HomeCelebs Update NewsInternational၂၀၂၄ခုနှစ်ရဲ့ ရွေးကောက်ပွဲမှာ သမ္မတဝင်ပြိုင်ဖို့ ပြင်ဆင်နေပြီဆိုတဲ့ Kanye West 

၂၀၂၄ခုနှစ်ရဲ့ ရွေးကောက်ပွဲမှာ သမ္မတဝင်ပြိုင်ဖို့ ပြင်ဆင်နေပြီဆိုတဲ့ Kanye West 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Kanye West ဟာ သူ့ရဲ့အကြီးမားဆုံး အိပ်မက်တစ်ခုကို လက်မလွှတ်ဘဲ ၂၀၂၄ခုနှစ်ရဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာလည်း ထပ်မံယှဉ်ပြိုင်သွားဦးမှာဖြစ်ပြီး အဲ့ဒီ့အတွက် လိုအပ်တာတွေကိုလည်း အခုတည်းက ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒီတစ်ခါမှာတော့ ပိုပြီးအလေးအနက်ထားကာ ယှဉ်ပြိုင်မယ်လို့ သိရပြီး သူ့ရဲ့ဇနီးသည်ဖြစ်တဲ့ Kim Kardashian ဟာလည်း သမ္မတကတော်ကောင်းတစ်ယောက် ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါသတဲ့။

၂၀၂၀ခုနှစ်မှာ ကျင်းပပြီးစီးသွားတဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ Kanye West ဟာ တစ်ဝက်တစ်ပျက်ကနေ ယှဉ်ပြိုင်ခဲ့တာကြောင့် ယခုလာမယ့် ၂၀၂၄ခုနှစ်ရဲ့ ရွေးကောက်ပွဲမှာတော့ အပီအပြင် ယှဉ်ပြိုင်တော့မယ်လို့ ဆိုပါတယ်။ နာမည်ကျော် ရက်ပ်ပါ၊ ဒီဇိုင်နာတစ်ယောက်သာမက ချာ့ချ်ကျောင်းက ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တဲ့ Kanye ဟာ အမေရိကန်သမ္မတတစ်ယောက်ဖြစ်ဖို့ အလားအလာတွေ သူ့ဆီမှာ အပြည့်အဝ ရှိနေတယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။

Photo: privatekanye/ Instagram

“Kanye က ၂၀၂၄ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာပါ။ သူ့အနေနဲ့ အကုန်လုံးကို အနိုင်ရချင်တာပါ။ Kim ဟာလည်း တကယ် အံ့ဩဖို့ကောင်းတဲ့ သမ္မတကတော်တစ်ယောက် ဖြစ်လိမ့်မယ်လို့ သူက ယုံကြည်ထားပါတယ်။ အခု သူတို့ဆီမှာ အချိန်ယူဖို့ လေးနှစ်တောင် ရှိတာဖြစ်လို့ ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်နေအောင် သေချာပြင်ဆင်ထားမှာပါ … ”

“သူများတွေက ဒါကို ဟာသတစ်ခုလို သဘောထားနေပေမယ့် သူကတော့ တကယ် အလေးအနက်ထားနေတာပါ။ ဒါဟာ သူ တကယ် အကောင်အထည်ဖော်ချင်တဲ့ သူ့ရဲ့အိပ်မက်တစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အစွမ်းကုန် လေ့လာပြင်ဆင်မှာဖြစ်ပြီး လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အဖြေရှာနိုင်ပါလိမ့်မယ် …… ” လို့ Kanye နဲ့ နီးစပ်တဲ့ အတွင်းလူတစ်ယောက်က Hollywood Life သတင်းဌာနကို ပြောကြားထားတယ်လို့ သိရပါတယ်။

Photo: privatekanye/ Instagram

တကယ်တော့ Kanye ဟာ ၂၀၂၀မှာ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်အကြောင်းကို ၂၀၁၅ခုနှစ် VMAs ဆုပေးပွဲမှာတည်းက အရိပ်အမြွက် ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒါကို တကယ်ဆုံးဖြတ်ပြီး ဝင်ပြိုင်တော့မယ်လို့ တရားဝင် ကြေညာတဲ့အချိန်ကတော့ ၂၀၂၀ခုနှစ် ဇူလိုင်လ(၄)ရက်နေ့မှာမှ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုနှစ်ရဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သူ ဝင်ပြိုင်မယ်လို့ ကြေညာလိုက်ချိန်မှာ သမ္မတလောင်းတွေ လုပ်ရမယ့် လုပ်ငန်းစဉ်တွေ၊ အဖွဲ့သားတွေ၊ ကမ်ပိန်းတွေ ဘာဆိုဘာမှ မရှိသေးဘဲ လမ်းတစ်ဝက်ကနေမှ ဝင်ပါလိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ ရွေးကောက်ပွဲဆောင်ပုဒ်ကလည်း 2020 VISION လို့သာ နာမည်တပ်ထားပြီး တစ်ခြားရှင်းလင်းပြတ်သားတဲ့ ဘာရည်ရွယ်ချက်၊ လှုံ့ဆော်ချက်မှာ မပါဝင်ခဲ့တာကို တွေ့ရပါတယ်။

Photo: privatekanye/ Instagram

မကြာခင်က ကျင်းပပြီးစီးသွားခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာတော့ Kanye က သမ္မတလောင်းအဖြစ် ဝင်အရွေးခံတဲ့အပေါ် အခြားနာမည်ကျော် အများအပြားက သူတို့ရဲ့အမြင်ကို တုံ့ပြန်ထားကြပါသေးတယ်။ မင်းသမီး Jennifer Aniston ကတော့ “Kanye West ကို မဲထည့်မယ်ဆိုတာ မရယ်ရပါဘူးနော်။ တစ်ခြားဘယ်လိုပြောရမှန်း ကျွန်မလည်း မသိတော့ပါဘူး။ ကျေးဇူးပြုပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကြပါ … ” လို့ ပြောထားပါတယ်။

မင်းသား Jamie Foxx ကတော့ ယခုနှစ် ရွေးကောက်ပွဲလို Donald Trump နဲ့ Joe Biden တို့ အကြိတ်အနယ် ယှဉ်ပြိုင်နေရချိန်မှာမှ သမ္မတဝင်အရွေးခံတဲ့ Kanye West ကို လူပြက်လို့ ခေါ်ဆိုထားပါတယ်။

Photo: privatekanye/ Instagram

Kanye ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဇူလိုင်လ(၁၉)ရက်နေ့က South Carolina ပြည်နယ်၊ North Charleston မှာ ကျင်းပခဲ့တဲ့ မဲဆွယ်စည်းရုံးမှု အခမ်းအနား တစ်ခုတည်းကိုသာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါ မဲဆွယ်ပွဲရဲ့ စင်ပေါ်မှာ စကားပြောနေရင်း ရုတ်တရက်ကြီး သူ့ရဲ့အိမ်ထောင်ရေးအကြောင်းတွေကိုပါ ပြောမိခဲ့ပါသေးတယ်။ အဲ့ဒါကတော့ Kim နဲ့ ပထမဆုံးရခဲ့တဲ့ ကလေးကို ဖျက်ချစေချင်ခဲ့တဲ့အကြောင်းနဲ့ ဒီအကြောင်းကို ပြောမိလို့ Kim ဘက်က သူ့ကို ကွာရှင်းမယ်ဆိုရင်လည်း အဆင်ပြေတဲ့အကြောင်းတွေကို စင်ပေါ်မှာ ပြောမိခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ Kanye ရဲ့ အဆိုပါ မဲဆွယ်ပွဲဟာ စိတ်ထင်ရာ ပို့စ်တွေ Twitter စာမျက်နှာမှာ လျှောက်တင်မိတာရဲ့ အစပဲ ဖြစ်ပါတယ်။ အဲ့ဒီ့မဲဆွယ်ပွဲ ပြီးတည်းက Kim ကို ကွာရှင်းချင်တဲ့အကြောင်းတွေ၊ Kim နဲ့ သူ့ရဲ့ယောက္ခမကြီး Kris Jenner တို့က နှစ်ယောက်ပေါင်းပြီး သူ့ကို အခန်းထဲမှာ သော့ပိတ်ထားတဲ့အကြောင်းတွေကို Twitter မှာ တရစပ် တင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာမှ သူ့ရဲ့ဇနီးသည် Kim က Kanye ဟာ bipolar disorder လို့ခေါ်တဲ့ စိတ်အတက်အကျမြန်ရောဂါကို ခံစားနေရတာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ နားလည်ပေးကြဖို့ တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

Photo: privatekanye/ Instagram

မည်သို့ပင်ဆိုစေ ၂၀၂၀ ရွေးကောက်ပွဲမှာတောင် လမ်းတစ်ဝက်က ရအောင် ဝင်ပြိုင်ခဲ့သေးတဲ့ Kanye ဟာ ပြင်ဆင်ချိန်တွေ အများကြီး ရနေတဲ့ ၂၀၂၄ ရွေးကောက်ပွဲကိုတော့ သေချာပေါက် ဝင်နွှဲဦးမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

Kanye West ဟာ သူ႔ရဲ႕အႀကီးမားဆုံး အိပ္မက္တစ္ခုကို လက္မလႊတ္ဘဲ ၂၀၂၄ခုႏွစ္ရဲ႕ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲမွာလည္း ထပ္မံယွဥ္ၿပိဳင္သြားဦးမွာျဖစ္ၿပီး အဲ့ဒီ့အတြက္ လိုအပ္တာေတြကိုလည္း အခုတည္းက ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ ဒီတစ္ခါမွာေတာ့ ပိုၿပီးအေလးအနက္ထားကာ ယွဥ္ၿပိဳင္မယ္လို႔ သိရၿပီး သူ႔ရဲ႕ဇနီးသည္ျဖစ္တဲ့ Kim Kardashian ဟာလည္း သမၼတကေတာ္ေကာင္းတစ္ေယာက္ ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနပါသတဲ့။

၂၀၂၀ခုႏွစ္မွာ က်င္းပၿပီးစီးသြားတဲ့ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲမွာ Kanye West ဟာ တစ္ဝက္တစ္ပ်က္ကေန ယွဥ္ၿပိဳင္ခဲ့တာေၾကာင့္ ယခုလာမယ့္ ၂၀၂၄ခုႏွစ္ရဲ႕ ေ႐ြးေကာက္ပြဲမွာေတာ့ အပီအျပင္ ယွဥ္ၿပိဳင္ေတာ့မယ္လို႔ ဆိုပါတယ္။ နာမည္ေက်ာ္ ရက္ပ္ပါ၊ ဒီဇိုင္နာတစ္ေယာက္သာမက ခ်ာ့ခ်္ေက်ာင္းက ေခါင္းေဆာင္တစ္ေယာက္လည္း ျဖစ္တဲ့ Kanye ဟာ အေမရိကန္သမၼတတစ္ေယာက္ျဖစ္ဖို႔ အလားအလာေတြ သူ႔ဆီမွာ အျပည့္အဝ ရွိေနတယ္လို႔ ယုံၾကည္ေနဆဲ ျဖစ္ပါတယ္။

Photo: privatekanye/ Instagram

“Kanye က ၂၀၂၄ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္မွာပါ။ သူ႔အေနနဲ႔ အကုန္လုံးကို အႏိုင္ရခ်င္တာပါ။ Kim ဟာလည္း တကယ္ အံ့ဩဖို႔ေကာင္းတဲ့ သမၼတကေတာ္တစ္ေယာက္ ျဖစ္လိမ့္မယ္လို႔ သူက ယုံၾကည္ထားပါတယ္။ အခု သူတို႔ဆီမွာ အခ်ိန္ယူဖို႔ ေလးႏွစ္ေတာင္ ရွိတာျဖစ္လို႔ ေ႐ြးေကာက္ပြဲအတြက္ အဆင္သင့္ျဖစ္ေနေအာင္ ေသခ်ာျပင္ဆင္ထားမွာပါ … ”

“သူမ်ားေတြက ဒါကို ဟာသတစ္ခုလို သေဘာထားေနေပမယ့္ သူကေတာ့ တကယ္ အေလးအနက္ထားေနတာပါ။ ဒါဟာ သူ တကယ္ အေကာင္အထည္ေဖာ္ခ်င္တဲ့ သူ႔ရဲ႕အိပ္မက္တစ္ခု ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အစြမ္းကုန္ ေလ့လာျပင္ဆင္မွာျဖစ္ၿပီး လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ အေျဖရွာႏိုင္ပါလိမ့္မယ္ …… ” လို႔ Kanye နဲ႔ နီးစပ္တဲ့ အတြင္းလူတစ္ေယာက္က Hollywood Life သတင္းဌာနကို ေျပာၾကားထားတယ္လို႔ သိရပါတယ္။

Photo: privatekanye/ Instagram

တကယ္ေတာ့ Kanye ဟာ ၂၀၂၀မွာ ေ႐ြးေကာက္ပြဲ ဝင္ၿပိဳင္မယ့္အေၾကာင္းကို ၂၀၁၅ခုႏွစ္ VMAs ဆုေပးပြဲမွာတည္းက အရိပ္အႁမြက္ ေျပာၾကားထားခဲ့တာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ဒါကို တကယ္ဆုံးျဖတ္ၿပီး ဝင္ၿပိဳင္ေတာ့မယ္လို႔ တရားဝင္ ေၾကညာတဲ့အခ်ိန္ကေတာ့ ၂၀၂၀ခုႏွစ္ ဇူလိုင္လ(၄)ရက္ေန႔မွာမွ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယခုႏွစ္ရဲ႕ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲမွာ သူ ဝင္ၿပိဳင္မယ္လို႔ ေၾကညာလိုက္ခ်ိန္မွာ သမၼတေလာင္းေတြ လုပ္ရမယ့္ လုပ္ငန္းစဥ္ေတြ၊ အဖြဲ႕သားေတြ၊ ကမ္ပိန္းေတြ ဘာဆိုဘာမွ မရွိေသးဘဲ လမ္းတစ္ဝက္ကေနမွ ဝင္ပါလိုက္တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေ႐ြးေကာက္ပြဲေဆာင္ပုဒ္ကလည္း 2020 VISION လို႔သာ နာမည္တပ္ထားၿပီး တစ္ျခားရွင္းလင္းျပတ္သားတဲ့ ဘာရည္႐ြယ္ခ်က္၊ လႈံ႕ေဆာ္ခ်က္မွာ မပါဝင္ခဲ့တာကို ေတြ႕ရပါတယ္။

Photo: privatekanye/ Instagram

မၾကာခင္က က်င္းပၿပီးစီးသြားခဲ့တဲ့ အေမရိကန္ေ႐ြးေကာက္ပြဲမွာေတာ့ Kanye က သမၼတေလာင္းအျဖစ္ ဝင္အေ႐ြးခံတဲ့အေပၚ အျခားနာမည္ေက်ာ္ အမ်ားအျပားက သူတို႔ရဲ႕အျမင္ကို တုံ႔ျပန္ထားၾကပါေသးတယ္။ မင္းသမီး Jennifer Aniston ကေတာ့ “Kanye West ကို မဲထည့္မယ္ဆိုတာ မရယ္ရပါဘူးေနာ္။ တစ္ျခားဘယ္လိုေျပာရမွန္း ကြၽန္မလည္း မသိေတာ့ပါဘူး။ ေက်းဇူးျပဳၿပီး တာဝန္ယူမႈ၊ တာဝန္ခံမႈ ရွိၾကပါ … ” လို႔ ေျပာထားပါတယ္။

မင္းသား Jamie Foxx ကေတာ့ ယခုႏွစ္ ေ႐ြးေကာက္ပြဲလို Donald Trump နဲ႔ Joe Biden တို႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ေနရခ်ိန္မွာမွ သမၼတဝင္အေ႐ြးခံတဲ့ Kanye West ကို လူျပက္လို႔ ေခၚဆိုထားပါတယ္။

Photo: privatekanye/ Instagram

Kanye ဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာေတာ့ ဇူလိုင္လ(၁၉)ရက္ေန႔က South Carolina ျပည္နယ္၊ North Charleston မွာ က်င္းပခဲ့တဲ့ မဲဆြယ္စည္း႐ုံးမႈ အခမ္းအနား တစ္ခုတည္းကိုသာ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ အဆိုပါ မဲဆြယ္ပြဲရဲ႕ စင္ေပၚမွာ စကားေျပာေနရင္း ႐ုတ္တရက္ႀကီး သူ႔ရဲ႕အိမ္ေထာင္ေရးအေၾကာင္းေတြကိုပါ ေျပာမိခဲ့ပါေသးတယ္။ အဲ့ဒါကေတာ့ Kim နဲ႔ ပထမဆုံးရခဲ့တဲ့ ကေလးကို ဖ်က္ခ်ေစခ်င္ခဲ့တဲ့အေၾကာင္းနဲ႔ ဒီအေၾကာင္းကို ေျပာမိလို႔ Kim ဘက္က သူ႔ကို ကြာရွင္းမယ္ဆိုရင္လည္း အဆင္ေျပတဲ့အေၾကာင္းေတြကို စင္ေပၚမွာ ေျပာမိခဲ့တာ ျဖစ္ပါတယ္။

တကယ္ေတာ့ Kanye ရဲ႕ အဆိုပါ မဲဆြယ္ပြဲဟာ စိတ္ထင္ရာ ပို႔စ္ေတြ Twitter စာမ်က္ႏွာမွာ ေလွ်ာက္တင္မိတာရဲ႕ အစပဲ ျဖစ္ပါတယ္။ အဲ့ဒီ့မဲဆြယ္ပြဲ ၿပီးတည္းက Kim ကို ကြာရွင္းခ်င္တဲ့အေၾကာင္းေတြ၊ Kim နဲ႔ သူ႔ရဲ႕ေယာကၡမႀကီး Kris Jenner တို႔က ႏွစ္ေယာက္ေပါင္းၿပီး သူ႔ကို အခန္းထဲမွာ ေသာ့ပိတ္ထားတဲ့အေၾကာင္းေတြကို Twitter မွာ တရစပ္ တင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္မွာမွ သူ႔ရဲ႕ဇနီးသည္ Kim က Kanye ဟာ bipolar disorder လို႔ေခၚတဲ့ စိတ္အတက္အက်ျမန္ေရာဂါကို ခံစားေနရတာျဖစ္ၿပီး ပရိသတ္ေတြအေနနဲ႔ နားလည္ေပးၾကဖို႔ ေတာင္းပန္ခဲ့တာ ျဖစ္ပါတယ္။

Photo: privatekanye/ Instagram

မည္သို႔ပင္ဆိုေစ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာေတာင္ လမ္းတစ္ဝက္က ရေအာင္ ဝင္ၿပိဳင္ခဲ့ေသးတဲ့ Kanye ဟာ ျပင္ဆင္ခ်ိန္ေတြ အမ်ားႀကီး ရေနတဲ့ ၂၀၂၄ ေ႐ြးေကာက္ပြဲကိုေတာ့ ေသခ်ာေပါက္ ဝင္ႏႊဲဦးမယ္ဆိုတာ ခန႔္မွန္းႏိုင္ပါတယ္။

Glasgow

Source: hollywood life

 

 

RELATED ARTICLES

Most Popular