HomeCelebs Update NewsInternationalKim နဲ့ မွေးနေ့ပါတီကိစ္စအပြီးမှာ ခေါင်းစွပ်အမည်းနဲ့ အပြင်ထွက်လာတဲ့ Kanye West 

Kim နဲ့ မွေးနေ့ပါတီကိစ္စအပြီးမှာ ခေါင်းစွပ်အမည်းနဲ့ အပြင်ထွက်လာတဲ့ Kanye West 

နာမည်ကျော် Rapper Kanye West ကတော့ လူတွေကြားထဲမှာ low profile နဲ့ နေချင်ပုံ ရပါတယ်။ မကြာသေးခင်က အပြင်ကို ထွက်လာတဲ့ပုံအရ Kanye ဟာ သူ့ရဲ့ ခေါင်းနဲ့ မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ အမည်းရောင် ခေါင်းစွပ်တစ်ခုနဲ့ တွေ့လိုက်ရပါတယ်။

ဒီပုံကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက မာလီဘူးကမ်းခြေမှာရှိတဲ့ သူ့ရဲ့နေအိမ်ကို လာရောက်ခဲ့တုန်းက ပုံရိပ်ပဲ ဖြစ်ပါတယ်။ Kanye ဟာ မာလီဘူးမှာရှိတဲ့ သူ့ရဲ့နေအိမ်ကို ပြန်လည်မွမ်းမံ ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး သူ့ရဲ့ အခြားစီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အပြင်ထွက်လာချိန်မှာ အခုလို ခေါင်းစွပ်အမည်းနဲ့ တွေ့လိုက်ရတာ ဖြစ်ပါတယ်။

Photo Credit: SplashNews.com

ယခုနောက်ပိုင်းမှာ All Black ဆိုတဲ့ အမည်းဝမ်းဆက်ဖက်ရှင်ဟာ လူငယ်တွေကြားမှာ ခေတ်စားနေခဲ့တာ ကြာပြီ ဖြစ်ပေမယ့် Kanye ကတော့ next level ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူ ဝတ်ဆင်လာတဲ့ အမည်းဝမ်းဆက်ကတော့ ခြေစခေါင်းဆုံး အမည်းတွေချည်းသာ ဖြစ်ပြီး လည်သာဂျက်ကင်အမည်း၊ ဂျင်းဘောင်းဘီအမည်းနဲ့ Rain Boots အမည်းရောင်တို့ကို ခေါင်းစွပ်အမည်းနဲ့ တွဲဖက် ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။

အခုလို ဆန်းသစ်တီထွင်ထားတဲ့ စတိုင်လ်ဟာ တချို့အတွက်တော့ ထူးဆန်းကောင်း ထူးဆန်းမှာ ဖြစ်ပေမယ့် Kanye အတွက်ကတော့ ပုံမှန်လိုတောင် ဖြစ်နေပါပြီ။ Kanye ဟာ နာမည်ကျော်ဇိမ်ခံ brand တစ်ခုဖြစ်တဲ့ Balenciaga ရဲ့ Creative Director Demna Gvasalia နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ ဖြစ်ပြီး ပြီးခဲ့တဲ့တစ်နှစ်လုံးမှာ အလားတူ ဖက်ရှင်မျိုးတွေကို ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Back Grid

Kanye ရဲ့ ဒီဖက်ရှင်ဟာ ယခုတော့ ကွဲကွာသွားပြီဖြစ်တဲ့ သူ့ရဲ့ ဇနီးဖြစ်သူ Kim Kardashian ကိုပါ လွှမ်းမိုးမှု ရှိခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ 2021 Met Gala ပွဲမှာလည်း Kim ဟာ မျက်နှာကအစ တစ်ကိုယ်လုံး အနက်ရောင်တွေ ဖုံးအုပ်ထားတဲ့ ဖက်ရှင်နဲ့ ပွဲတက်ခဲ့ပြီး ပရိသတ်တွေကြားမှာတော့ သူမရဲ့ ဖက်ရှင်က ပြောစမှတ်ဖြစ်ခဲ့ပါသေးတယ်။

တချို့ကတော့ Kanye ရဲ့ လူကြားထဲမှာ ယခုလိုဝတ်စားဆင်ယင်လာမှုဟာ Balenciaga နဲ့ ပြုလုပ်ထားတဲ့ brand deal ထက် ပိုပြီး မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မွေးနေ့ပွဲကိစ္စရဲ့ ပယောဂလည်း ပါဝင်မယ်လို့ ဆိုနေကြပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၅)ရက်နေ့မှာ Kim နဲ့ Kanye တို့ရဲ့ သမီးဖြစ်သူ Chicago ရဲ့ လေးနှစ်ပြည့်မွေးနေ့ပွဲကို ဖခင်ဖြစ်တဲ့ Kanye ဟာ ဖိတ်ကြားခြင်းမခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo: kimkardashian/ Instagram

အဆိုပါနေ့ရက်မှာတော့ Chicago နဲ့အတူ Kylie Jenner နဲ့ Travis Scott တို့ရဲ့ သမီးဖြစ်တဲ့ Stormi Webster ရဲ့ မွေးနေ့ပွဲကိုပါ အတူတူ ပူးပေါင်းပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း Kim ဟာ သမီးဖြစ်သူရဲ့ မွေးနေ့ပွဲ ပြုလုပ်မယ့် လိပ်စာကို Kanye ကို မပြောပြခဲ့သလို ဖိတ်ကြားခြင်းလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အကြောင်းကတော့ သူတို့နှစ်ယောက်ဟာ ကွဲကွာနေပြီးသား ဖြစ်တဲ့အတွက် ကိစ္စတိုင်း၊ ပွဲတိုင်းကို အတူရှိနေစရာ မလိုအပ်တာကြောင့် Kim ဘက်က ဖိတ်ကြားခြင်း မပြုခဲ့တာလို့ အတွင်းသတင်းတချို့က ဆိုကြပါတယ်။

Photo: kanyethegoatwest/ Instagram

Kanye ဟာ သမီးဖြစ်သူရဲ့ မွေးနေ့ပွဲကျင်းပရာ နေရာကို သိချင်တာကြောင့် ဇနီးဟောင်းဖြစ်သူ Kim ဆီကို ဖုန်းဆက်ခဲ့သလို ကလေးထိန်းတွေကိုလည်း ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် ဘယ်သူကမှ ပြောပြခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် Tristan Thompson ကတဆင့် Chloe Kardashian ကို မေးခိုင်းခဲ့ပေမယ့်လည်း အလားတူပဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့်လည်း နောက်ဆုံးမှာတော့ Kanye ဟာ သမီးဖြစ်သူရဲ့ မွေးနေ့ပါတီကို ဖိတ်ကြားခံရခြင်း မရှိဘဲ ရောက်အောင် သွားနိုင်ခဲ့ပါတယ်။

Kim နဲ့ Kanye တို့ဟာ ကွာရှင်းပြတ်စဲထားတာ ဖြစ်ပြီး လက်ရှိမှာတော့ Kim ဟာ Pete Davidson နဲ့ တွဲနေပြီး Kanye ကတော့ Julia Fox နဲ့ တွဲနေပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular