HomeEntertainmentFilm၂၀၂၃ မှာ ထွက်ရှိလာမယ့် John Wick ရဲ့ prequel ဇာတ်လမ်းတွဲ The Continental

၂၀၂၃ မှာ ထွက်ရှိလာမယ့် John Wick ရဲ့ prequel ဇာတ်လမ်းတွဲ The Continental

ပရိသတ်တွေ အလွန်ကြိုက်နှစ်သက်ကြတဲ့ John Wick ရုပ်ရှင်တွေရဲ့ prequel ဇာတ်လမ်းတွဲကတော့ လာမယ့် ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ The Continental လို့ အမည်ရတဲ့ ဒီဇာတ်လမ်းတွဲကိုတော့ NBC ရုပ်သံလိုင်းရဲ့ streaming service ဖြစ်တဲ့ Peacock မှာ ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

Continental ကတော့ John Wick franchise ထဲက အရေးပါတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ Continental ဟာ ဟိုတယ်တစ်ခုဖြစ်ပြီး နယူးယော့ခ်မြို့မှာ တည်ရှိပါတယ်။ ဒီနေရာကတော့ မြေအောက်ဒုစရိုက်သမားတွေနဲ့ လုပ်ကြံရေးသမားတွေရဲ့ ခိုလှုံရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။ အခုထွက်ရှိလာမယ့် ဇာတ်လမ်းတွဲထဲမှာတော့ John Wick ဇာတ်ကားထဲက အဖြစ်အပျက်တွေမတိုင်ခင် အတိတ်ကာလကို ရိုက်ကူး ပြသမှာ ဖြစ်ပါတယ်။

Photo Credit: Lionsgate Films

ဇာတ်လမ်းကတော့ လူငယ်သာ ရှိသေးတဲ့ Winston Scott ဟာ ၁၉၇၅ ခုနှစ်ရဲ့ နယူးယော့ခ်မြို့မှာ Continental ဟိုတယ်ကို စီမံခန့်ခွဲနေပြီး ဒီဟိုတယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ တစ်ဘက်မှာတော့ ချန်ထားရစ်ခဲ့နိုင်ပြီလို့ သူထင်မှတ်နေတဲ့ သူ့ရဲ့အတိတ်ဟာ အနောက်က အရိပ်လို လိုက်လာပါတော့တယ်။

Greg Coolidge နဲ့ Kirk Ward တို့နှစ်ယောက်ကတော့ The Continental ရဲ့ showrunner တွေအဖြစ်ရော၊ ဇာတ်ညွှန်းရေးဆရာတွေအဖြစ်ပါ တာဝန်ယူထားပါတယ်။ Winston Scott ရဲ့ ငယ်ဘဝအဖြစ်ကိုတော့ သရုပ်ဆောင် Colin Woodell က သရုပ်ဆောင်ထားပြီး Charon ရဲ့ငယ်ဘဝအဖြစ် Ayomide Adegun က သရုပ်ဆောင်ထားပါတယ်။

Photo Credit: Lionsgate Films

ဒါ့အပြင် Uncle Charlie အဖြစ် Peter Greene ၊ Cormac အဖြစ် Mel Gibson ၊ Frankie အဖြစ် Ben Robson ၊ Miles အဖြစ် Hubert Point-Du Jour ၊ Lou အဖြစ် Jessica Allain ၊ KD အဖြစ် Mishel Prada နဲ့ Yen အဖြစ် Nhung Kate တို့က ပါဝင်ထားပါတယ်။

အပိုင်းသုံးပိုင်းသာ ပါဝင်မယ့် ဒီအထူးဇာတ်လမ်းတွဲကိုတော့ Book of Eli ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Albert Hughes နဲ့ The Lord of the Rings: The Rings of Power ကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Charlotte Brandstorm တို့က ပူးတွဲရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular