HomeCelebs Update NewsInternationalအယ္လ္ဘမ္သစ္ထြက္မယ္လို႔ ကတိေပးၿပီးမွ မထြက္လာလို႔ Kanye West ကို fan မ်ားစိတ္တိုေနၾက

အယ္လ္ဘမ္သစ္ထြက္မယ္လို႔ ကတိေပးၿပီးမွ မထြက္လာလို႔ Kanye West ကို fan မ်ားစိတ္တိုေနၾက

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Kanye West ကေတာ့ သူ႔ရဲ႕ထုံးစံအတိုင္း လူေတြကို ရင္တမမနဲ႔ စိတ္တိုရေအာင္ လုပ္လိုက္ျပန္ပါၿပီ။ Jesus Is King လို႔ အမည္ေပးထားတဲ့ အယ္လ္ဘမ္သစ္ကို ယေန႔ စက္တင္ဘာလ(၂၇)ရက္ေန႔မွာ ထြက္ရိွလာမယ္လို႔ ကတိေပးထားေပမယ့္ အခုထက္ထိ ဘာအရိပ္အေယာင္မွ မျမင္ရတဲ့အတြက္ ပရိသတ္ေတြက စိတ္တိုေနၾကတာ ျဖစ္ပါတယ္။

အသက္(၄၂)ႏွစ္အရြယ္ ရိွၿပီျဖစ္တဲ့ Kanye ဟာ သူ႔ရဲ႕ကိုးေခြေျမာက္ စတူဒီယိုအယ္လ္ဘမ္ျဖစ္တဲ့ Jesus Is King ကို delay လုပ္လိုက္ျပန္တာ ျဖစ္ပါတယ္။ ဒီအယ္လ္ဘမ္ ထြက္လာဖို႔ကို ပရိသတ္ေတြဟာ တစ္ႏွစ္ေက်ာ္ေလာက္ ေစာင့္ဆိုင္းေနခဲ့ၾကတာျဖစ္ၿပီး ယေန႔ စက္တင္ဘာလ(၂၇)ရက္ေန႔ဟာ အယ္လ္ဘမ္ထြက္ဖို႔ ေျပာထားတဲ့ ေနာက္ဆုံးရက္လည္း ျဖစ္ပါတယ္။ အယ္လ္ဘမ္ထြက္လာမယ့္ အရိပ္အေယာင္ မျမင္ရသည့္တိုင္ေအာင္ အခ်ိဳ႕ေသာ fan ေတြကေတာ့ အခ်ိန္တန္ရင္ ထြက္လာမွာပါဆိုၿပီး ေမွ်ာ္လင့္ေနခဲ့ၾကတာပါ။ သို႔ေပမယ့္ အခ်ိန္လြန္သြားတဲ့အထိ ဘာမွမျဖစ္လာခဲ့တဲ့အခါမွာေတာ့ fan ေတြလည္း စိတ္ေတြဆိုးကုန္ၾကပါတယ္။

Photo: flickr

ဒီကိစၥနဲ႔ ပတ္သက္လို႔ ပရိသတ္ေတြဟာ သူတို႔ရဲ႕ ခံစားခ်က္ေတြကို လူမႈကြန္ယက္ေတြမွာ ေဖာက္ခြဲေနၾကတာကိုလည္း ေတြ႕ရပါတယ္။ အရင္တုန္းက Kanye ဟာ အေခြထြက္မယ္လို႔ ေျပာထားတဲ့ေန႔ကို အတိအက် ထြက္ေပးခဲ့တဲ့လူျဖစ္ေပမယ့္ အခုေနာက္ပိုင္းမွာ ဒီလိုမ်ိဳး delay လုပ္ပစ္တာေတြက ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ရိုက္ခ်ိဳးပစ္တာနဲ႔တူတယ္ဆိုၿပီး စိတ္မေကာင္းျဖစ္ေနၾကသူေတြလည္း ရိွေနပါတယ္။

Photo: flickr

Jesus Is King ဟာ အခ်ိန္မီ ထြက္လာမွာ မဟုတ္မွန္း နယူးေယာ့ခ္တိုင္းမ္စ္ သတင္းစာက သတင္းေထာက္ Joe Coscarelli က ႀကိဳတင္ခန္႔မွန္းထားတဲ့ ပို႔စ္တစ္ခုကို Twitter မွာ စက္တင္ဘာလ(၂၅)ရက္ေန႔ကတည္းက တင္ထားခဲ့တာကိုလည္း ေတြ႕ခဲ့ၾကရပါေသးတယ္။ “Kanye ဆိုေတာ့လည္း ဘာမွေတာ့ အတပ္ေျပာလို႔ မရပါဘူး။ ဒါေပမယ့္ ဒီေလာကထဲက လူအမ်ားစု ေျပာေနၾကတဲ့ စကားသံေတြအရ Jesus Is King ဟာ ေသာၾကာေန႔မွာ ထြက္လာဦးမွာ မဟုတ္ေသးပါဘူး။ Wyoming ကလူေတြက အယ္လ္ဘမ္ထြက္ဖို႔ ၀ိုင္းကူညီေပးလိုက္ရင္ေတာ့ မသိႏိုင္ဘူးေပါ့” ဆိုၿပီး Twitter မွာ တင္ထားခဲ့တာ ျဖစ္ပါတယ္။

