HomeCelebs Update NewsInternationalစက္တင္ဘာလကုန္မွာ က်င္းပမယ့္ မဂၤလာဧည့္ခံပြဲအတြက္ စိတ္လႈပ္ရွားေနတဲ့ JB

စက္တင္ဘာလကုန္မွာ က်င္းပမယ့္ မဂၤလာဧည့္ခံပြဲအတြက္ စိတ္လႈပ္ရွားေနတဲ့ JB

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Justin Bieber ဟာ မၾကာခင္မွာ က်င္းပျဖစ္ေတာ့မယ့္ Hailey Baldwin နဲ႔ မဂၤလာဧည့္ခံပြဲအတြက္ အင္မတန္ စိတ္လႈပ္ရွားေနၿပီး ၿပီးျပည့္စုံတဲ့ ေန႔ရက္ေလးျဖစ္ဖို႔ ျပင္ဆင္ရင္း စိတ္ေမာေနတယ္လို႔ သိရပါတယ္။

Justin Bieber နဲ႔ Hailey Baldwin တို႔ဟာ တရားဥပေဒအရ လက္ထပ္ၿပီးၾကၿပီ ျဖစ္ေပမယ့္ မဂၤလာဧည့္ခံပြဲကိုေတာ့ မက်င္းပရေသးပါဘူး။ JB ဟာ မဂၤလာဧည့္ခံပြဲအတြက္ အခ်ိန္အၾကာႀကီး ျပင္ဆင္ထားခဲ့တာေၾကာင့္ ရင္းႏွီးခင္မင္ရတဲ့ ေဆြမ်ိဳးမိတ္သဂၤဟေတြ ေရွ႕ေမွာက္မွာ သူ႔ရဲ႕အခ်စ္ Hailey နဲ႔ မဂၤလာဧည့္ခံပြဲ ဆင္ႏႊဲဖို႔ အင္မတန္မွ စိတ္ေတြေစာကာ ဗ်ာမ်ားေနတယ္လို႔ သိရပါတယ္။

https://www.instagram.com/p/B1RfZ2rnKia/

အသက္(၂၅)ႏွစ္အရြယ္ရိွ JB နဲ႔ အသက္(၂၂)ႏွစ္အရြယ္ရိွ Hailey တို႔ဟာ လာမယ့္ စက္တင္ဘာလ(၃၀)ရက္ေန႔မွာ မဂၤလာဧည့္ခံပြဲက်င္းပသြားဖို႔ စီစဥ္ထားၾကတယ္လို႔ သိရပါတယ္။ JB တို႔နဲ႔ ရင္းႏွီးတဲ့ အတြင္းသတင္းတစ္ခုရဲ႕ အဆိုအရ “JB ဟာ Hailey ကို တုန္ေနေအာင္ ခ်စ္တာေၾကာင့္ ဘယ္သူတစ္ဦးတစ္ေယာက္ကမွ သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္ကို မဖ်က္ဆီးႏိုင္ဘူးဆိုတာ သက္ေသျပခ်င္ေနတာပါ” လို႔ သိရပါတယ္။

https://www.instagram.com/p/BzAGqcOHRdB/

အ့ဲဒီ့ေန႔ရက္ေလး ေရာက္တဲ့အခါ ဘုရားသခင္နဲ႔ ေဆြမ်ိဳးမိတ္ေဆြေတြအားလုံးေရွ႕မွာ ကတိသစၥာျပဳၾကမွာျဖစ္ၿပီး ပြဲအခမ္းအနား၊ ပုံစံအားလုံးကို Hailey  လိုခ်င္တဲ့ အေနအထားျဖစ္ေအာင္ အတတ္ႏိုင္ဆုံး ၿပီးျပည့္စုံေနေအာင္ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။ JB တစ္ေယာက္ ဒီလို ေယာက္ယတ္ခတ္ေနတာကို Hailey ကလည္း နားလည္ၿပီး ေက်နပ္ေပ်ာ္ရႊင္ေနတယ္လို႔ ဆိုပါတယ္။ “Hailey အေနနဲ႔ကေတာ့ ပြဲအတြက္ အဆင္သင့္ပါပဲ။ ႏွစ္ေယာက္လုံးက တစ္ေယာက္နဲ႔တစ္ေယာက္ ပိုင္ဆိုင္ၿပီးသားျဖစ္တဲ့အတြက္ အားလုံးဟာ ျပည့္စုံေနၿပီးသားလို႔ သူမကေတာ့ သေဘာထားပါတယ္။ မဂၤလာပြဲက်င္းပမယ့္ေန႔ေလးကေတာ့ သူတို႔ႏွစ္ေယာက္လုံးရဲ႕ ဘ၀မွာ အေကာင္းဆုံးေန႔တစ္ေန႔ ျဖစ္မွာေပါ့။ အခုအခ်ိန္ကေတာ့ ႏွစ္ေယာက္စလုံးအတြက္ စိတ္လႈပ္ရွားေနၾကတဲ့ အခ်ိန္ပါပဲ။ အင္မတန္မွ ေမွာ္ဆန္ပါတယ္” လို႔ အတြင္းသတင္းက ဆိုပါတယ္။

https://www.instagram.com/p/Bzt23oVHYLd/

JB ဟာ Hailey ကို ၂၀၁၈ခုႏွစ္ ဇူလိုင္လက ဘဟားမားစ္မွာ လက္ထပ္ခြင့္ေတာင္းခဲ့ၿပီး အဲ့ဒီ့ႏွစ္ စက္တင္ဘာလ(၁၃)ရက္ေန႔မွာပဲ နယူးေယာက္ၿမိဳ႕ တရားရုံးမွာ တရား၀င္ လက္ထပ္မွတ္ပုံတင္ခဲ့တာ ျဖစ္ပါတယ္။ ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ မဂၤလာပြဲအတြက္ အခ်ိန္တစ္ႏွစ္ေလာက္ၾကာေအာင္ ျပင္ဆင္ေနခဲ့ၾကၿပီး အခုေနာက္ဆုံးမွာေတာ့ စက္တင္ဘာလ(၃၀)ရက္ေန႔မွာ မဂၤလာပြဲက်င္းပဖို႔ သတ္မွတ္ထားၾကကာ ေနရာကိုေတာ့ South Carolina ကို ေရြးထားတယ္လို႔ သိရပါတယ္။

