသခင္က သင့္ဘဝအတြက္ စီမံေပးထားတဲ့ အစီအစဥ္ေတြ ပြင့္ဖူးလာတာကို ေစာင့္ၾကည့္လိုက္ပါ … ” လို႔ ဖြင့္ဟထားပါတယ္။

JB ဟာ လြန္ခဲ့တဲ့ ၂၀၁၄ခုႏွစ္တုန္းက မီယာမီကမ္းေျခမွာ အဝါေရာင္ လမ္ဘိုဂီနီကားနဲ႔ အရွိန္ေက်ာ္လြန္ ေမာင္းႏွင္ခဲ့ၿပီး ယမကာမွီဝဲမႈ စစ္ေဆးရာမွာ မေအာင္ျမင္ခဲ့ပါဘူး။ ရလဒ္အေနနဲ႔ အရက္မူးၿပီး ကားေမာင္းတဲ့အမႈ၊ ဖမ္းဆီးထိန္းသိမ္းျခင္းကို ခုခံမႈတို႔နဲ႔ အေရးယူခံခဲ့ရၿပီး ယာဥ္ေမာင္းလိုင္စင္လည္း ဆိုင္းငံ့ခံခဲ့ရပါတယ္။

Photo: justinbieber/ Instagram

သို႔ေပမယ့္ JB ဟာ မဆင္မျခင္ ယာဥ္ေမာင္းႏွင္မိေၾကာင္း အျပစ္ဝန္ခံၿပီး အယူခံဝင္ခဲ့တဲ့အတြက္ အက်ဥ္းက်ခံရျခင္းေတာ့ မရွိခဲ့ပါဘူး။ အဲ့ဒီအစား ပရဟိတေတြကို လႉဒါန္းခဲ့ရၿပီး ေဒါသကို ထိန္းသိမ္းႏိုင္ဖို႔ စိတ္က်န္းမာေရး ေလ့က်င့္ခန္းေတြကို တက္ေရာက္သင္ယူခဲ့ရပါတယ္။

Linda December

Source: indian express

RELATED ARTICLES

Most Popular