HomeUncategorizedStart-Up များအတွက် Investment နဲ့ အတွေ့အကြုံကောင်း ရရှိစေမယ့် ပြိုင်ပွဲကြီး

Start-Up များအတွက် Investment နဲ့ အတွေ့အကြုံကောင်း ရရှိစေမယ့် ပြိုင်ပွဲကြီး

K-Startup Grand Challenge သည် ကိုရီးယားအစိုးရမှ ကြီးမှူးကျင်းပပြီး ငွေကြေးအားဖြည့်ပေးထားသော  startup လုပ်ငန်းမြင့်တင်ရေး  အစီအစဥ်တစ်ခုဖြစ်ပါသည်။ ဤအစီအစဥ်သည် အရည်အချင်းပြည့်ဝသော စွန့်ဦးတီထွင်သူများနှင့် အလားအလာရှိသော ကမ္ဘာတစ်ဝန်းမှ startup လုပ်ငန်းများကို ကိုရီးယားနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နိုင်ဖို့ ဆွဲဆောင်နိုင်ရန် စီစဥ်ရေးဆွဲထားခြင်းဖြစ်ပါသည်။

၂၀၂၃ K-Startup Grand Challenge ပြိုင်ပွဲကြီး ယခုစတင်ပါပြီ!!

လျှောက်ထားနိုင်သည့်ကာလဧပြီလ ၁၀ရက်မှ မေလ ၁၈ရက်အထိ

K-Startup Grand Challenge Program သည် ပရော်ဖက်ရှင်နယ် accelerator များမှတစ်ဆင့် ကိုရီးယားကုမ္ပဏ္ဏီကြီးများနှင့်အတူ သင် ချက်ချင်းလက်ငင်းစီးပွားရေးလုပ်နိုင်စေမည့် ကမ္ဘာ့အကောင်းဆုံးသော startup လုပ်ငန်းမြင့်တင်ရေးအစီအစဥ်ဖြစ်ပါသည်။ ကိုရီးယားအစိုးရမှ စီစဥ်ပြီး ငွေကြေးအားဖြည့်ပေးထားသည့်အတွက် “ကုန်ကျစရိတ်အားလုံးကျခံပေးထား”သည့် အာရှတိုက်၏ ပထမဆုံးသော ပြိုင်ပွဲမျိုးလည်းဖြစ်ပါသည်။

ဤအစီအစဥ်သည် startup အဖွဲ့နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်လာမည့်သူ စုစုပေါင်း ၆၀ အား ပညာရှင်တို့၏ လမ်းညွှန်မှု၊ အလုပ်အတူလုပ်ကိုင်နိုင်မည့်ပတ်ဝန်းကျင်၊ ကိုရီးယားအလုပ်သင်များကူညီမှု၊ ကိုရီးယားနည်းပညာကုမ္ပဏ္ဏီကြီးများနှင့် လက်တွဲနိုင်ခွင့်၊ အာရှနိုင်ငံစျေးကွက်များထဲသို့ ထိုးဖောက်နိုင်ခွင့်၊ ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းများအပြင် အခြားအကျိုးကျေးဇူးများနှင့်အတူ ကိုရီးယားနိုင်ငံတွင် ၃ လခွဲ နေထိုင်ခွင့်ရရှိစေမည်ဖြစ်ပါသည်။ ထို့အပြင် startup လုပ်ငန်း ၆၀သည် ထို ၃လခွဲအတွင်း‌ နေထိုင်ရန် တစ်ဖွဲ့လျှင် ထောက်ပံ့ကြေး ဒေါ်လာ ၁၀၈၄၀ ရရှိမည်ဖြစ်ပါသည်။

 

အစီအစဥ်ပြီးဆုံးပြီးနောက် ထိပ်ဆုံး startup အခု ၂၀ သည် တစ်ဖွဲ့လျှင် အပိုထပ်ဆောင်းထောက်ပံ့ကြေး ဒေါ်လာ ၁၀၈၄၀ ကို ၂၀၂၄ခုနှစ်တွင် ပြုလုပ်မည့် နောက်ဆက်တွဲအစီအစဥ်အတွက် ရရှိကြမည်ဖြစ်ပါသည်။ ထို့အပြင် ထိပ်ဆုံး startup ၅ ခုသည် ဒေါ်လာ ၂သိန်း၇သောင်း နှင့် ညီမျှသော ဆုများကိုရရှိမည်ဖြစ်ပြီး ပထမဆုသည် ဒေါ်လာ ၁သိန်း၂သောင်း တန်ဖိုးရှိပါသည်။

လျှောက်ထားရန် သို့မဟုတ် အချက်အလက်များ ထပ်မံသိလိုပါက အောက်ဖော်ပြပါ ကျွန်တော်တို့၏ website ကိုကြည့်ပါ။

https://www.k-startupgc.org

 

စုံစမ်းမေးမြန်းလိုပါက ကျေးဇူးပြု၍ KSGC2023 Supporter SNS channel ကို follow လုပ်ပြီး မက်ဆေ့ချ်ပို့ပေးပါ။
https://www.facebook.com/ksgc2023asia
https://www.linkedin.com/company/ksgc2023asia/

 

 

RELATED ARTICLES

Most Popular