HomeCelebs Update NewsInternationalPeaches ဆိုတဲ့အမည်နဲ့ Weed ထုတ်မယ်လို့ ကြေညာလိုက်တဲ့ Justin Bieber 

Peaches ဆိုတဲ့အမည်နဲ့ Weed ထုတ်မယ်လို့ ကြေညာလိုက်တဲ့ Justin Bieber 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အဆိုတော် Justin Bieber ကတော့ စီးပွားရေးတွေ ချဲ့ထွင်လုပ်ကိုင်ရာမှာ ဆေးခြောက်စျေးကွက်ကိုပါ တိုးချဲ့လာပြီ ဖြစ်ပါတယ်။

အသက်(၂၇)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Justin Bieber ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ် အခြေစိုက် Palms ကုမ္ပဏီနဲ့ ပူးပေါင်းကာ ဆေးခြောက်တံဆိပ်သစ်တစ်မျိုးကို ထုတ်လုပ်ရောင်းချဖို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ လိပ်ပြီးသား အသင့်သောက်သုံးနိုင်မယ့် ဒီဆေးခြောက်လိပ်တွေကိုတော့ Peaches လို့ brand အမည်ပေးထားပါတယ်။

Photo: justinbieber/ Instagram

Peaches ဆိုတာကတော့ ယခုနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ Justin ရဲ့ ခြောက်ခွေမြောက် စတူဒီယိုအယ်လ်ဘမ် Justice ထဲက ဆင်ဂယ်လ်သီချင်းတစ်ပုဒ်ရဲ့ အမည်လည်း ဖြစ်ပါတယ်။ ဒီသီချင်းဟာ Justice အယ်လ်ဘမ်ထဲက ငါးပုဒ်မြောက် ဆင်ဂယ်လ် ဖြစ်ပြီး Billboard Hot 100 မှာ ထိပ်ဆုံးကနေ ရပ်တည်ခဲ့ပါသေးတယ်။

ဒီသီချင်းထဲက စာသားအချို့ကလည်း Justin ရဲ့ စီးပွားအသစ်နဲ့ ဆက်စပ်နေပါတယ်။ “I got my Peaches out in Georgia (Oh, Yeah, sh..), I get my weed from California (That’s that sh..)” ဆိုတဲ့ စာသားကို ဒီသီချင်းနားထောင်ဖူးသူတိုင်း သိကြမှာပါ။

Photo: justinbieber/ Instagram

Palms ကုမ္ပဏီကတော့ အသင့်လိပ်ပြီးသား ဆေးခြောက်လိပ်တွေကို အထူးပြုရောင်းချတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပြီး “Chill” ကနေ “Active” အထိ အရသာ၊ မုဒ်အမျိုးမျိုးကို ရောင်းချနေတာလည်း ဖြစ်ပါတယ်။ ခုနှစ်လိပ်ပါဝင်တဲ့ ပါကင်တစ်ခုကို (၃၂)ဒေါ်လာခန့်နဲ့ ရောင်းချနေတယ်လို့လည်း သိရပါတယ်။

ယခု Justin နဲ့ အသစ်ပူးပေါင်း ထုတ်လုပ်လိုက်တဲ့ Peaches ဆေးခြောက်လိပ်တွေက ရရှိလာမယ့် အမြတ်အစွန်းအချို့ကိုတော့ ဆေးခြောက်နဲ့ ပတ်သက်ပြီး လှုပ်ရှားနေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ခွဲဝေလှူဒါန်း ထောက်ပံ့သွားမယ်လို့ သိရပါတယ်။

Photo: justinbieber/ Instagram

ဒီပူးပေါင်းမှုနဲ့အတူ Justin ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်မှာဆိုရင်လည်း Peaches နဲ့ ပတ်သက်တဲ့ အသုံးအဆောင်၊ အဝတ်အထည်တွေကိုပါ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ အဲဒီထဲမှာတော့ “Weed from California” ဆိုတဲ့ စာတန်းပါဝင်တဲ့ bucket hat တွေပါ ပါဝင်တယ်လို့ သိရပါတယ်။

“ကျွန်တော်က Palms ရဲ့ ပရိသတ်တစ်ယောက်ပါ။ ပြီးတော့ ဆေးခြောက်ကို လူတွေ အလွယ်တကူနဲ့ သုံးစွဲလာနိုင်အောင်၊ ဆေးခြောက်ဆိုတာနဲ့ မကောင်းတဲ့အရာကြီးတစ်ခုလို လူတွေအမြင်မှာ မဖြစ်တော့အောင် သူတို့လုပ်ဆောင်နေတာတွေက တကယ် သဘောကျစရာကောင်းပါတယ်။ တချို့လူတွေမှာ သူတို့ရဲ့ စိတ်ကျန်းမာရေးအတွက် ဒါကို သုံးဖို့ လိုတာမျိုးတွေ ရှိတယ်လေ … ” လို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ Bloomberg ကို ပေးပို့တဲ့ ကြေညာချက်မှာ Justin က ပြောထားပါတယ်။

Linda December

Source: people

(Zawgyi Version)

အဆိုေတာ္ Justin Bieber ကေတာ့ စီးပြားေရးေတြ ခ်ဲ႕ထြင္လုပ္ကိုင္ရာမွာ ေဆးေျခာက္ေစ်းကြက္ကိုပါ တိုးခ်ဲ႕လာၿပီ ျဖစ္ပါတယ္။

အသက္(၂၇)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ Justin Bieber ဟာ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိစ္ အေျခစိုက္ Palms ကုမၸဏီနဲ႔ ပူးေပါင္းကာ ေဆးေျခာက္တံဆိပ္သစ္တစ္မ်ိဳးကို ထုတ္လုပ္ေရာင္းခ်ဖို႔ ေၾကညာလိုက္တာ ျဖစ္ပါတယ္။ လိပ္ၿပီးသား အသင့္ေသာက္သုံးနိုင္မယ့္ ဒီေဆးေျခာက္လိပ္ေတြကိုေတာ့ Peaches လို႔ brand အမည္ေပးထားပါတယ္။

Photo: justinbieber/ Instagram

Peaches ဆိုတာကေတာ့ ယခုႏွစ္အေစာပိုင္းမွာ ထြက္ရွိခဲ့တဲ့ Justin ရဲ့ ေျခာက္ေခြေျမာက္ စတူဒီယိုအယ္လ္ဘမ္ Justice ထဲက ဆင္ဂယ္လ္သီခ်င္းတစ္ပုဒ္ရဲ့ အမည္လည္း ျဖစ္ပါတယ္။ ဒီသီခ်င္းဟာ Justice အယ္လ္ဘမ္ထဲက ငါးပုဒ္ေျမာက္ ဆင္ဂယ္လ္ ျဖစ္ၿပီး Billboard Hot 100 မွာ ထိပ္ဆုံးကေန ရပ္တည္ခဲ့ပါေသးတယ္။

ဒီသီခ်င္းထဲက စာသားအခ်ိဳ႕ကလည္း Justin ရဲ့ စီးပြားအသစ္နဲ႔ ဆက္စပ္ေနပါတယ္။ “I got my Peaches out in Georgia (Oh, Yeah, sh..), I get my weed from California (That’s that sh..)” ဆိုတဲ့ စာသားကို ဒီသီခ်င္းနားေထာင္ဖူးသူတိုင္း သိၾကမွာပါ။

Photo: justinbieber/ Instagram

Palms ကုမၸဏီကေတာ့ အသင့္လိပ္ၿပီးသား ေဆးေျခာက္လိပ္ေတြကို အထူးျပဳေရာင္းခ်တဲ့ ကုမၸဏီတစ္ခု ျဖစ္ၿပီး “Chill” ကေန “Active” အထိ အရသာ၊ မုဒ္အမ်ိဳးမ်ိဳးကို ေရာင္းခ်ေနတာလည္း ျဖစ္ပါတယ္။ ခုႏွစ္လိပ္ပါဝင္တဲ့ ပါကင္တစ္ခုကို (၃၂)ေဒၚလာခန႔္နဲ႔ ေရာင္းခ်ေနတယ္လို႔လည္း သိရပါတယ္။

ယခု Justin နဲ႔ အသစ္ပူးေပါင္း ထုတ္လုပ္လိုက္တဲ့ Peaches ေဆးေျခာက္လိပ္ေတြက ရရွိလာမယ့္ အျမတ္အစြန္းအခ်ိဳ႕ကိုေတာ့ ေဆးေျခာက္နဲ႔ ပတ္သက္ၿပီး လွုပ္ရွားေနၾကတဲ့ အရပ္ဖက္အဖြဲ႕အစည္းေတြကို ခြဲေဝလွူဒါန္း ေထာက္ပံ့သြားမယ္လို႔ သိရပါတယ္။

Photo: justinbieber/ Instagram

ဒီပူးေပါင္းမွုနဲ႔အတူ Justin ရဲ့ ကိုယ္ပိုင္ဝက္ဘ္ဆိုဒ္မွာဆိုရင္လည္း Peaches နဲ႔ ပတ္သက္တဲ့ အသုံးအေဆာင္၊ အဝတ္အထည္ေတြကိုပါ ေရာင္းခ်ေပးေနတာ ျဖစ္ပါတယ္။ အဲဒီထဲမွာေတာ့ “Weed from California” ဆိုတဲ့ စာတန္းပါဝင္တဲ့ bucket hat ေတြပါ ပါဝင္တယ္လို႔ သိရပါတယ္။

“ကၽြန္ေတာ္က Palms ရဲ့ ပရိသတ္တစ္ေယာက္ပါ။ ၿပီးေတာ့ ေဆးေျခာက္ကို လူေတြ အလြယ္တကူနဲ႔ သုံးစြဲလာနိုင္ေအာင္၊ ေဆးေျခာက္ဆိုတာနဲ႔ မေကာင္းတဲ့အရာႀကီးတစ္ခုလို လူေတြအျမင္မွာ မျဖစ္ေတာ့ေအာင္ သူတို႔လုပ္ေဆာင္ေနတာေတြက တကယ္ သေဘာက်စရာေကာင္းပါတယ္။ တခ်ိဳ႕လူေတြမွာ သူတို႔ရဲ့ စိတ္က်န္းမာေရးအတြက္ ဒါကို သုံးဖို႔ လိုတာမ်ိဳးေတြ ရွိတယ္ေလ … ” လို႔ ၿပီးခဲ့တဲ့ တနလၤာေန႔မွာ Bloomberg ကို ေပးပို႔တဲ့ ေၾကညာခ်က္မွာ Justin က ေျပာထားပါတယ္။

Linda December

Source: people

RELATED ARTICLES

Most Popular