HomeCelebs Update NewsInternationalJB ကို ဒရစ်ပိုက်တန်းလန်းနဲ့ တွေ့လိုက်ရလို့ ပရိသတ်အများအပြား စိတ်ပူနေကြ

JB ကို ဒရစ်ပိုက်တန်းလန်းနဲ့ တွေ့လိုက်ရလို့ ပရိသတ်အများအပြား စိတ်ပူနေကြ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။






LaNina

Source: hollywoodlife

(Unicode Version)

Justin Bieber တစ်ယောက် နေကောင်းကျန်းမာမှ ရှိပါရဲ့လား။ ဒါဟာ လက်ရှိ ပရိသတ်တွေ သိချင်နေတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ JB ကို အယ်လ်အေမြို့လယ်ခေါင်မှာ ဒရစ်ပိုက်တန်းလန်းနဲ့ တွေ့လိုက်ရတဲ့အတွက် ပရိသတ်အချို့ဟာ JB ရဲ့ကျန်းမာရေးကို စိတ်ပူနေကြတာ ဖြစ်ပါတယ်။

စက်တင်ဘာလ(၁၈)ရက်နေ့က အယ်လ်အေမြို့ထဲမှာ ဒရစ်ပိုက်ကြီးတန်းလန်းနဲ့ JB ကို တွေ့လိုက်ကြရတာ ဖြစ်ပါတယ်။ ဒရစ်ပုလင်းကို သယ်ထားတဲ့ အိတ်ကလေးကို လွယ်ထားပြီး သူ့ဘေးမှာတော့ သက်တော်စောင့်တစ်ယောက် ပါလာတာကို တွေ့ရပါတယ်။ ဒါဟာ သာမန်ဆေးစစ်တာမျိုးပဲ ဖြစ်ပါစေလို့ ပရိသတ်တွေကတော့ ဆုတောင်းနေကြပါတယ်။ JB ရဲ့ မျက်နှာသွင်ပြင်ကတော့ လက်မှာ ဒရစ်ပိုက်သွင်းထားရလို့ ပန်းရောင် ပတ်တီးလေး စည်းထားရတာက လွဲလို့ ရွှင်ရွှင်လန်းလန်းပါပဲ။

Photo Credit: hollywoodlife
Photo Credit: hollywoodlife

ဒီဓာတ်ပုံထွက်လာခဲ့တာကြောင့် Twitter မှာတော့ ဂယက်တွေ ရိုက်ကုန်ကြပါတယ်။ တစ်ချို့ပရိသတ်တွေဟာ JB ရဲ့ကျန်းမာရေးကို စိတ်ပူနေကြပါတယ်။ တစ်ချို့ပရိသတ်တွေကတော့ ဒါဟာ အခုနောက်ပိုင်း ခေတ်စားနေတဲ့ ကုသမှုတစ်မျိုးဖြစ်ပြီး ဗီတာမင်လို၊ ရေဓာတ်ဖြည့်အားဆေးလို အားဆေးအရည်တွေကို ဒရစ်နဲ့ချိတ်ပြီး သွင်းတာဖြစ်တယ်လို့လည်း ပြောပြထားကြတာ တွေ့ရပါတယ်။

ဒီမတိုင်ခင် အရှေ့ပိုင်းရက်တွေကို ပြန်ကြည့်မယ်ဆိုရင်တော့ စက်တင်ဘာလ(၁၃)ရက်နေ့ကမှ ဇနီးသည် Hailey Baldwin နဲ့ အိမ်ထောင်သက် တစ်နှစ်ပြည့် အထိမ်းအမှတ်လေးကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြတာ တွေ့ကြရမှာပါ။ ဒီအကြောင်းကိုတော့ Hailey က သူမရဲ့ Instagram story မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေးမှာလည်း အဆင်ပြေ ပျော်ရွှင်နေပုံပေါက်တဲ့အတွက် JB တစ်ယောက် ကြီးကြီးကျယ်ကျယ် နာဖျားတာမျိုး မဟုတ်ဘဲ ပုံမှန် ဆေးကုသမှုခံယူတာမျိုးသာ ဖြစ်စေဖို့ ဆုတောင်းရင်း …။

LaNina

Source: hollywoodlife

 

RELATED ARTICLES

Most Popular