Xei

Source: hollywoodlife

(Unicode Version)

Justin Bieber ဟာ မကြာခင်မှာ ကျင်းပဖြစ်တော့မယ့် Hailey Baldwin နဲ့ မင်္ဂလာဧည့်ခံပွဲအတွက် အင်မတန် စိတ်လှုပ်ရှားနေပြီး ပြီးပြည့်စုံတဲ့ နေ့ရက်လေးဖြစ်ဖို့ ပြင်ဆင်ရင်း စိတ်မောနေတယ်လို့ သိရပါတယ်။

Justin Bieber နဲ့ Hailey Baldwin တို့ဟာ တရားဥပဒေအရ လက်ထပ်ပြီးကြပြီ ဖြစ်ပေမယ့် မင်္ဂလာဧည့်ခံပွဲကိုတော့ မကျင်းပရသေးပါဘူး။ JB ဟာ မင်္ဂလာဧည့်ခံပွဲအတွက် အချိန်အကြာကြီး ပြင်ဆင်ထားခဲ့တာကြောင့် ရင်းနှီးခင်မင်ရတဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေ ရှေ့မှောက်မှာ သူ့ရဲ့အချစ် Hailey နဲ့ မင်္ဂလာဧည့်ခံပွဲ ဆင်နွှဲဖို့ အင်မတန်မှ စိတ်တွေစောကာ ဗျာများနေတယ်လို့ သိရပါတယ်။

https://www.instagram.com/p/B1RfZ2rnKia/

အသက်(၂၅)နှစ်အရွယ်ရှိ JB နဲ့ အသက်(၂၂)နှစ်အရွယ်ရှိ Hailey တို့ဟာ လာမယ့် စက်တင်ဘာလ(၃၀)ရက်နေ့မှာ မင်္ဂလာဧည့်ခံပွဲကျင်းပသွားဖို့ စီစဉ်ထားကြတယ်လို့ သိရပါတယ်။ JB တို့နဲ့ ရင်းနှီးတဲ့ အတွင်းသတင်းတစ်ခုရဲ့ အဆိုအရ “JB ဟာ Hailey ကို တုန်နေအောင် ချစ်တာကြောင့် ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့နှစ်ယောက်ရဲ့အချစ်ကို မဖျက်ဆီးနိုင်ဘူးဆိုတာ သက်သေပြချင်နေတာပါ” လို့ သိရပါတယ်။

https://www.instagram.com/p/BzAGqcOHRdB/

အဲ့ဒီ့နေ့ရက်လေး ရောက်တဲ့အခါ ဘုရားသခင်နဲ့ ဆွေမျိုးမိတ်ဆွေတွေအားလုံးရှေ့မှာ ကတိသစ္စာပြုကြမှာဖြစ်ပြီး ပွဲအခမ်းအနား၊ ပုံစံအားလုံးကို Hailey  လိုချင်တဲ့ အနေအထားဖြစ်အောင် အတတ်နိုင်ဆုံး ပြီးပြည့်စုံနေအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ JB တစ်ယောက် ဒီလို ယောက်ယတ်ခတ်နေတာကို Hailey ကလည်း နားလည်ပြီး ကျေနပ်ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။ “Hailey အနေနဲ့ကတော့ ပွဲအတွက် အဆင်သင့်ပါပဲ။ နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်ပြီးသားဖြစ်တဲ့အတွက် အားလုံးဟာ ပြည့်စုံနေပြီးသားလို့ သူမကတော့ သဘောထားပါတယ်။ မင်္ဂလာပွဲကျင်းပမယ့်နေ့လေးကတော့ သူတို့နှစ်ယောက်လုံးရဲ့ ဘဝမှာ အကောင်းဆုံးနေ့တစ်နေ့ ဖြစ်မှာပေါ့။ အခုအချိန်ကတော့ နှစ်ယောက်စလုံးအတွက် စိတ်လှုပ်ရှားနေကြတဲ့ အချိန်ပါပဲ။ အင်မတန်မှ မှော်ဆန်ပါတယ်” လို့ အတွင်းသတင်းက ဆိုပါတယ်။

https://www.instagram.com/p/Bzt23oVHYLd/

JB ဟာ Hailey ကို ၂၀၁၈ခုနှစ် ဇူလိုင်လက ဘဟားမားစ်မှာ လက်ထပ်ခွင့်တောင်းခဲ့ပြီး အဲ့ဒီ့နှစ် စက်တင်ဘာလ(၁၃)ရက်နေ့မှာပဲ နယူးယောက်မြို့ တရားရုံးမှာ တရားဝင် လက်ထပ်မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်ဟာ မင်္ဂလာပွဲအတွက် အချိန်တစ်နှစ်လောက်ကြာအောင် ပြင်ဆင်နေခဲ့ကြပြီး အခုနောက်ဆုံးမှာတော့ စက်တင်ဘာလ(၃၀)ရက်နေ့မှာ မင်္ဂလာပွဲကျင်းပဖို့ သတ်မှတ်ထားကြကာ နေရာကိုတော့ South Carolina ကို ရွေးထားတယ်လို့ သိရပါတယ်။

Xei

Source: hollywoodlife

RELATED ARTICLES

Most Popular