HomeCelebs Update NewsInternationalTaylor Swift နဲ့ ကျောင်းတော်က ရန်စကို ပြန်ဆွလာပြန်တဲ့ Kanye West

Taylor Swift နဲ့ ကျောင်းတော်က ရန်စကို ပြန်ဆွလာပြန်တဲ့ Kanye West

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် rapper Kanye West ဟာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်တဲ့ အဆိုတော် Taylor Swift နဲ့ ရန်စကို ပြန်လည်နှိုးဆွလိုက်ပြန်ပါပြီ။

Twitter ပို့စ်တွေကို စီးရီးလိုက် တောက်လျှောက် တင်လေ့ရှိတဲ့ Kanye West ဟာ သူ့ရဲ့နောက်ဆုံးတင်ထားတဲ့ ပို့စ်တွေထဲကတစ်ခုမှာ ယခင်က နာမည်ကြီးခဲ့ဖူးတဲ့ Taylor Swift နဲ့ ရန်စကို စားမြုံ့ပြန်ထားတာကို တွေ့ရပါတယ်။ Kanye ဟာ အဆိုပါပို့စ်ကို ဩဂုတ်လ(၁၅)ရက်နေ့မှာ တင်ခဲ့တာဖြစ်ပြီး Taylor ကိုသာမက သူ့မိန်းမဖြစ်တဲ့ Kim Kardashian ကိုပါ မသိမသာ စောင်းချိတ်ပြောထားတယ်လို့ အဓိပ္ပာယ်ကောက်နိုင်ပါတယ်။

အဆိုပါပို့စ်မှာတော့ Kanye ဟာ သူ့ရဲ့ ဝိုင်ယိုးမင်းပြည်နယ်က ခြံထဲမှာ ဖမ်းမိခဲ့တဲ့ မြွေတစ်ကောင်ရဲ့ပုံကို တင်ထားပြီး ကပ်ပရှင်မှာတော့ “မြွေပုံ အီမိုဂျီတော့ မသုံးတော့ပါဘူး။ ဘာလို့လည်းဆိုတာ ခင်ဗျားတို့ သိကြတယ်မဟုတ်လား။ ခရစ်ယာန်ဘာသာဝင်တွေဟာ မြွေပုံ အီမိုဂျီ သုံးခွင့်ရှိရဲ့လားဆိုတာ ကျွန်တော်တော့ သေချာမသိဘူးဗျ… ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Photo: kanyewest/ twitter

ဒါဟာ ယခင်က ဖြစ်ခဲ့ဖူးတဲ့ Taylor Swift နဲ့ ပြဿနာကို ရည်ညွှန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။ Kanye ရဲ့သီချင်းထဲမှာ Taylor အကြောင်း ထည့်ဆိုတဲ့ စာသားတွေနဲ့ ပတ်သက်ပြီး Taylor ဆီမှာ ခွင့်တောင်းခဲ့တယ်၊ မတောင်းခဲ့ဘူးဆိုတဲ့ အငြင်းပွားမှုတွေကစပြီး သူတို့ကြားမှာ ရန်ငြှိုးရန်စတွေ ဖြစ်လာခဲ့တာပါ။

အဲ့ဒီ့ရန်ပွဲနဲ့ ပတ်သက်ပြီး ၂၀၁၆ခုနှစ်လောက်မှာ Kanye ရဲ့ ဇနီးသည်ဖြစ်တဲ့ Kim Kardashian ဟာ Taylor ကို စောင်းချိတ်ပြီး Twitter မှာ မြွေပုံ အီမိုဂျီတွေနဲ့ ပို့စ်တင်ခဲ့ဖူးပါတယ်။ Kim တင်ခဲ့တဲ့ပို့စ်ကတော့ “နေပါဦး။ နိုင်ငံတော် မြွေများနေ့တဲ့လား။ ရုံးပိတ်ရက်တွေကလည်း လူတိုင်းအတွက်ကို လုပ်ပေးနေတော့တာပဲ။ ခုခေတ်ရဲ့ အကုန်လုံးကို ပြောချင်တာ… ” လို့ဆိုပြီး မြွေပုံ အီမိုဂျီတွေနဲ့ ရေးထားခဲ့တာ ဖြစ်ပါတယ်။

Photo: privatekanye/ Instagram

Taylor နဲ့ Kanye တို့ဟာ ၂၀၀၉ခုနှစ်လောက်မှာတည်းက သမိုင်းကြောင်း ရှိခဲ့ဖူးပေမယ့် တကယ်တမ်း ပြဿနာစခဲ့တာကတော့ ၂၀၁၆ခုနှစ်မှာ ဖြစ်ခဲ့တဲ့ သီချင်းပြဿနာ ဖြစ်ပါတယ်။ Kanye ရဲ့ ဝေဖန်မှုတွေများခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Famous ဆိုတဲ့ သီချင်းထဲမှာ Taylor Swift အကြောင်းကိုလည်း ရေးသားသီဆိုခဲ့ပြီး သုံးနှုန်းခဲ့တဲ့ သီချင်းစာသားတွေအတွက် ခွင့်ပြုချက်ယူခဲ့ခြင်းအပေါ် အငြင်းပွားမှုတွေ ဖြစ်ခဲ့တာပါ။

အဆိုပါ Famous ဆိုတဲ့သီချင်းထဲမှာတော့ Taylor ကို “ကောင်မ” လို့ ရည်ညွှန်းတာတွေ ပါဝင်ခဲ့ပြီး “အဲ့ဒီ့ကောင်မကို နာမည်ကြီးအောင် ငါလုပ်ပေးခဲ့တာ… ” ဆိုတဲ့ သီချင်းစာသားတွေ ပါဝင်ခဲ့ပါတယ်။ ဒီစာသားတွေနဲ့ ပတ်သက်ပြီး Taylor ဘက်ကတော့ သူမကို အသိပေးခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုပြီး စိတ်ဆိုးခဲ့ပါတယ်။

Photo: privatekanye/ Instagram

အဲ့ဒီ့သီချင်းထွက်ရှိပြီး လအနည်းငယ် အကြာမှာပဲ Kanye ရဲ့ ဇနီးသည် Kim ဟာ Taylor နဲ့ Kanye တို့ပြောထားတဲ့ စကားတွေထဲက အချို့ကို Snapchat ပေါ်မှာ တင်လိုက်ပါတယ်။ အဲ့ဒီ့မှာတင် Famous သီချင်းနဲ့ ပတ်သက်ပြီး Kanye က Taylor ဆီမှာ ခွင့်ပြုချက် တောင်းခံခဲ့ပါလျက် Taylor ဘက်က သပ်သပ်မဲ့ ဒရာမာချိုးတယ်ဆိုပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ လူထုရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။ Taylor ကတော့ ဒီကိစ္စကြောင့် သူမဟာ ဆိုရှယ်မီဒီယာ မသုံးဘဲ တစ်နှစ်လောက် ပုန်းအောင်းနေခဲ့ရတယ်လို့ ဆိုပါတယ်။

သို့ပေမယ့် ၂၀၂၀ခုနှစ် မတ်လမှာတော့ အဲ့ဒီ့ကိစ္စနဲ့ ပတ်သက်တဲ့ နောက်ထပ် သက်သေတစ်ခု ထွက်လာခဲ့ပြီး တောက်လျှောက်ဖြစ်လာခဲ့တဲ့ အငြင်းပွားမှုမှာ Taylor ဘက်က အမှန်ကို ပြောနေခဲ့ကြောင်း သိသာစေခဲ့ပါတယ်။ အဲ့ဒါကတော့ Taylor နဲ့ Kanye တို့ သီချင်းအကြောင်း ပြောဆိုခဲ့တဲ့ ဖုန်းကောလ် အသံဖိုင်ကြီးတစ်ခုလုံးကို ဗွီဒီယိုအဖြစ်နဲ့ ပေါက်ကြားလာခဲ့တာလို့ သိရပါတယ်။

Photo: taylorswift/ Instagram

ပေါက်ကြားလာတဲ့ အသံဖိုင်ထဲမှာတော့ “ဟုတ်ပါပြီ။ အဲ့ဒါဆို စာသားတွေက ရိုင်းတာတွေ ပါမှာလား… ” လို့ Taylor ဘက်က မေးမြန်းတာကို Kanye ဘက်က စာသားရဲ့ ပထမ အစတစ်ကြောင်းကိုသာ ပြောပြထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ သီချင်းရဲ့ music video ထွက်လာတဲ့အခါ Taylor ရဲ့ တွစ်တာအကောင့်မှာ ရှဲပေးဖို့ကိုလည်း Kanye ဘက်က တောင်းဆိုခဲ့ပါသေးတယ်။ Taylor ကတော့ ဒီလိုရှဲပေးလိုက်ရင် မမိုက်တော့ဘဲ ဖြစ်သွားမယ်လို့ ဆိုပြီး ရှဲပေးဖို့ကို ငြင်းဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ မေ့မေ့ပျောက်ပျောက် ဖြစ်နေပြီဖြစ်တဲ့ ပြဿနာကို ပြန်အစဆွဲလိုက်တာ ဖြစ်ပေမယ့် Kanye ဟာ လက်ရှိအချိန်မှာ သမ္မတဝင်အရွေးခံမယ်ဆိုတာကနေ သူ့မိန်းမနဲ့ ကွာရှင်းမယ်ဆိုတာအထိပါ မျိုးစုံ ပို့စ်တွေ တင်နေတာကြောင့် ဘယ်ဟာက တကယ့် ရည်ရွယ်ချက်အစစ်အမှန် ဖြစ်မယ်ဆိုတာ ဝေခွဲရခက်ပါတယ်လို့ ဆိုရင်း … ။

Glasgow

Source: hollywood life

(Zawgyi Version)

နာမည္ေက်ာ္ rapper Kanye West ဟာ ႏွစ္ေပါင္းၾကာျမင့္ခဲ့ၿပီျဖစ္တဲ့ အဆိုေတာ္ Taylor Swift နဲ႔ ရန္စကို ျပန္လည္ႏႈိးဆြလိုက္ျပန္ပါၿပီ။

Twitter ပို႔စ္ေတြကို စီးရီးလိုက္ ေတာက္ေလွ်ာက္ တင္ေလ့ရွိတဲ့ Kanye West ဟာ သူ႔ရဲ႕ေနာက္ဆုံးတင္ထားတဲ့ ပို႔စ္ေတြထဲကတစ္ခုမွာ ယခင္က နာမည္ႀကီးခဲ့ဖူးတဲ့ Taylor Swift နဲ႔ ရန္စကို စားၿမဳံ႕ျပန္ထားတာကို ေတြ႕ရပါတယ္။ Kanye ဟာ အဆိုပါပို႔စ္ကို ဩဂုတ္လ(၁၅)ရက္ေန႔မွာ တင္ခဲ့တာျဖစ္ၿပီး Taylor ကိုသာမက သူ႔မိန္းမျဖစ္တဲ့ Kim Kardashian ကိုပါ မသိမသာ ေစာင္းခ်ိတ္ေျပာထားတယ္လို႔ အဓိပၸာယ္ေကာက္ႏိုင္ပါတယ္။

အဆိုပါပို႔စ္မွာေတာ့ Kanye ဟာ သူ႔ရဲ႕ ဝိုင္ယိုးမင္းျပည္နယ္က ၿခံထဲမွာ ဖမ္းမိခဲ့တဲ့ ေႁမြတစ္ေကာင္ရဲ႕ပုံကို တင္ထားၿပီး ကပ္ပရွင္မွာေတာ့ “ေႁမြပုံ အီမိုဂ်ီေတာ့ မသုံးေတာ့ပါဘူး။ ဘာလို႔လည္းဆိုတာ ခင္ဗ်ားတို႔ သိၾကတယ္မဟုတ္လား။ ခရစ္ယာန္ဘာသာဝင္ေတြဟာ ေႁမြပုံ အီမိုဂ်ီ သုံးခြင့္ရွိရဲ႕လားဆိုတာ ကြၽန္ေတာ္ေတာ့ ေသခ်ာမသိဘူးဗ်… ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။

Photo: kanyewest/ twitter

ဒါဟာ ယခင္က ျဖစ္ခဲ့ဖူးတဲ့ Taylor Swift နဲ႔ ျပႆနာကို ရည္ၫႊန္းေျပာဆိုလိုက္တာ ျဖစ္ပါတယ္။ Kanye ရဲ႕သီခ်င္းထဲမွာ Taylor အေၾကာင္း ထည့္ဆိုတဲ့ စာသားေတြနဲ႔ ပတ္သက္ၿပီး Taylor ဆီမွာ ခြင့္ေတာင္းခဲ့တယ္၊ မေတာင္းခဲ့ဘူးဆိုတဲ့ အျငင္းပြားမႈေတြကစၿပီး သူတို႔ၾကားမွာ ရန္ျငႇိဳးရန္စေတြ ျဖစ္လာခဲ့တာပါ။

အဲ့ဒီ့ရန္ပြဲနဲ႔ ပတ္သက္ၿပီး ၂၀၁၆ခုႏွစ္ေလာက္မွာ Kanye ရဲ႕ ဇနီးသည္ျဖစ္တဲ့ Kim Kardashian ဟာ Taylor ကို ေစာင္းခ်ိတ္ၿပီး Twitter မွာ ေႁမြပုံ အီမိုဂ်ီေတြနဲ႔ ပို႔စ္တင္ခဲ့ဖူးပါတယ္။ Kim တင္ခဲ့တဲ့ပို႔စ္ကေတာ့ “ေနပါဦး။ ႏိုင္ငံေတာ္ ေႁမြမ်ားေန႔တဲ့လား။ ႐ုံးပိတ္ရက္ေတြကလည္း လူတိုင္းအတြက္ကို လုပ္ေပးေနေတာ့တာပဲ။ ခုေခတ္ရဲ႕ အကုန္လုံးကို ေျပာခ်င္တာ… ” လို႔ဆိုၿပီး ေႁမြပုံ အီမိုဂ်ီေတြနဲ႔ ေရးထားခဲ့တာ ျဖစ္ပါတယ္။

Photo: privatekanye/ Instagram

Taylor နဲ႔ Kanye တို႔ဟာ ၂၀၀၉ခုႏွစ္ေလာက္မွာတည္းက သမိုင္းေၾကာင္း ရွိခဲ့ဖူးေပမယ့္ တကယ္တမ္း ျပႆနာစခဲ့တာကေတာ့ ၂၀၁၆ခုႏွစ္မွာ ျဖစ္ခဲ့တဲ့ သီခ်င္းျပႆနာ ျဖစ္ပါတယ္။ Kanye ရဲ႕ ေဝဖန္မႈေတြမ်ားခဲ့တဲ့ သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Famous ဆိုတဲ့ သီခ်င္းထဲမွာ Taylor Swift အေၾကာင္းကိုလည္း ေရးသားသီဆိုခဲ့ၿပီး သုံးႏႈန္းခဲ့တဲ့ သီခ်င္းစာသားေတြအတြက္ ခြင့္ျပဳခ်က္ယူခဲ့ျခင္းအေပၚ အျငင္းပြားမႈေတြ ျဖစ္ခဲ့တာပါ။

အဆိုပါ Famous ဆိုတဲ့သီခ်င္းထဲမွာေတာ့ Taylor ကို “ေကာင္မ” လို႔ ရည္ၫႊန္းတာေတြ ပါဝင္ခဲ့ၿပီး “အဲ့ဒီ့ေကာင္မကို နာမည္ႀကီးေအာင္ ငါလုပ္ေပးခဲ့တာ… ” ဆိုတဲ့ သီခ်င္းစာသားေတြ ပါဝင္ခဲ့ပါတယ္။ ဒီစာသားေတြနဲ႔ ပတ္သက္ၿပီး Taylor ဘက္ကေတာ့ သူမကို အသိေပးခဲ့ျခင္း မရွိခဲ့ဘူးလို႔ ဆိုၿပီး စိတ္ဆိုးခဲ့ပါတယ္။

Photo: privatekanye/ Instagram

အဲ့ဒီ့သီခ်င္းထြက္ရွိၿပီး လအနည္းငယ္ အၾကာမွာပဲ Kanye ရဲ႕ ဇနီးသည္ Kim ဟာ Taylor နဲ႔ Kanye တို႔ေျပာထားတဲ့ စကားေတြထဲက အခ်ိဳ႕ကို Snapchat ေပၚမွာ တင္လိုက္ပါတယ္။ အဲ့ဒီ့မွာတင္ Famous သီခ်င္းနဲ႔ ပတ္သက္ၿပီး Kanye က Taylor ဆီမွာ ခြင့္ျပဳခ်က္ ေတာင္းခံခဲ့ပါလ်က္ Taylor ဘက္က သပ္သပ္မဲ့ ဒရာမာခ်ိဳးတယ္ဆိုၿပီး ဆိုရွယ္မီဒီယာေတြေပၚမွာ လူထုရဲ႕ ျပစ္တင္ေဝဖန္မႈေတြကို ခံခဲ့ရပါတယ္။ Taylor ကေတာ့ ဒီကိစၥေၾကာင့္ သူမဟာ ဆိုရွယ္မီဒီယာ မသုံးဘဲ တစ္ႏွစ္ေလာက္ ပုန္းေအာင္းေနခဲ့ရတယ္လို႔ ဆိုပါတယ္။

သို႔ေပမယ့္ ၂၀၂၀ခုႏွစ္ မတ္လမွာေတာ့ အဲ့ဒီ့ကိစၥနဲ႔ ပတ္သက္တဲ့ ေနာက္ထပ္ သက္ေသတစ္ခု ထြက္လာခဲ့ၿပီး ေတာက္ေလွ်ာက္ျဖစ္လာခဲ့တဲ့ အျငင္းပြားမႈမွာ Taylor ဘက္က အမွန္ကို ေျပာေနခဲ့ေၾကာင္း သိသာေစခဲ့ပါတယ္။ အဲ့ဒါကေတာ့ Taylor နဲ႔ Kanye တို႔ သီခ်င္းအေၾကာင္း ေျပာဆိုခဲ့တဲ့ ဖုန္းေကာလ္ အသံဖိုင္ႀကီးတစ္ခုလုံးကို ဗြီဒီယိုအျဖစ္နဲ႔ ေပါက္ၾကားလာခဲ့တာလို႔ သိရပါတယ္။

Photo: taylorswift/ Instagram

ေပါက္ၾကားလာတဲ့ အသံဖိုင္ထဲမွာေတာ့ “ဟုတ္ပါၿပီ။ အဲ့ဒါဆို စာသားေတြက ႐ိုင္းတာေတြ ပါမွာလား… ” လို႔ Taylor ဘက္က ေမးျမန္းတာကို Kanye ဘက္က စာသားရဲ႕ ပထမ အစတစ္ေၾကာင္းကိုသာ ေျပာျပထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အဆိုပါ သီခ်င္းရဲ႕ music video ထြက္လာတဲ့အခါ Taylor ရဲ႕ တြစ္တာအေကာင့္မွာ ရွဲေပးဖို႔ကိုလည္း Kanye ဘက္က ေတာင္းဆိုခဲ့ပါေသးတယ္။ Taylor ကေတာ့ ဒီလိုရွဲေပးလိုက္ရင္ မမိုက္ေတာ့ဘဲ ျဖစ္သြားမယ္လို႔ ဆိုၿပီး ရွဲေပးဖို႔ကို ျငင္းဆိုခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္ေနၿပီျဖစ္တဲ့ ျပႆနာကို ျပန္အစဆြဲလိုက္တာ ျဖစ္ေပမယ့္ Kanye ဟာ လက္ရွိအခ်ိန္မွာ သမၼတဝင္အေ႐ြးခံမယ္ဆိုတာကေန သူ႔မိန္းမနဲ႔ ကြာရွင္းမယ္ဆိုတာအထိပါ မ်ိဳးစုံ ပို႔စ္ေတြ တင္ေနတာေၾကာင့္ ဘယ္ဟာက တကယ့္ ရည္႐ြယ္ခ်က္အစစ္အမွန္ ျဖစ္မယ္ဆိုတာ ေဝခြဲရခက္ပါတယ္လို႔ ဆိုရင္း … ။

Glasgow

Source: hollywood life

 

 

 

RELATED ARTICLES

Most Popular