Kanye ရဲ႕ ပရိသတ္ေတြ ရင္ခုန္ေစာင့္စားေနရတဲ့ Jesus Is King ဟာ ဘယ္အခ်ိန္မွာ ထြက္လာမလည္းဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

LaNina

Ref: hollywoodlife

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Kanye West ကတော့ သူ့ရဲ့ထုံးစံအတိုင်း လူတွေကို ရင်တမမနဲ့ စိတ်တိုရအောင် လုပ်လိုက်ပြန်ပါပြီ။ Jesus Is King လို့ အမည်ပေးထားတဲ့ အယ်လ်ဘမ်သစ်ကို ယနေ့ စက်တင်ဘာလ(၂၇)ရက်နေ့မှာ ထွက်ရှိလာမယ်လို့ ကတိပေးထားပေမယ့် အခုထက်ထိ ဘာအရိပ်အယောင်မှ မမြင်ရတဲ့အတွက် ပရိသတ်တွေက စိတ်တိုနေကြတာ ဖြစ်ပါတယ်။

အသက်(၄၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Kanye ဟာ သူ့ရဲ့ကိုးခွေမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်တဲ့ Jesus Is King ကို delay လုပ်လိုက်ပြန်တာ ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ် ထွက်လာဖို့ကို ပရိသတ်တွေဟာ တစ်နှစ်ကျော်လောက် စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပြီး ယနေ့ စက်တင်ဘာလ(၂၇)ရက်နေ့ဟာ အယ်လ်ဘမ်ထွက်ဖို့ ပြောထားတဲ့ နောက်ဆုံးရက်လည်း ဖြစ်ပါတယ်။ အယ်လ်ဘမ်ထွက်လာမယ့် အရိပ်အယောင် မမြင်ရသည့်တိုင်အောင် အချို့သော fan တွေကတော့ အချိန်တန်ရင် ထွက်လာမှာပါဆိုပြီး မျှော်လင့်နေခဲ့ကြတာပါ။ သို့ပေမယ့် အချိန်လွန်သွားတဲ့အထိ ဘာမှမဖြစ်လာခဲ့တဲ့အခါမှာတော့ fan တွေလည်း စိတ်တွေဆိုးကုန်ကြပါတယ်။

Photo: flickr

ဒီကိစ္စနဲ့ ပတ်သက်လို့ ပရိသတ်တွေဟာ သူတို့ရဲ့ ခံစားချက်တွေကို လူမှုကွန်ယက်တွေမှာ ဖောက်ခွဲနေကြတာကိုလည်း တွေ့ရပါတယ်။ အရင်တုန်းက Kanye ဟာ အခွေထွက်မယ်လို့ ပြောထားတဲ့နေ့ကို အတိအကျ ထွက်ပေးခဲ့တဲ့လူဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ ဒီလိုမျိုး delay လုပ်ပစ်တာတွေက ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်တာနဲ့တူတယ်ဆိုပြီး စိတ်မကောင်းဖြစ်နေကြသူတွေလည်း ရှိနေပါတယ်။

Photo: flickr

Jesus Is King ဟာ အချိန်မီ ထွက်လာမှာ မဟုတ်မှန်း နယူးယော့ခ်တိုင်းမ်စ် သတင်းစာက သတင်းထောက် Joe Coscarelli က ကြိုတင်ခန့်မှန်းထားတဲ့ ပို့စ်တစ်ခုကို Twitter မှာ စက်တင်ဘာလ(၂၅)ရက်နေ့ကတည်းက တင်ထားခဲ့တာကိုလည်း တွေ့ခဲ့ကြရပါသေးတယ်။ “Kanye ဆိုတော့လည်း ဘာမှတော့ အတပ်ပြောလို့ မရပါဘူး။ ဒါပေမယ့် ဒီလောကထဲက လူအများစု ပြောနေကြတဲ့ စကားသံတွေအရ Jesus Is King ဟာ သောကြာနေ့မှာ ထွက်လာဦးမှာ မဟုတ်သေးပါဘူး။ Wyoming ကလူတွေက အယ်လ်ဘမ်ထွက်ဖို့ ဝိုင်းကူညီပေးလိုက်ရင်တော့ မသိနိုင်ဘူးပေါ့” ဆိုပြီး Twitter မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။

Kanye ရဲ့ ပရိသတ်တွေ ရင်ခုန်စောင့်စားနေရတဲ့ Jesus Is King ဟာ ဘယ်အချိန်မှာ ထွက်လာမလည်းဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

LaNina

Ref: hollywoodlife

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular