HomeCelebs Update NewsInternationalYe လို့ တရားဝင် နာမည်ပြောင်းတော့မယ့် Kanye West 

Ye လို့ တရားဝင် နာမည်ပြောင်းတော့မယ့် Kanye West 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ရက်ပ်ပါ Kanye West ဟာ သူ့ရဲ့ အမည်ကို Ye လို့ တရားဝင် ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။

အသက်(၄၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Kanye ဟာ Kanye Omari West ဆိုတဲ့ သူ့ရဲ့ တရားဝင်အမည်ကို Ye ဆိုပြီး တစ်လုံးတည်း ပြောင်းလဲဖို့ တရားရုံးမှာ လျှောက်ထားလိုက်ပြီလို့ သိရပါတယ်။ နာမည်ပြောင်းလဲဖို့ လျှောက်ထားတဲ့ စာရွက်စာတမ်းတွေထဲမှာတော့ ယခုလို အမည်ပြောင်းလဲရခြင်းဟာ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်ကြောင့်လို့ပဲ ဖော်ပြထားပြီး အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

Photo: kanyethegoatwest/ Instagram

ယခုလျှောက်ထားမှုကို တရားဝင်ဖို့အတွက် ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ တရားသူကြီးတစ်ယောက်က လက်မှတ်ထိုး အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ တကယ်တော့ Kanye ဟာ Ye အယ်လ်ဘမ် ထွက်ပြီးနောက် ၂၀၁၈ခုနှစ်တည်းက သူ့နာမည်ကို Ye လို့ပဲ ပြောင်းတော့မယ်လို့ ပရိသတ်တွေကို အသိပေးပြီးသား ဖြစ်ပါတယ်။

Ye ဆိုတဲ့အမည်ဟာ သူ့ရဲ့ နဂိုအမည် Kanye ရဲ့ အတိုကောက် ဖြစ်ရုံတင် မဟုတ်ဘဲ ဘာသာရေးနဲ့လည်း သက်ဆိုင်နေတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောပြထားဖူးပါတယ်။

Photo via KanyeWest Twitter

“Ye ဆိုတဲ့ စကားလုံးက သမ္မာကျမ်းစာထဲမှာ အသုံးများတဲ့ စကားလုံးတစ်ခုလို့ ကျုပ်ယုံကြည်ပါတယ်။ သမ္မာကျမ်းစာထဲမှာတော့ Ye ဆိုတာ You လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒါကြောင့် ကျုပ်က ခင်ဗျားပဲ။ ကျုပ်က ကျုပ်တို့အားလုံးပဲ။ တစ်ဦးတည်းသောလို့ အဓိပ္ပာယ်ရတဲ့ Kanye ကနေ ကျုပ်တို့အားလုံးရဲ့ ကောင်းမှု၊ ဆိုးမှု၊ တွေဝေရှုပ်ထွေးမှု၊ အရာအားလုံးကို ရောင်ပြန်ဟပ်စေမယ့် Ye ကိုပဲ ပြောင်းလဲလိုက်တာပါ။ ဒီအယ်လ်ဘမ်က ကျုပ်တို့အကြောင်းကို ပြန်မြင်ရမှာထက် ပိုပါတယ် … ” လို့ Ye အယ်လ်ဘမ် ထွက်ရှိတုန်းက အယ်လ်ဘမ်အမည်ကို ရှင်းပြထားဖူးပါတယ်။

ဂီတလှုပ်ရှားမှုအနေနဲ့ကတော့ Kanye ဟာ သူ့ရဲ့ ဆယ်ခွေမြောက် စတူဒီယိုအယ်လ်ဘမ် Donda ကိုတော့ မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

နာမည္ေက်ာ္ ရက္ပ္ပါ Kanye West ဟာ သူ႔ရဲ႕ အမည္ကို Ye လို႔ တရားဝင္ ေျပာင္းလဲေတာ့မွာ ျဖစ္ပါတယ္။

အသက္(၄၄)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Kanye ဟာ Kanye Omari West ဆိုတဲ့ သူ႔ရဲ႕ တရားဝင္အမည္ကို Ye ဆိုၿပီး တစ္လုံးတည္း ေျပာင္းလဲဖို႔ တရား႐ုံးမွာ ေလွ်ာက္ထားလိုက္ၿပီလို႔ သိရပါတယ္။ နာမည္ေျပာင္းလဲဖို႔ ေလွ်ာက္ထားတဲ့ စာ႐ြက္စာတမ္းေတြထဲမွာေတာ့ ယခုလို အမည္ေျပာင္းလဲရျခင္းဟာ ပုဂၢိဳလ္ေရး အေၾကာင္းျပခ်က္ေၾကာင့္လို႔ပဲ ေဖာ္ျပထားၿပီး အေသးစိတ္ကိုေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။

Photo: kanyethegoatwest/ Instagram

ယခုေလွ်ာက္ထားမႈကို တရားဝင္ဖို႔အတြက္ ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ တရားသူႀကီးတစ္ေယာက္က လက္မွတ္ထိုး အတည္ျပဳေပးရမွာ ျဖစ္ပါတယ္။ တကယ္ေတာ့ Kanye ဟာ Ye အယ္လ္ဘမ္ ထြက္ၿပီးေနာက္ ၂၀၁၈ခုႏွစ္တည္းက သူ႔နာမည္ကို Ye လို႔ပဲ ေျပာင္းေတာ့မယ္လို႔ ပရိသတ္ေတြကို အသိေပးၿပီးသား ျဖစ္ပါတယ္။

Ye ဆိုတဲ့အမည္ဟာ သူ႔ရဲ႕ နဂိုအမည္ Kanye ရဲ႕ အတိုေကာက္ ျဖစ္႐ုံတင္ မဟုတ္ဘဲ ဘာသာေရးနဲ႔လည္း သက္ဆိုင္ေနတယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာျပထားဖူးပါတယ္။

Photo via KanyeWest Twitter

“Ye ဆိုတဲ့ စကားလုံးက သမၼာက်မ္းစာထဲမွာ အသုံးမ်ားတဲ့ စကားလုံးတစ္ခုလို႔ က်ဳပ္ယုံၾကည္ပါတယ္။ သမၼာက်မ္းစာထဲမွာေတာ့ Ye ဆိုတာ You လို႔ အဓိပၸာယ္ရပါတယ္။ အဲဒါေၾကာင့္ က်ဳပ္က ခင္ဗ်ားပဲ။ က်ဳပ္က က်ဳပ္တို႔အားလုံးပဲ။ တစ္ဦးတည္းေသာလို႔ အဓိပၸာယ္ရတဲ့ Kanye ကေန က်ဳပ္တို႔အားလုံးရဲ႕ ေကာင္းမႈ၊ ဆိုးမႈ၊ ေတြေဝရႈပ္ေထြးမႈ၊ အရာအားလုံးကို ေရာင္ျပန္ဟပ္ေစမယ့္ Ye ကိုပဲ ေျပာင္းလဲလိုက္တာပါ။ ဒီအယ္လ္ဘမ္က က်ဳပ္တို႔အေၾကာင္းကို ျပန္ျမင္ရမွာထက္ ပိုပါတယ္ … ” လို႔ Ye အယ္လ္ဘမ္ ထြက္ရွိတုန္းက အယ္လ္ဘမ္အမည္ကို ရွင္းျပထားဖူးပါတယ္။

ဂီတလႈပ္ရွားမႈအေနနဲ႔ကေတာ့ Kanye ဟာ သူ႔ရဲ႕ ဆယ္ေခြေျမာက္ စတူဒီယိုအယ္လ္ဘမ္ Donda ကိုေတာ့ မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular